What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 January 2019 11:36

အင်းစိန်ဆေးဝါးစက်ရုံ BPI မှ ဆေးအမျိုးပေါင်း ၁၆၀ ခန့်ပြုပြင်ပြောင်းလဲထုတ်လုပ်

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းနှင့် အင်းစိန်ဆေးဝါးစက်ရုံ BPI တို့ပူးပေါင်း၍ ဆေးအမျိုးပေါင်း ၁၆၀ ခန့်ကို ပြုပြင်ပြောင်းလဲထုတ်လုပ်ကာ ဈေးကွက်သို့ ပြန်လည်ထိုးဖောက်ရောင်းချလျှက်ရှိကြောင်း အင်းစိန်ဆေးဝါးစက်ရုံ BPI အထွေထွေမန်နေဂျာဒေါက်တာအောင်ဇော်ထံမှ သိရပါတယ်။

ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ဇန်န၀ါရီလ ၂၇ ရက်မှ ၂၉ ရက်ထိကျင်းပလျက်ရှိသည့် စက်မှုနှင့်နည်းပညာပြပွဲတွင် BPI မှ ပြုပြင်ပြောင်းလဲထုတ်လုပ်ထားသည့်ဆေးဝါးများ ပါဝင်ပြသရောင်းချလျက်ရှိပါတယ်။

 

“ဒီပြပွဲမှာ BPI အနေနှင့် ဆေးအမျိုးပေါင်း ၁၆၀ လောက်ကို အသစ်ပြုပြင်ပြောင်းလဲထုတ်လုပ်ထားပါတယ်။ ဒီပြပွဲမှာ ဆေးတွေအားလုံးကိုပြသထားပါတယ်”ဟုဒေါက်တာအောင်ဇော်ကပြောပါတယ်။


အဆိုပါဆေးဝါးများထဲတွင် ဖျားနာခြင်း၊ ၀မ်းပျက်ဝမ်းလျှော၊ ၀မ်းရောင်၊ သွေးတိုးနှင့်ထိခိုက်ရှနာ၊ မျက်စဉ်း၊ အရေးပေါ်ခွဲစိတ်ကိရိယာများပါဝင်သော ဆေးဝါး ၄၁ မျိုးပါဝင်သည့် ရှေးဦးသူနာပြုအိတ်ကို မြန်မာစာဖြင့် ဖော်ပြထားသော ကျန်းမာရေးအသိပညာပေးစာစောင်ထည့်သွင်းထားကြောင်း သိရပါတယ်။

 

ထို့ပြင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အဓိကထားဆောင်ရွက်လျက်ရှိသည့် လက်မှတစ်ဆင့် ကူးစက်စေနိုင်သောရောဂါများမဖြစ်ပွားစေရန် လက်သန့်ဆေးရည် အသစ်ထုတ်လုပ်ထားကြောင်းနှင့် ဆေးဝါးဈေးကွက်တွင် အားနည်းချက်ဖြစ်သည့် ထုပ်ပိုးမှုကိုပြုပြင်ကာ အားသာချက်ဖြစ်အောင် မွမ်းမံထားပြီး အာနိသင်ပိုင်းကို အဓိကထိန်းချုပ်ခြင်းဖြင့် ပြုပြင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရပါတယ်။

 

“ BPI ကအရင်လိုမဟုတ်တော့ဘူး။ပြုပြင်မှုတွေနဲ့အတူ ပြန်လည်ထိုးဖောက်လာပြီဆိုတာ ပြသထားပါတယ်။ အားနည်းချက်ကိုပြင်ပြီး အားသာချက်ကို အရည်အသွေးပိုင်းနဲ့ထိန်းချုပ်ပြီး ပြန်လည်ထိုးဖောက်နေပါတယ်။ BPI ဆေးဝါးတွေကို စက်ရုံထုတ်ဈေးနဲ့ဝယ်မယ်ဆိုရင် ဒီပြပွဲမှာလာဝယ်လို့ရပါတယ်။ အစိုးရစက်ရုံဖြစ်တဲ့အတွက်လည်း စက်မှုဝန်ကြီးဌာနက သတ်မှတ်ထားတဲံဈေးနှုန်းနဲ့ပဲ ရောင်းချပေးပါတယ်”ဟုဒေါက်တာအောင်ဇော်ကပြောပါတယ်။

 

BPI ဆေးအရောင်းဆိုင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ၂၈ ဆိုင်၊ ရန်ကုန်မြို့တွင် ငါးဆိုင်၊ မန္တလေးမြို့တွင် ငါးဆိုင် စုစုပေါင်း ဆိုင် ၃၀ ကျော်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းသိရပါတယ်။
Source: Myawaddy

 

Read: ရေနွေးနွေးလေး သောက်ပြီး ဝိတ်ချရအောင်

ရေနွေးနွေးလေး သောက်ပြီး ဝိတ်ချရအောင်

Read times Last modified on Wednesday, 27 February 2019 14:37
Rate this item
(0 votes)