What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 July 2017 11:27

ဖရုံစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၆ ချက်

ဖရုံစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၆ ချက် google.com

ဖရုံစေ့မှာ ရောင်ရမ်းမှုကို လျော့ကျ စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ ဗီတာမင် အီး၊ phytosterols နဲ့ ဇင့်ဓာတ်တို့ ပါဝင်ကြပါတယ်။

ဖရုံစေ့မှာ ပါဝင်သော ဓာတ်တွေက ဆံပင်ပါးတဲ့အမျိုးသားတွေမှာ ဆံပင်ပြန်ပေါက်အောင် အထောက်အပံ့ပေး နိုင်သလို အမျိုးသမီးတွေမှာလည်း သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ ရောဂါလကဏာ အချို့ကိုလည်း သက်သာစေပါတယ်။

အံ့အားသင့်စရာကောင်းတာတစ်ခုက ဖရုံစေ့ဟာ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ အူမကြီးကင်ဆာဝေဒနာတွေ ဖြစ်ပေါ်ခံစားရနိုင်ခြေကို လျော့ကျစေတာဖြစ်ပါတယ်။

၁.နှလုံးကျန်းမာစေခြင်း

ဖရုံစေ့မှာ သက်စောင့်ရည်တစ်မျိုးဖြစ်တဲ့ arginine တွေ တော်တော်လေးပါဝင်ပါတယ်။ arginine နှလုံးသွေးကြော နံရံထူတာ၊နှလုံးသွေးကြောနံရံမှာ အဆီချေးတွေ ကပ်တာတွေမဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးရောဂါမဖြစ်ပွားအောင်လည်း ကာကွယ်ပေးပါတယ်။

ဖရုံစေ့မှာ နိုက်ထရစ်အောက်ဆိုက်တွေ ပါဝင်ပြီး နှလုံးသွေးကြောတွေကို ချဲ့ပေးသလို နှလုံးသွေးကြောထဲမှာ သွေးခဲပိတ်ဆို့တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

READ - မန်ကျည်းသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၆ ချက်

၂. ဆီးချိုရောဂါကို ထိန်းညှိပေးခြင်း

အစောပိုင်းလေ့လာမှုတစ်ရပ်မှာ ဖရုံစေ့ဟာ သွေးကြောသကြားဓာတ်ကို ကျဆင်းစေနိုင်တယ်လို့ သိရပါတယ်။ ဖရုံစေ့မှာပါဝင်တဲ့ trigonelline ၊ nicotinic ၊ အက်ဆစ်နဲ့ D-chiroinositol ဓာတ်ပေါင်းတွေက သွေးတွင်းသကြား ဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

၃. အရေပြားရင့်ရော်မှုကို ဟန့်တား

ဖရုံစေ့မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်နဲ့ အိုမီဂါ ဆစ်ဖက်တီးအက်ဆစ်တွေ ကြွယ်ဝစွာ ပါ ဝင်ပါတယ်။ အိုမီဂါ ၆ ဖက်တီးအက်ဆစ် များများ စားသုံးပေးလေလေ အရေပြားအိုမင်းရင့်ရော်မှုနဲ့ နေရောင်ခြည်ဒဏ်ကြောင့် အရေ ပြားခြောက်သွေ့ညိုမွဲမှုတွေကို လျှော့ချ ပေးနိုင်လေလေပဲ ဖြစ်ပါတယ်။

၎. ဆံပင်ကျွတ်သက်သာစေခြင်း

အသက် ၅၀ အထက် အမျိုးသား ၁၀ ဦးမှာ ခုနစ်ဦးက ထိပ်ပြောင်တာကို ခံစားကြရပါတယ်။ လေ့လာမှု တစ်ရပ်မှာတော့ နေ့စဉ်ဖရုံစေ့ ၄၀ဝ မီလီဂရမ်စားသုံးတာ ကို ခြောက်လကြာပြုလုပ်တဲ့အခါ အမျိုးသားတွေမှာ ဆံပင်ပြန်ပေါက်နိုင်ခြေဟာ ၃၀ ရာခိုင်နှုန်းတိုးလာတယ်လို့ တွေ့ရပါတယ်။

၅. အိပ်ပျော်စေခြင်း

ဖရုံစေ့မှာ ကောင်းကောင်းမွန်မွန် လျင်လျင်မြန်မြန် အိပ်ပျော်စေနိုင်တဲ့ဓာတ်တွေဖြစ်တဲ့ tryptophan ၊ ဇင့်နဲ့ မဂ္ဂနီဆီ ယမ်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

၆. အဆစ်အမျက်တွေ ကိုက်ခဲတာကို သက်သာလျော့ပါးစေခြင်း

အဆစ်ရောင်ရောဂါဝေဒနာကို ခံစားနေရတဲ့ကြွက်တွေနဲ့ စမ်းသပ်မှုမှာ ဖရုံစေ့ မှာပါတဲ့အဆီက အဆစ်ရောင်ရောဂါ ကြောင့်ရတဲ့ အဆစ်အမြစ်တွေ ရောင်ရမ်း မှုကို လျော့ပါးသက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

READ - ဗိုက်ထဲ အစားလုံးဝမရှိတဲ့အချိန်မှာ မစားသင့်တာတွေ

www.healthproducts.com.mm

Source: kumudranews

Read times
Rate this item
(1 Vote)