What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 January 2019 17:06

ဆယ်ကျော်သက်တို့ သိလိုသည့် ကျန်းမာရေး အမေးအဖြေများ

ယောနိကနေ အရည်ဆင်းတဲ့ ပုံစံ ပြောင်းလဲသွားရင် ဘာလုပ် သင့်ပါသလဲ။

ယောနိကနေ အရည်ဆင်းတာက ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသွားရင် ဆရာဝန်(ဂျီပီ) ဒါမှမဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သင့်အနေနဲ့ လိင်မှတစ်ဆင့် ရောဂါပိုး ကူးစက်မှုကြောင့် ယောနိကနေ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းရင်တော့ ဆရာဝန်နဲ့ ချက်ချင်း ပြသကာ ဆေးကုသမှုကို စောစောစီးစီး ခံယူသင့်ပါတယ်။

 

လိင်မှတဆင့် ရောဂါပိုး ကူးစက်ခံရရင် ဘယ်လို လက္ခဏာတွေကို ပြသတတ်ပါသလဲ။

 

တစ်ခါတစ်ရံမှာတော့ ဒီလိုရောဂါပိုး ဝင်နေမှန်း မသိကြပါဘူး။ အကြောင်းကတော့ ဘာလက္ခဏာမှ မပြဘဲ ဖြစ်နေတတ်တာ ကြောင့်ပါ။ အောက်ပါ လက္ခဏာတွေထဲက တစ်ခုခု ဖြစ်ပေါ်နေရင်တော့ လိင်မှတစ်ဆင့် ရောဂါပိုး ကူးစက်တာ ဖြစ်နိုင်ပါတယ်။ ယောနိကနေ ဆင်းတဲ့အရည် ပုံမမှန် ပြောင်းလဲသွားရင်၊ ဆီးသွားတဲ့အခါ နာကျင်ရင်၊ ပူစပ်ပူလောင်ဖြစ်ရင်၊ မျိုးပွားအင်္ဂါ တစ်ဝိုက်မှာ အနာဖြစ်ရင်၊ ကြွက်နို့လို အဖုဖြစ်ရင်၊ ဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲရင်၊ Sex ကိစ္စကြောင့် နာကျင်ရင်၊ Sex ကိစ္စပြီးတဲ့နောက် သွေးဆင်းရင်၊ မျိုးပွားအင်္ဂါတစ်ဝိုက် ယားယံနေရင်၊ မိန်းမကိုယ် အမွေးတွေမှာ ဗောက်ထသလို အဖတ်တွေ ကွာကျနေရင်၊ သင့်ဆက်ဆံဖော်မှာ ပိုးရှိတဲ့ ရောဂါလက္ခဏာတွေ ရှိရင် စတဲ့ လက္ခဏာတွေ ပြတက်ပါတယ်။

 


လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို ရှောင်ရှားနိုင်ဖို့ ဘာလုပ်သင့်သလဲ။

 

လိင်ကနေတစ်ဆင့် ရောဂါပိုး မရအောင် ကာကွယ်နိုင်ဖို့ဆိုရင် လက်မထပ်ခင်မှာ Sex ကိစ္စကို ရှောင်ရှားသင့်ပါတယ်။ လက်ထပ်ခါနီးမှာ သင်ရော သင့်ဘဝအဖော်ပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူရပါမယ်။ လက်ထပ်ပြီးတဲ့ အခါမှာလည်း တစ်လင် တစ်မယား စနစ်ကို ကျင့်သုံးဖို့ လိုပါတယ်။ တကယ်လို့ အဲဒီလို မလိုက်နာဖြစ်ဖူး ဆိုရင်တော့ ရောဂါပိုး မရအောင် ကွန်ဒုံးကို သုံးဖို့ လိုပါတယ်။ ကွန်ဒုံးသုံးတာက ကိုယ်ဝန် မရအောင်ရော လိင်မှတစ်ဆင့် ရောဂါပိုး မရအောင်ပါ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကောင်း တစ်ရပ်ပါ။

 


လိင်မှတစ်ဆင့် ကူးစက်ရရှိတဲ့ ပိုးတွေကို ကုသ ပျောက်ကင်းပြီးပြီဆိုရင် နောက်ထပ် ရောဂါပိုး မရအောင် ကာကွယ်ဖို့ လိုပါသေးသလား။

 

ထရိုင်ခိုမိုးနပ်စ်ပိုး၊ ကလာမိုင်ဒီးယားပိုး၊ ဂနိုဆီးပူညောင်းကျ ရောဂါပိုးနဲ့ ဆစ်ဖလစ် ကာလသားရောဂါပိုးတွေဟာ ကုသ ပျောက်ကင်း နိုင်ပါတယ်။ ဒါပေမဲ့ ကလာမိုင်းဒီးယားပိုးနဲ့ ဂနိုဆီးပူညောင်းကျ ရောဂါပိုးတွေဟာ မမျိုးပွားစနစ် အတွင်းပိုင်းအထိ ပျံ့နှံ့သွားရင် ကိုယ်ဝန် မရနိုင်တာ၊ သားအိမ်အပြင်မှာ သန္ဓေတည်တာ စတာတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ ကုသမှု မခံယူဘူးဆိုရင်တော့ ဆစ်ဖလစ်လို ရောဂါပိုးဟာ ကူးစက်ခံရတာ အချိန်ကြာလေလေ သင့်ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြေ များလေလေပါပဲ။ HIVပိုး၊ အသည်းရောင်အသားဝါဘီပိုး စတဲ့ ရောဂါပိုးတွေဟာလည်း ထိန်းချုပ်လို့တော့ ရပါတယ်။

Source: ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)(ရတနာပုံ)

 

Read: သွေးတွင်း မကောင်းသောအဆီ လျော့နည်းစေရန်

သွေးတွင်း မကောင်းသောအဆီ လျော့နည်းစေရန်

Read times Last modified on Wednesday, 27 February 2019 14:34
Rate this item
(0 votes)