What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 February 2017 11:01

အမြဲလိုလို ကျန်းမာနေသောသူများ၏ အလေ့အကျင့်များ

အမြဲလိုလို ကျန်းမာနေသောသူများ၏ အလေ့အကျင့်များ Google.com

ကျန်းမာခြင်းကို ရရှိဖို့သင်နေ့စဉ်ပြုလုပ်တတ်တဲ့ အလေ့အကျင့်တွေ၊ သင့်ရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့ နည်းစနစ်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှသာ ဒေါင်ဒေါင်မြည် ကျန်းမာတဲ့ခန္ဓာကိုယ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

၁. ကောင်းမွန်စွာ အိပ်စက်တတ်ခြင်း။

အိပ်စက်ခြင်းဆိုတာ သင့်ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။

ညဘက်ပိုင်းမှာ ကောင်းမွန်စွာ အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ်က နေ့ဘက်မှာ ပင်ပန်းထားတဲ့ ခွန်အားတွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့ သင်အိပ်စက်တဲ့နေရာဟာ တိတ်ဆိတ်ငြိမ်သက်ပြီး သက်တောင့်သက်သာ ရှိနေဖို့ လိုအပ်ပါတယ်။

၂. ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားသောက်တတ်ခြင်း။

ကျန်းမာတဲ့အစားအသောက် ဆိုတာ သတ်မှတ်ချက် အသီးအသီးရှိကြပေမယ့် ကျန်းမာတဲ့သူတွေဟာ သန့်ရှင်းလတ်ဆတ်တဲ့အသီးအနှံတွေကို ဦးစားပေး အစားအသောက်အဖြစ် ရွေးချယ်လေ့ရှိကြပါတယ်။

သူတို့ဟာ ကြာရှည်ခံ အစားအသောက်တွေ (ခေါက်ဆွဲအသင့်ပြုတ်အထုပ်များ)၊ သားရေစာ အသင့်စား အစားအစာများ၊ အချိုဓာတ်တွေကို အတတ်နိုင်ဆုံး ရှောင်ရှားလေ့ ရှိကြပါတယ်။

ချက်ပြုတ်ထားတဲ့ အစားအစာနဲ့ အသင့်စား အစားအစာ တို့မှာ အသင့်စား အစားအစာတွေကို လူတွေ ဘာကြောင့် အများဆုံးရွေးချယ်ကြသလဲဆိုတော့ အသင့်စား အစားအစာ က အလွယ်တကူ စားသုံးနိုင်ပြီး ချက်ပြုတ်ဖို့အချိန်အများကြီး မပေးနိုင်လို့ ဖြစ်ပါတယ်။

ချက်ပြုတ်ရတဲ့ အချိန်ပေးရတာများပေမယ့် ကျန်းမာရေးအတွက် တတ်နိုင်သလောက် အသင့်စား အစားအစာတွေကို လျှော့ချသင့်ပါတယ်။

၃. စိတ်ဖိစိးမှုကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း။

စိတ်ဖိစီးမှုဟာ လုံးဝ မကောင်းမွန်တဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ဖိစီးမှုကို လူံဆော်ပေးတဲ့ ဟော်မုန်းတွေဖြစ်တဲ့ ကော်တီဆုန်းလ် (Cortisol) ၊ အဒရီနလင် (adrenalin) တို့ဟာ အရေးပေါ်ကိစ္စရှိရင်သင့်ကို အလျင်အမြန်ပြေးနိုင်ခြင်း ၊အမြင့်ခုန်နိုင်ခြင်းတို့ကို ကူညီပေးတဲ့ ဟော်မုန်းတွေဖြစ်ပါတယ်။

ဒါပေမယ့် ဒီဟော်မုန်းတွေဟာ အချိန်ကြာလာရင် သင့်ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကျန်းမာတဲ့ လူတွေဟာ အနားယူခြင်း၊ အသက်ရှူ လေ့ကျင့်ခန်းများ စတဲ့ နည်းလမ်းတွေနဲ့ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချတတ်ကြပါတယ်။

၎. အချိန်ယူပြီး အနားယူလေ့ရှိခြင်း။

လူတိုင်းဟာ အနားယူဖို့လိုအပ်ပါတယ်။ အနားယူခြင်းဟာ ဇိမ်ခံခြင်းမဟုတ်ဘဲ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

၅. ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်တတ်လေ့ရှိခြင်း။

ခန္ဓာကိုယ်ဟာ လှုပ်ရှားဖို့အတွက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

သင်များများလှုပ်ရှားပေးခြင်း၊ လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းဟာ သင့်ခန္ဓာကိုယ်က ကြွက်သားတွေ ကြီးထွားလာလေ ဖြစ်ပါတယ်။

ပုံမှန်လူတစ်ယောက်အတွက် ကြွက်သားများကြီးထွားဖို့အထိ လေ့ကျင့်ခန်းလုပ်ပေးစရာ မလိုအပ်ပေမယ့် ခန္ဓာကိုယ်ဟာ လေ့ကျင့်ခန်းလုံးဝမရှိလျှင် ချို့ယွင်းတတ်ပြီး ရောဂါဖြစ်ပွား လွယ်ပါတယ်။

Source: shwemom

Read times Last modified on Monday, 06 February 2017 11:19
Rate this item
(2 votes)