What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 March 2019 10:30

ခုတင် ၂၀၀ အထက် ဆေးရုံအချို့ရှိ ဓာတ်လှေကားများ ပြင်ဆင်ရန် အမြန်ဆုံးဆောင်ရွက်မည်

ရန်ကုန်တိုင်းရှိ ခုတင် ၂၀၀ အထက်ရှိ ဆေးရုံအချို့တွင် ဓာတ်လှေကားများ ပြင်ဆင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် ရန် ကုန်တိုင်းလွှတ်တော်တွင် သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် က ရန်ကုန်တိုင်းရှိ ခုတင် ၂၀၀ အထက်ဆေးရုံများရှိ ဓာတ်လှေကားများ ပျက်စီးချွတ်ယွင်းနေမှုကို အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း ရာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

ဓာတ်လှေကားပျက်စီးမှုသာ မက ဆေးရုံကြီးများတွင် လိုအပ် နေသည့် အခြားကိစ္စရပ်များ ပြန် လည်ပြုပြင်ခြင်းနှင့် ဖြည့်တင်းပေးနိုင်ရန် အမြန်ဆုံးအကောင် အထည် ဖော်ဆောင်နေကြောင်း ၀န်ကြီးကပြောပါတယ်။

Read More : တရားထိုင်ခြင်း နှင့် ကျန်းမာရေး

တရားထိုင်ခြင်း နှင့် ကျန်းမာရေး

 

ပြီးခဲ့သည့် ရက်ပိုင်းက ရန် ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲမှုကော်မတီ က ရန်ကုန်တိုင်းရှိ ခုတင် ၂၀၀ အထက်ဆေးရုံ ၁၇ ခုကို ကွင်းဆင်းလေ့လာရာ ဆေးရုံအချို့ရှိ ဓာတ်လှေကားများ ရပ်ထားရပြီး ပြုပြင်ရန်လိုအပ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ယခင်ဆေးရုံပြင်ဆင်မှုနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန် ကြီးဌာနက အသုံးစရိတ်ထုတ်ယူ ပြီးသုံးစွဲရာ ယခုအခါ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ယင်းကိစ္စနှင့်ပတ်သက်၍ အသုံး စရိတ်ထုတ်ယူသုံးစွဲရန် မူဝါဒ ပြောင်းလဲကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးနေဘုန်းလတ်က ပြော ကြားပါတယ်။

 

‘‘အဲဒီလို မူဝါဒပြောင်းလဲမှု ဖြစ်တဲ့ အနေအထားတစ်ခုမှာ ဌာနချင်း ချိတ်ဆက်မှုအားနည်းတယ်လို့ပဲ ပြောရပါမယ်။ ဘတ်ဂျက်ကိစ္စမှာ တစ်ဖက်ကလည်း မပြင်တော့ဘဲနဲ့ တစ်ဖက်ကလည်း ဘတ်ဂျက်က အဆင်သင့်မဖြစ် သေးတာမျိုးဖြစ်ပြီးတော့ ဆေးရုံတော်တော်များများမှာ ဓာတ်လှေကားတွေက မပြင်ဘဲနဲ့ ပျက်ပြီးတော့ ဒီအတိုင်းကြီးရပ်ထားရ တယ်။ ဒီလိုမျိုးဖြစ်တဲ့အခါမှာ ဆေးရုံကိုလာရောက်ပြီး ကုသတဲ့ ပြည်သူလူထုတွေအနေနဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတာ ကို ဆေးရုံတော်တော်များများမှာ တွေ့ရပါတယ်။

 

ပျက်နေတဲ့ ဓာတ်လှေကားတွေကို အမြန်ပြင်ဆင်ဖို့ က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဘတ်ဂျက်တွေအမြန် ချထားပေးဖို့ လိုအပ်နေပါတယ်’’ ဟု ၎င်းကပြောပါတယ်။

 

Source:7daydaily

Health Products Directory

Read times
Rate this item
(0 votes)