What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 February 2020 16:37

ကလေးငယ်ထိပ်ချိုင့်နေရင် သတိပြုရမယ့် အချက်များ

ကလေးငယ်ရဲ့ငယ်ထိပ်ဟာ ပျော့စိပျော့စိနဲ့ အသည်းယားစရာကောင်းလှပါတယ်။

ငယ်ထိပ်ဟာ မိခင်ရဲ့ မွေးလမ်းကြောင်းကနေ ကလေးထွက်လာတဲ့အခါ ရှောရှောရှုရှုဖြစ်စေဖို့ ဆောင်ရွက်ပေးပါတယ်။ (နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ပိတ်သွားမှာ ဖြစ်ပါတယ်) ခေါင်းမာမာကြီးဆိုရင် ညပ်နေမှာပေါ့။ ဒါ့အပြင် ငယ်ထိပ်ဟာ အသက် တစ်နှစ်အတွင်း ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဦးခေါင်းခွံကြီးထွားမှုတို့အတွက် အထောက်အကူပြုပေးပါတယ်။

 

ငယ်ထိပ်ကို ခေါင်းရဲ့ အရှေ့၊ အနောက်၊ ဘေးဘက် (ခပ်သေးသေး ၂ ခု) တွေမှာ တွေ့နိုင်ပါတယ်။ အနောက်ဘက်ကတော့ နှစ်လ/ သုံးလအတွင်း ပိတ်သွားတတ်ပါတယ်။ အရှေ့ဘက်ကငယ်ထိပ်ကတော့ တခါတရံမှာ အသက် (၁၈) လ အထိ စမ်းမိနေနိုင်ပါသေးတယ်။ ငယ်ထိပ်ဟာပုံမှန်မဟုတ်ဘဲ ချိုင့်နေပြီဆိုရင်တော့ ဖြစ်နိုင်တဲ့ပြဿနာတွေ အများအပြားရှိပါတယ်။

 

အဲဒီထဲက စိတ်ပူရမယ့်အချက်လေးတွေကို ဖော်ပြချင်ပါတယ်။ - ရေဓာတ်ဆုံးရှုံးခြင်း- ဟုတ်ပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကရရှိတဲ့အရည်ပမာဏထက် ပိုမိုဆုံးရှုံးနေပြီဆိုရင် ချိုင့်နေတတ်ပါတယ်။ ရေဓာတ်ဆုံးရှုံးရတဲ့အဓိကအကြောင်းအရင်းတွေထဲမှာ ဖျားခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ချွေးထွက်များခြင်းတို့ပါဝင်ပါတယ်။

 

ကလေးငယ်ရေဓာတ်ဆုံးရှုံးရင် အန္တရာယ်ရှိတာကြောင့် အမြန်ဆုံးကုသမှုခံယူရမှာပါ။ - အာဟာရချို့တဲ့ခြင်း (ကွာရှီကော)- ကွာရှီကောဆိုတာ ပရိုတိန်း-စွမ်းအင်ချို့တဲ့တဲ့ ပြင်းထန်ဆိုးရွားတဲ့အာဟာရချို့တဲ့မှုတစ်ခုဖြစ်ပါတယ်။ ကလေးငယ်ကို အာဟာရဖြည့်တင်းဖို့အတွက် ဆရာဝန်နဲ့ ပြပြီး အသေအချာပြန်လည်ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးပါတယ်။

 

ကြီးထွားဖို့မရုန်းကန်နိုင်ခြင်း- ကလေးရဲ့ဖွံ့ဖြိုးကြီးထွားနှုန်းဟာ စံသတ်မှတ်ချက်ထဲ မဝင်ဘူးဆိုရင်လည်း ငယ်ထိပ်ချိုင့်တာမျိုး ဖြစ်နိုင်ပါတယ်။ ကွာရှီကောလိုပဲ အာဟာရဖြည့်တင်းပြီး အသေအချာ ပြန်လည်ပြုစုပျိုးထောင်ရမှာပါ။

 

အူမကြီးအဆိပ်သင့်ခြင်း- Toxic Megacolon လို့ခေါ်တဲ့ အူမကြီးအဆိပ်သင့်ခြင်းဟာ ရှားပါးပြီး အသက်ကို အန္တရာယ်ပြုနိုင်ပါတယ်။ ဝမ်းဖောဝမ်းရောင်ရောဂါ (Inflammatory Bowel Disease) ရဲ့ နောက်ဆက်တွဲရောဂါဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ ဒီပြဿနာဟာ အရေးပေါ်ကုသမှုခံယူဖို့လိုပါတယ်။

 

ဆီးချို- အင်္ဂလိပ်လို Diabetes insipidus (DI) လို့ သုံးနှုံးလို့သာ ဆီးချိုလို့ ရေးလိုက်ရတာပါ။ တကယ်တော့ ဒါဟာ ဆီးချိုအမျိုးအစားတစ်ခုမဟုတ်ပါဘူး။ ဒီဆီးချိုမဟုတ်တဲ့ ဆီးချိုကတော့ ရှားပါးပြဿနာတစ်ခုဖြစ်ပြီး ကျောက်ကပ်က ရေဓာတ်မဆုံးရှုံးအောင် ထိန်းသိမ်းနိုင်စွမ်းမရှိခြင်းကို ဆိုလိုပါတယ်။

ဒေါက်တာချစ်ဆွေ M.B., B.S

 

(Zawgyi)

----------

ကေလးငယ္ထိပ္ခ်ိဳင့္ေနရင္ သတိျပဳရမယ့္ အခ်က္မ်ား

 

ကေလးငယ္ရဲ႕ငယ္ထိပ္ဟာ ေပ်ာ့စိေပ်ာ့စိနဲ႔ အသည္းယားစရာေကာင္းလွပါတယ္။ ငယ္ထိပ္ဟာ မိခင္ရဲ႕ ေမြးလမ္းေၾကာင္းကေန ကေလးထြက္လာတဲ့အခါ ေရွာေရွာရႈရႈျဖစ္ေစဖို႔ ေဆာင္႐ြက္ေပးပါတယ္။ (ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းနဲ႔ ပိတ္သြားမွာ ျဖစ္ပါတယ္) ေခါင္းမာမာႀကီးဆိုရင္ ညပ္ေနမွာေပါ့။ ဒါ့အျပင္ ငယ္ထိပ္ဟာ အသက္ တစ္ႏွစ္အတြင္း ဦးေႏွာက္ဖြံ႕ၿဖိဳးမႈနဲ႔ ဦးေခါင္းခြံႀကီးထြားမႈတို႔အတြက္ အေထာက္အကူျပဳေပးပါတယ္။

 

ငယ္ထိပ္ကို ေခါင္းရဲ႕ အေရွ႕၊ အေနာက္၊ ေဘးဘက္ (ခပ္ေသးေသး ၂ ခု) ေတြမွာ ေတြ႕ႏိုင္ပါတယ္။ အေနာက္ဘက္ကေတာ့ ႏွစ္လ/ သုံးလအတြင္း ပိတ္သြားတတ္ပါတယ္။ အေရွ႕ဘက္ကငယ္ထိပ္ကေတာ့ တခါတရံမွာ အသက္ (၁၈) လ အထိ စမ္းမိေနႏိုင္ပါေသးတယ္။ ငယ္ထိပ္ဟာပုံမွန္မဟုတ္ဘဲ ခ်ိဳင့္ေနၿပီဆိုရင္ေတာ့ ျဖစ္ႏိုင္တဲ့ျပႆနာေတြ အမ်ားအျပားရွိပါတယ္။

 

အဲဒီထဲက စိတ္ပူရမယ့္အခ်က္ေလးေတြကို ေဖာ္ျပခ်င္ပါတယ္။ - ေရဓာတ္ဆုံးရႈံးျခင္း- ဟုတ္ပါတယ္။ ကေလးငယ္ရဲ႕ ခႏၶာကိုယ္ကရရွိတဲ့အရည္ပမာဏထက္ ပိုမိုဆုံးရႈံးေနၿပီဆိုရင္ ခ်ိဳင့္ေနတတ္ပါတယ္။ ေရဓာတ္ဆုံးရႈံးရတဲ့အဓိကအေၾကာင္းအရင္းေတြထဲမွာ ဖ်ားျခင္း၊ အန္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ ေခြၽးထြက္မ်ားျခင္းတို႔ပါဝင္ပါတယ္။

 

ကေလးငယ္ေရဓာတ္ဆုံးရႈံးရင္ အႏၲရာယ္ရွိတာေၾကာင့္ အျမန္ဆုံးကုသမႈခံယူရမွာပါ။ - အာဟာရခ်ိဳ႕တဲ့ျခင္း (ကြာရွီေကာ)- ကြာရွီေကာဆိုတာ ပ႐ိုတိန္း-စြမ္းအင္ခ်ိဳ႕တဲ့တဲ့ ျပင္းထန္ဆိုး႐ြားတဲ့အာဟာရခ်ိဳ႕တဲ့မႈတစ္ခုျဖစ္ပါတယ္။ ကေလးငယ္ကို အာဟာရျဖည့္တင္းဖို႔အတြက္ ဆရာဝန္နဲ႔ ျပၿပီး အေသအခ်ာျပန္လည္ျပဳစုပ်ိဳးေထာင္ေပးဖို႔ အေရးႀကီးပါတယ္။

 

ႀကီးထြားဖို႔မ႐ုန္းကန္ႏိုင္ျခင္း- ကေလးရဲ႕ဖြံ႕ၿဖိဳးႀကီးထြားႏႈန္းဟာ စံသတ္မွတ္ခ်က္ထဲ မဝင္ဘူးဆိုရင္လည္း ငယ္ထိပ္ခ်ိဳင့္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ကြာရွီေကာလိုပဲ အာဟာရျဖည့္တင္းၿပီး အေသအခ်ာ ျပန္လည္ျပဳစုပ်ိဳးေထာင္ရမွာပါ။

 

အူမႀကီးအဆိပ္သင့္ျခင္း- Toxic Megacolon လို႔ေခၚတဲ့ အူမႀကီးအဆိပ္သင့္ျခင္းဟာ ရွားပါးၿပီး အသက္ကို အႏၲရာယ္ျပဳႏိုင္ပါတယ္။ ဝမ္းေဖာဝမ္းေရာင္ေရာဂါ (Inflammatory Bowel Disease) ရဲ႕ ေနာက္ဆက္တြဲေရာဂါဆိုးက်ိဳးတစ္ခု ျဖစ္ပါတယ္။ ဒီျပႆနာဟာ အေရးေပၚကုသမႈခံယူဖို႔လိုပါတယ္။

 

ဆီးခ်ိဳ- အဂၤလိပ္လို Diabetes insipidus (DI) လို႔ သုံးႏႈံးလို႔သာ ဆီးခ်ိဳလို႔ ေရးလိုက္ရတာပါ။ တကယ္ေတာ့ ဒါဟာ ဆီးခ်ိဳအမ်ိဳးအစားတစ္ခုမဟုတ္ပါဘူး။ ဒီဆီးခ်ိဳမဟုတ္တဲ့ ဆီးခ်ိဳကေတာ့ ရွားပါးျပႆနာတစ္ခုျဖစ္ၿပီး ေက်ာက္ကပ္က ေရဓာတ္မဆုံးရႈံးေအာင္ ထိန္းသိမ္းႏိုင္စြမ္းမရွိျခင္းကို ဆိုလိုပါတယ္။

ေဒါက္တာခ်စ္ေဆြ M.B., B.S

Read times
Rate this item
(0 votes)