What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 04 June 2018 16:11

ပိတ်ရက်မှာအချိန်ကြာကြာ အိပ်စက်ခြင်းဟာအသက်ပိုရှည်ကြောင်းလေ့လာတွေ့ရှိ

ပိတ်ရက်မှာအချိန်ကြာကြာ အိပ်စက်ခြင်းဟာအသက်ပိုရှည်ကြောင်းလေ့လာတွေ့ရှိ Google.com

လူတစ်ယောက်ရဲ့ ဘဝမှာ အိပ်စက်ခြင်း ဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ နေ့စဉ်ဘဝမှာ ရုံးချိန် မှီအောင်နဲ့ လူမူ ကိစ္စကြောင့် အိပ်စက်ချိန်မလုံလောက် ဖြစ်တက်ပါတယ်။

 

အိပ်ရေး မဝခြင်းဟာ မလိုလာအပ်တဲ့ ကျန်းမာရေးအကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အိပ်ချိန်လုံလောက်ဖို့ဟာ အရေးကြီးပါတယ်။

စတော့ဟုမ်း တက္ကသိုလ်ရဲ့ အိပ်စက်ခြင်းဆိုင်ရာ သူတေသန စာတမ်းအရ အလုပ်ပိတ်ရက်တွေမှာ အိပ်ချိန်တော်ကြာကြာ အိပ်စက်ခြင်းဟာလူ့သက်တမ်းကို ပိုရှည်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာတွေ့ရှိချက် ကို အတည်ပြုဖို့အတွကိ ဆွီဒင်နိုင်ငံ လူပေါင်း ၄၄ဝဝဝ ကျော်ကို စမ်းသပ်လေ့လာခဲ့တာ ဖြစ်ပြီး ၁၃ နှစ်အကြာမှ အတည်ပြုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တဆက်တည်းမှာဘဲ ရက်သတ္တပတ်တပတ်ရဲ့ ပိတ်ရက်တွေမှာ အိပ်ချိန် ၈ နာရီထက်ပိုမို အိပ်စက်ခြင်းဟာ ဆီးချိုနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါ တွေကိုပါ ကာကွယ်စေနိုင် တယ်လို့လည်း ပြောထားပါတယ်။
အိပ်ဆက်ချိန်ကြာမြင့်တာနဲ့ ပက်သက်ပြီး လူအများစုသိထားတဲ့ အယူအဆမှား တစ်ခုကတော့ ကိုယ်အလေးချိန်မြင့်တက် လာမယ်ဆိုတာဘဲ ဖြစ်ပါတယ်။

အိပ်စက်ချိန်နည်းမှသာ ကိုယ်အလေးချိန်မြင့်တက် လာမှာ ဖြစ်တာကြောင့် သင်ဟာ ပုံမှန်အားဖြင့် အိပ်စက်ချိန်နည်းသူတစ်ဖြစ်နေတယ်တိုရင်တော့ သင့်အနေနဲ့ အားလပ်ရက်တွေမှာ ပိုမို အိပ်စက် သင့်ပါတယ်။

ဒီလိုမျိုး အားလပ်ရက်တွေမှာ အိပ်ချိန် အချိန် ကြာကြာ အိပ်စက်ခြင်းဟာ သင့်ရဲ့ နေ့စဉ်လုပ်ငန်းခွင်မှာ လုပ်ရည်ကိုင်ရည် ပိုမို မြင့်တက်လာစေနိုင်တယ်လို့လည်း သုတေသီ ဆရာဝန်တစ်ဦးက ပြောထားပါတယ်။

အားလပ်ရက်တွေမှာ အိပ်ရေးဝဝ အိပ်စက်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွေကိုပါ ဖြစ်ပွားနှုန်းနည်းစေတယ်လို့လည်း လေ့လာတွေရှိချက်တွေက ဆိုထားပါတယ်။

 

source:"irrawaddy"

 

Read:အဝလွန်သူများ အရိုးအဆစ်ရောင်ပါက နာကျင်မှုပို၍ခံစားရ

အဝလွန်သူများ အရိုးအဆစ်ရောင်ပါက နာကျင်မှုပို၍ခံစားရ

 

Read times Last modified on Monday, 04 June 2018 16:53
Rate this item
(0 votes)