What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 February 2017 13:10

အလုပ်ခွင်မှာ ကြာရှည်စွာထိုင်ရခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ

အလုပ်ခွင်မှာ ကြာရှည်စွာထိုင်ရခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ Google.com

ကြာမြင့်စွာ ထိုင်ခြင်းကြောင့် သင်လေ့ကျင်ခန်းပုံမှန်လုပ်နေရင်တောင် သေဆုံးနိုင်ခြေ ပိုမြင့်မားတယ်လို့ သုတေသန ပြုချက်တစ်ခုက ဆိုပါတယ်။

ဒီလေ့လာချက်မှာ တစ်နေ့ ၁၁ နာရီအထက် ထိုင်တဲ့သူတွေဟာ တစ်နေ့လေးနာရီအောက်ပဲ ထိုင်တဲ့ သူတွေထက် ၄၀ % နူန်းခန့် သုံးနှစ်အတွင်းသေနိုင်ခြေများပါတယ်။

မနက်ခင်းမှာ လမ်းလျှောက်ခြင်း၊ Gym သို့သွားကစားခြင်းက အရေးကြီးပါတယ်။ နောက်ပြီး အလုပ်မှာ ကြာမြင့်စွာထိုင်ခြင်းကိုတော့ အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။

အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်၊ ကားစီးရင်းပဲဖြစ်ဖြစ် ထိုင်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကြည်သင့်ပါတယ်။

ဒီလေ့လာချက်ဟာ လူပေါင်း ၂ သိန်းကျော်ကို သူတို့ရဲ့ ထိုင်တဲ့အချိန်တွေကို မေးမြန်းခဲ့ပြီးနောက် ထိုလူများကို သူတို့ရဲ့ ထိုင်ချိန်များအရ (၁) ၄ နာရီအောက် ထိုင်တဲ့သူများ၊ (၂) ၄နာရီမှ ၈ နာရီအထိ ထိုင်တဲ့သူများ၊ (၃) ၈နာရီမှ ၁၁ နာရီ အထိထိုင်တဲ့သူများ၊ (၄) ၁၁ နာရီအထက်ထိုင်တဲ့သူများဆိုပြီး အုပ်စုလေး စုခွဲလိုက်ပြီး ခွဲခြားခဲ့ပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။

ကြာမြင့်စွာထိုင်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ဆောင်ချက်တွေကို ပြင်းထန်စွာ နှောက်ယှက်တတ်ပြီး ခန္ဓာကိုယ်သွေးကြောများကို ထိခိုက်စေတဲ့အတွက် ကျန်းမာရေး ဆိုးကျိုးဖြစ်စေပါတယ်။

ထို့ကြောင့် ထိုင်ခုံကနေကို ခွာလို့မရတဲ့ အလုပ်မျိုးလုပ်နေရရင် ထိုင်နေချိန်ကို တတ်နိုင်သမျှလျှော့ချပြီး မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းကို တတ်နိုင်သမျှလုပ်ပေးဖို့လိုပါတယ်။

ဥပမာ ဖုန်းပြောနေစဉ်လမ်းလျှောက်ပြီး ပြောတာမျိုး၊ အစည်းအဝေးလုပ်နေချိန်ဆို မတ်တပ်ရပ်ပြီး နေတာမျိုး လုပ်ပေးသင့်ပါတယ်။

သင့် အလုပ်ချိန်ပြင်ပ ရောက်သွားရင်လည်း အတတ်နိုင်ဆုံး ထိုင်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

သင့်ရဲ့ အားလပ်ချိန်တိုင်း မတ်တပ်ရပ်နေတာမျိုး၊ လမ်းလျှောက်နေတာမျိုး လုပ်နေရရင် သင်လည်း ကြိုက်မှာ မဟုတ်သလို အမြဲတမ်း ထိုင်နေတာလည်း ကျန်းမာရေးအတွက်မကောင်းပါဘူး။

ဒါကြောင့်လမ်းလျှောက်ခြင်း၊ ရပ်နေခြင်း၊ ထိုင်ခြင်းတို့ကို  ကျန်းမာရေးနဲ့ သင့်လျှော်တဲ့ ဟန်ချက်တစ်ခုအဖြစ် ထိန်းသိမ်းပြီး နေထိုင်သင့်ပါတယ်။

Source: shwemom

Read times
Rate this item
(1 Vote)