What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 March 2019 17:49

နွေရာသီမှာ အုန်းစိမ်းရည်သောက်ပေးသင့်တဲ့ အကြောင်းရင်း ၅ ချက်

အုန်းသီးဟာ မြန်မာနိုင်ငံမှာတော့ တနှစ်ပတ်လုံးရနိုင်တဲ့ အသီးတမျိုးဖြစ်ပေမယ့် အုန်းစိမ်းရည်ကိုတော့ တော်တော် များများဟာ ကမ်းခြေတွေသွားတဲ့အခါမှာသာ အသောက်များလေ့ရှိကြတာပဲ ဖြစ်ပါတယ်။

ဆေးပညာရှင်တွေရဲ့အဆိုအရတော့ အုန်းစိမ်းရည်ကို တပတ်တခါခန့် ပုံမှန်သောက်သုံးပေးသင့်ပြီး အခုလို ပူပြင်းတဲ့ နွေရာသီမှာဆိုရင်တော့ ပိုလို့တောင် သောက်သုံးပေးသင့်တာကြောင့် အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

 

(၁) ရေဓာတ်ကို ဖြည့်တည်းပေးနိုင်ခြင်း

အုန်းစိမ်းရည် သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်က ကုန်ခမ်းသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင် တဲ့အပြင် အုန်းစိမ်းရည်မှာ ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်ပြီး ကယ်လိုရီပါဝင်မှုနဲ့ သကြားဓာတ်ပါဝင်မှုလည်း လျော့နည်း တာကြောင့် ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

 

(၂) သွေးပေါင်းချိန်ကို ထိန်းပေးနိုင်တယ် 

ရာသီဥတုအပူရှိန်ကြောင့် သွေးပေါင်တက်ခြင်းတွေကို အုန်းစိမ်းရည်ဟာ လျှော့ချပေးနိုင်ပြီး အုန်းစိမ်းရည်ကို တနေ့ ၂ ခွက်ခန့်သောက်သုံးပေးခြင်းဟာ သွေးပေါင်ချိန်ကို မျှတစေပါတယ်။

 

Read More : အသည်းအဆီဖုံးခြင်း၏ တရားခံ

 

(၃) ကျောက်ကပ် ကျန်းမာရေးကို ကောင်းမွန်းစေတယ်

အုန်းစိမ်းရည်ဟာ ဆီးရွှင်စေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် ဆီးကျင်ခြင်းအပါအဝင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းနဲ့ ကျောက်ကပ်ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

 

(၄) ရင်ပူ ၊ ရင်ဆာ ဖြစ်ခြင်းကို ပျောက်ကင်းစေတယ် 

နွေရာသီမှာ ဖြစ်တတ်တဲ့ ရင်ပူရင်ဆာဖြစ်ခြင်း နဲ့ ချွေးထွက်များပြီး ပင်ပန်းနွမ်းနယ်ခြင်းတွေကို အုန်းစိမ်းရည် သောက်သုံးပေးခြင်းက ထိထိရောက်ရောက် သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

 

(၅) အသားရေကို ကြည်လင်းစေတယ်

အုန်းစိမ်းရည်ဟာ ခန္ဓာကိုယ်ရဲ့ pH level ကို ထိန်းညှိပေးနိုင်တာကြောင့် အသားအရေကို စိုပြည်ကြည်လင်စေနိုင်ပြီး နွေရာသီမှာ ဖြစ်တတ်တဲ့ အရေပြားကျန်းမာရေးပြဿနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

 


Sourc: burma.irrawaddy

Health Products Directory

Read times
Rate this item
(2 votes)