What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 May 2019 11:54

နှလုံးရောဂါအတွက် သိထားသင့်တဲ့ အရေးကြီး လက္ခဏရပ်များ

နှလုံးရောဂါအတွက် သိထားသင့်တဲ့ အရေးကြီး လက္ခဏရပ်များ google

နှလုံးရောဂါဟာ သင့်မှာစတင်ဖြစ်နေပြီဆိုရင် လက္ခဏရပ်တချို့နဲ့ ပြသလျှက်ရှိပါတယ်။ ဒီလိုလက္ခဏရပ်တွေဖြစ်ပွားနေချိန်မှာ သင့်အနေနဲ့ လျစ်လျုရှုမထားဘဲ အမြန်ဆုံး ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေး ကုသသင့်ပါတယ်။

ရင်ဘတ်အောင့်ခြင်း

ရင်ဘတ်အောင့်ခြင်းဟာ နှလုံးရောဂါရဲ့ ကနဦးလက္ခတစ်ရပ်ဖြစ်ပါတယ်။ သင့်ရဲ့ ရင်ဘတ်အောင့်ခြင်းဟာ မိနစ်အနည်းငယ်အကြာ ဖြစ်ပွားတယ်ဆိုရင်တော့ နှလုံးရောဂါရဲ့လက္ခဏဖြစ်ပြီး စက္ကန့်အနည်းငယ်မျှသာ ဖြစ်ပွားတယ်ဆိုရင်တော့ အစာအိမ်မှ အက်ဆစ်ဓာတ်က အစာမျိုပြွန်ကို ဆန်တတ်ခြင်းကြောင့် ရင်ဘတ်အောင့်ခြင်းစသာ ဖြစ်ပါတယ်။

အသက်ရှုမ၀ခြင်း

လူတော်တော်များများက အသက်ရှုမ၀ခြင်းတွေ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ စိတ်ဖိစီးမှုကြောင့်ပါ။ အသက်ရှူလို့ မရတဲ့ ခံစားမှုမျိုးဟာ Hyperventilation ကြောင့် ဖြစ်ပြီး သွေးထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ နည်းသွား ပါတယ်။ လူတစ်ယောက်က လှေကားထစ်တွေတတ်ရင်း မောလို့နားလိုက် တတ်လိုက်လုပ်ပြီး အသက်ရှုဝပြီးမှ လှေကားထစ်တွေတတ်လို့ရတယ်ဆိုရင်တော့ သတိပြုသင့်နေပါပြီ။

ခန္ဓာကိုယ်အထက်ပိုင်း နာကျင်ခြင်း

နှလုံးရောဂါရဲ့ လက္ခဏတွေဟာ တစ်ခါတစ်ရံမှာ ခန္ဓာကိုယ်အထက်ပိုင်း နာကျင်တဲ့ပုံစံနဲ့ ပြတတ်ပါတယ်။ မေးရိုး၊ တံတောင်၊ သွား နာတွေဖြစ်တတ်ပါတယ်။ ဒါဟာ နှလုံးသွေကြောပိတ်တာကြောင့် အာရုံကြောမှ တဆင့် ဖြစ်ပွားတဲ့ နာကျင်မှုမျိုးပါ။ ဒီလိုဖြစ်နေပြီဆိုရင်တော့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်သင့်ပါတယ်။

Ref; Thit Htoo Lwin

Read times Last modified on Monday, 13 May 2019 11:55
Rate this item
(1 Vote)