What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 15 March 2019 11:07

ဝါးခယ်မ  ကုသိုလ်ဖြစ်ဆေးရုံတွင် မျက်စိခွဲစိတ်ကုသမည်

ဝါးခယ်မ  ကုသိုလ်ဖြစ်ဆေးရုံတွင် မျက်စိခွဲစိတ်ကုသမည် The Myanmar Times

မင်းကွန်းရွှေရတုတိပိဋကဓမ္မဘဏ္ဍာဂါရိက

ဆရာတော် ဘဒ္ဒန္တဝံသာပါလာလင်္ကာရ၏ လမ်းညွှန်မှုဖြင့် ဘဒ္ဒန္တခေမာစာရ ဒွိပိဋကဓရ ပိဋကတ်နှစ်ပုံဆောင် ဝါးခယ်မမြို့ မင်းပိုင်း ရပ်ကွက်ကွမ်းခြံကုန်းကျောင်းတိုက်ဆရာတော် ဦးစီး၍ အာရောဂျတံခွန် ကုသိုလ်ဖြစ် (အခမဲ့) မျက်စိအထူးကုဆေးရုံ၌ စစ်ကိုင်း တိုင်းဒေသကြီး မြင်းမူမြို့နယ် ထီးဆောင်းစံပြ ကျေးရွာရွှေရတုတိပိဋကစက္ခုပါလ မျက်စိဆေးရုံ ကြီးမှ မျက်စိအထူးကု၊ နိုင်ငံခြား မျက်စိဆေးရုံ ကြီးမှ မျက်စိအထူးကု (နိုင်ငံခြား) ဆရာဝန်ကြီး Dr. BIDYA PANT ဦးဆောင်သော အဖွဲ့က အခမဲ့ ခွဲစိတ်ကုသပေးမည်ဖြစ်ပါတယ်။

 

အဆိုပါ အာရောဂျတံခွန်ကုသိုလ်ဖြစ် မျက်စိအထူးကုဆေးရုံမှာ တနင်္လာနေ့တစ်ရက် နား၍ နေ့စဉ်ရက်ချိန်းပေးပြီး ခွဲစိတ်ကုသပေးခြင်း ဖြစ်ပါတယ်။

Read More : နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး နေထိုင်မှု ပုံစံ

 

လစဉ်ကုသမှုအရ ဇန်နဝါရီလဒုတိယ ပတ်အတွင်း မျက်စိဝေဒနာရှင် ၃၄၁ဦး၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မျက်စိဝေဒနာရှင် ၁၉၈ ဦးတို့ကို အောင်မြင်စွာခွဲစိတ်ကုသပေး ပြီးဖြစ်ပါတယ်။ မတ် ၁၉ ရက်မှ ၂၃ရက်အထိ ငါးရက်တိုင်ခွဲစိတ်ကုသပေးမည် ဖြစ်ပါတယ်။

 

ဝါးခယ်မမြို့ ကွမ်းခြံကုန်းကျောင်းတိုက် အာရောဂျတံခွန်ကုသိုလ်ဖြစ် မျက်စိအထူးကု ဆေးရုံမှ မျက်စိခွဲစိတ်ကုသပေးခြင်းဖြင့် မြန်အောင်၊ ဟင်္သာတ၊ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ ပန်းတနော်၊ ဓနုဖြူ၊ ညောင်တုန်းမြို့ များနှင့် ဒေသခံကျေးလက်နေ တောင်သူလယ် သမားကြီးများကလည်း လာရောက်ကုသကြတယ်လို့ သိရပါတယ်။

 

Source : The Myanmar Times

Health Products Directory

Read times Last modified on Friday, 15 March 2019 11:10
Rate this item
(0 votes)