What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 March 2019 15:50

Vitamin D overdose ဖြစ်သွားလို့ နှစ်စဉ် ဘယ်နှစ်ယောက် သေဆုံးပါသလဲ

မကြာသေးခင်က အမျိုးသမီးတစ်ဦးနဲ့ အထည်ဆိုင်တစ်ခုမှာ အမှတ်မထင် ဆုံတွေ့မိပါတယ်။

သူမက ပက်လက်ကုလားထိုင်ပေါ်မှာ စောင်ကြီးခြုံပြီး ၊ ဆိုင်မှာရှိသည့် အလုပ်သမားများကို ညွှန်ကြားချက်များ ပေးနေတာကို တွေ့လိုက်မိပါတယ်။ နေမကောင်းသည့် အသွင်ပေါ်နေတာမို့ အနည်းငယ် မေးကြည့်လိုက်မိပါတယ်။ လမ်းကောင်းကောင်း မလျောက်နိုင်ပါ၊ ခြေထောက်က ဆွဲနေပါတယ်။ မောလည်း မောနေပါတယ်တဲ့။

 

သူမက ဆက်ပြောပါ တယ်။ VitaminD level က 9 ပဲ ရှိတာမို့ သူမရဲ့ ဆရာဝန် က VitaminD3 1000IU သောက်ခိုင်းနေပါတယ်တဲ့။ ကျွန်မကလဲ ဘာမှတော့ မပြောလိုက် ပါ။ ကျွန်မကို မေးနေတာလည်း မဟုတ် ။ သူ့ဆရာဝန် နဲ့ သူဆို တော့လဲပြီးတာပါပဲ။ သို့ပါ သော်လည်း vitamin D3 နဲ့ ပတ်သက်ပြီး ဗဟုသုတလေး ပေးချင်တာကြောင့် ဒီဆောင်းပါး ကလေးရဲ့ အနှစ်ချုပ်ကို ဘာသာပြန်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

 

Read More : အသည်းကင်ဆာ ရောဂါ ဖြစ်ပွားမှုကို ဘီပိုး ကာကွယ်ဆေး ထိုးခြင်းဖြင့် ကာကွယ်နိုင်

 

ရေးသူကလည်း Vitamin D သုတေသနတွေမှာ နာမည်ကြီး ဆရာဝန်ကြီး ဖြစ်သည့်အပြင် သူ့အသင်းဟာလည်း အကျိုးအမြတ် မယူသည့်အသင်းဖြစ်နေတာမို့ ယုံကြည်ထိုက်သူ တစ်ဦးလည်းဖြစ်ပါ တယ်။ Quote from their website

“ Vitamin D Council is a non profit organization in California USA , to educate patients, families, doctors and health professionals on vitamin D and safe, sensible sun exposure to improve the quality and longevity of lives ”

ဒီဆောင်းပါးရဲ့ အနှစ်ချုပ်ကလေးကိုတော့ ဘာသာပြန်ပေးလိုက်ပါတယ်။ Vitamin D overdose ဖြစ်သွားလို့ နှစ်စဉ် ဘယ်နှစ်ယောက် သေဆုံးပါသလဲ ?

 

From 2001 to 2014 , 15,000 Americans တွေ overdosed ( အဓိပ္ဗါယ်က သွေးထဲမှာ D level 200ng/ mL ကျော်သွားတာကို ဆိုလိုပါတယ် ) ဖြစ်သည့် အထဲမှ တစ်ယောက်မှ မသေပါ။ 15,000 ထဲမှ ၅ ယောက်ဟာ Vitamin D အဆိပ်သင့်သည့် လက္ခဏာများ ပြပါ တယ်။ ( hypercalcemia ). ဒီ ၅ ယောက်အထဲမှ ၂ ယောက်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ ပါးစပ်ထဲကို ထည့်ပေးရမည့် အစား နှာခေါင်းထဲကို ထည့်မိလို့ပါတဲ့။

 

ဒါကို ယှဉ်ကြည့်မယ်ဆိုရင် ဒီ ၁၄ နှစ် အတွင်းမှာ Tylenol လို့ခေါ်တဲ့ paracetamol ကြောင့် သေတာ လူ ၂ ထောင်ကျော် ရှိပါတယ်။ ဒီသေတဲ့ လူ ၂ ထောင် ကျော်ထဲမှာ ကလေးတွေလဲ ပါပါတယ်။ Tylenol or Paracetamol ဟာ

 

၁. Poison control center သို့ အရေးတကြီး ဖုန်းဆက်ကြရသည့် အကြောင်းထဲမှာ အများဆုံး အကြောင်းဖြစ်ပါတယ်။

၂. 56,000 yearly emergency room visits ( အရေးပေါ် ဌာနကို သွားရတာ နှစ်စဉ် ၅၆၀၀၀ )

၃. 26,000 yearly hospitalizations ( ဆေးရုံတင်ရတာ ၂၆၀၀၀)

၎. 458 deaths per year due to acute liver failure , many of them toddlers ( ရုပ်ချည်း အသည်း အလုပ်မလုပ်နိုင်ခြင်းကြောင့် သေတာ ၄၅၈ ယောက် )

 

နောက်တစ်နည်း ပြောရမယ်ဆိုရင် ဒီ ၁၄ နှစ်အတွင်းမှာ paracetamol ကြောင့်သေတာ လူထောင်ပေါင်းများစွာရှိပြီး Vitamin D သောက်ပြီး တစ်ယောက်မှ မသေပါ။ ဗဟုသုတတွေနဲ့ ပြည့်စုံကြမယ်ဆိုရင် လူနာများ ချမ်းသာရာ ရပါလိမ့်မယ်။ သို့ ပါ သော်လည်း မသိနားမလည်ပဲ 50,000IU Pharmacological dose ကိုတော့ မဆင်ခြင်ပဲ မသုံးသင့်ပါ။ ဥပါဒ်ရှိနိုင်ပါတယ်။ တတ်သိသူကို မေးပြီးမှ သုံးသင့်ပါတယ်။ Paracetamol ကိုတော့ ပဲလှော်လို သုံးနေပြီး Vitamin D ကို တော့ ကြောက်ကြတယ်ဆိုတော့လဲ.....

Source:To A Better Health

Read times Last modified on Friday, 22 March 2019 16:07
Rate this item
(2 votes)