What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 03 November 2020 21:08

အမှတ် (၃) ဆေးဝါးစက်ရုံ(စစ်ကိုင်း) ကုန်ကြမ်းသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းမြို့ မင်းကွန်းတိုက်နယ် ချောင်းပေါက်ကျေးရွာအုပ်စု ပေါက်တောကျေးရွာ အမှတ်(၃)ဆေးဝါးစက်ရုံ (စစ်ကိုင်း) စားသောက်ကုန်နှင့် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီလီမိတက် အလှကုန်ပစ္စည်း (ကုန်ကြမ်း)သိုလောင်ရုံ အမှတ်(၃)တွင် နိုဝင်ဘာ (၂) ရက် ည (၁၁) နာရီ (၄၅) မိနစ်ခန့်က လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် စိန်ကုန်းအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ SERT အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့၊ သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ မီးငြှိမ်းသတ်ယာဉ် (၄) စီး၊ ရေသယ် ယာဉ် (၃) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက်(၂)နာရီ (၁၀)မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် အလျား(၆၀)ပေ၊ အနံ(၈၀)ပေ အာရ်စီသွပ်မိုး (၁) ထပ် သိုလှောင်ရုံနှင့် အတွင်းရှိ အလှကုန်ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ရေညှိခြောက်လိပ် အပယ်သား(၂၀) ဂရမ်အိတ်များ၊ ပလပ်စတစ်လိပ်များ၊ ပိတ်စများနှင့် ရေညှိကြိတ်စက် (၁)လုံး ဆုံးရှုံးခဲ့ကာ လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အဆိုပါစက်ရုံ မန်နေဂျာ ဦးဆန်းထွန်းအောင် အား မင်းကွန်းနယ်မြေရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။


မျိုးဝင်း (ပြန်/ဆက်)

Read times
Rate this item
(0 votes)