What's New




Thursday, 13 July 2023 13:55

ခြင်ကြိုက်သူများ ခြင်ပိုကိုက်ခံရသည်

ခြင်ကြိုက်သူများ ခြင်ပိုကိုက်ခံရသည်

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

အချို့သောသူများ ခြင်ပိုကိုက်ခံရသည်မှာ   သွေးအမျိုးအစား၊ ခန္ဓာကိုယ်အနံ့တို့နှင့် သက်ဆိုင်သည်။

ခြင်ကြိုက်နှစ်သက်သော ခန္ဓာကိုယ်အနံ့သည် ခြင်များ လာကိုက်အောင် ဆွဲငင်သည့် ခြင်သံလိုက် “mosquito magnet” ဖြစ်သည်။

 

သို့သော် အချို့လူတွေ တခြားသူတွေထက် ခြင် ပိုအကိုက်ခံရသည်မှာ ခန္ဓာကိုယ်အနံ့‌ေကြာင့်အပြင် အခြားအကြောင်းများ ပေါင်းစုံနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

သို့သော် သွေးအမျိုးအစား၊ ခန္ဓာကိုယ်အနံ့တို့သည် အဓိကကျကြောင့် လေ့လာစူးစမ်းမှုများအရ သိထားကြသည်။

 

ကိုယ်အနံ့ မည်သို့မည်ပုံ ထွက်ပေါ်သနည်း။

 

လူတစ်ဦးချင်းဆီ၏ အနံ့ကို  ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့တည်ရှိနေသည့် အမျိုးမျိုး အဖုံဖုံ မတူကွဲပြားသော မော်လီကျူး ဒါဇင်ပေါင်းများတို့က အတူတကွ ဖန်တီးပေးကြသည်။ 

လူချင်းအတူတူ ဖြစ်သော်လည်း အသက်ရှူပုံ ကွဲပြားသည်ဟု ဆိုကြသည်။

လူချင်းအတူတူ ဖြစ်သော်လည်း ခန္ဓာကိုယ်အနံ့ ကွဲပြားပါသည်။ လူတိုင်းတွင် ကိုယ်ပိုင်ကိုယ်နံ့ ကိုယ်စီကိုယ်ငှ ရှိကြသည်။ 

မော်လီကျူးအမျိုးမျိုးတိုြ၏ အနံ့များ ပေါင်းစပ်ပြီး ထွက်ပေါ်လာသည့် ကိုယ်နံ့ ဖြစ်သည်။

၎င်းကိုယ်နံ့အမျိုးမျိုးအဖုံဖုံတို့တွင် အချို့သော ကိုယ်ပိုင်ကိုယ်နံ့သည် ခြင်များ ကြိုက်သည့် အနံ့ဖြစ်နေပြီး ၎င်းကိုယ်ပိုင်ကိုယ်နံ့ ကာယကံရှင်သည် ခြင်ပိုကိုက်ခံရသည်။

ကိုယ်နံ့ ထွက်သည့် အပြင်းအပျော့ တစ်ဦးနှင့် တစ်ဦး မတူကြချေ။ ကိုယ်နံ့ ခပ်ပြင်းပြင်းထွက်သူဖြစ်ပြီး ထွက်နေသည့် ကိုယ်နံ့သည် ခြင်များကြိုက်သည့်အနံ့ ဖြစ်ပါက ခြင်များ ပိုကိုက်ကြလိမ့်မည်။

 

ခြင်များသည် မတူညီသော အနံ့များကို သိနိုင်စွမ်း ရှိကြသည်။ လူ့နှာခေါင်းဖြင့် အနံ့ခံရာတွင် ကွာခြားကွဲပြားနေကြောင်း မသိနိုင်သည့် အနံ့များ မတူကွဲပြားနေသည်ကို ခြင်များက သိနိုင်သည်။

ခန္ဓာကိုယ် အစိတ်အပိုင်းများ ထွက်သည့်အနံ့များ တစ်နေရာနှင့် တစ်နေရာ မတူကွဲပြားသည်ကိုလည်း ခြင်များ သိကြသည်။

photo_2023-07-13_13-56-19.jpg

 

လက်တံတောင်ကွေး တစ်ဝိုက်သည် များသောအားဖြင့် ခြင် အများဆုံး ကိုက်ခံရသည့် နေရာဖြစ်သည်။ အကြောင်းမှာ ခြင်များသည် ၎င်းလက်နေရာတစ်ဝိုက်တွင် ရှိနေသည့် မော်လီကျူး အမျိုးမျိုး အပေါင်းအစုမှ ထွက်ပေါ်သော အနံ့ကို နှစ်သက်သည်။ သို့ဖြစ်ရာ ခြင်များ ကြိက်ကြသည့်အနံ့ ထွက်ပေါ်နေသော  ၎င်းလက်နေရာတစ်ဝိုက်ကို ခြင်များ ကိုက်ကြသည်။

လူ့နှာခေါင်းသည် လက်အနံ့ကို အနံ့ မရချေ။

 

photo_2023-07-13_13-56-24.jpg

.

အချို့လူတွေ တခြားသူတွေထက် ခြင် ပိုအကိုက်ခံရသည့် အကြောင်းတရားများတွင် သွေးအမျိုးအစားကလည်း အရေးပါသော အကြောင်းတစ်ချက် ဖြစ်သည်။

 

ခြင်တွေက 'O' အိုသွေးရှိသည့်သူများကို ပိုကိုက်ကြသည်။ သို့သော် ခိုင်ခိုင်မာမာ အတည်ပြုထားခြင်းတော့ မရှိသေးပါ။ ယေဘုယျအားဖြင့် ယူဆချက် ဖြစ်ပါသည်။

 

ခြင်ကိုက်ခံရခြင်းသည် အသက်ရှူသည့်အခါ ထုတ်လိုက်သည့် "ထွက်လေ" အပေါ်တွင်လည်း  မူတည်နေသည်။

လူချင်းအတူတူ ဖြစ်သော်လည်း အသက်ရှူပုံ ကွဲပြားသည်ဟု ဆိုကြသည်။ ထိုးမြဲလက်မှတ်သဖွယ် အသက်ရှူပုံ ကိုယ်စီကိုယ်င ရှိကြသည်။

ထွက်လေတွင် ကာဘွန်ဒိုင်အောက်ဆိုဒ်ပါသည်။ ခြင်များက သွေးလှူရှင်ကို ရှာဖွေရာ၌ ကာဘွန်ဒိုင်အောက်ဆိုဒ်မှတဆင့် ရှာကြသည်။ သို့ဖြစ်ရာ အသက်ရှူပုံအရ ကာဘွန်ဒိုင်အောက်ဆိုဒ် များများ ထုတ်နေသူထံ ခြင်များ ပိုမိုရောက်ရှိလာကြမည်။ 

ယေဘုယျအားဖြင့် အသက်ရှူပြင်းလေလေ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ပိုများများ ထုတ်ပါသည်။

 

ချွေးနံ့ကလည်း ခြင်ခေါ်ပေးပါသည်။ နာရီအတန်ကြာက ထွက်ထားသော ချွေးအနံ့က ခြင်များ ပိုမိုဖိတ်ခေါ်ပါသည်။ အရေပြားပေါ်မှ ဘက်တီးရီးယားများကြောင့် အနံ့တမျိုး ပြောင်းသွားသည့်အတွက် ခြင်များ ရောက်လာအောင် ပိုမိုဆွဲဆောင်ပါသည်။

အရက် ဘီယာ သောက်ထားလျှင် ချွေးအနံ့ ပြောင်းသွားသည်။ ၎င်းအနံ့ကို ခြင်များ ကြိုက်ကြသည်။ 

 

အချို့သော ရေမွှေုးရနံ့၊ ဆပ်ပြာမွှေး၊ လိုးရှင်း၊ နေရောင်ကာခရင် တို့ကို ခြင်များ ကြိုက်ကြသည်။

 

အနက်ရောင်နှင့် နက်ပြာရောင်ကဲ့သို့သော အချို့အဝတ်အစားအရောင်များသည် ခြင်များ ရောက်လာအောင်  ဆွဲဆောင်နိုင်သည်။

လိမ္မော်ရောင် တောက်တောက် နှင့် အနီရောင် တောက်တောက်များကလည်း ခြင်များ ရောက်လာအောင်  ဆွဲဆောင်နိုင်သည်။

အရောင်ဖျော့ဖျော့များကို ခြင်များ ဂရုမစိုက်ကြပါ။

Source health guide

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Thursday, 13 July 2023 13:57
Rate this item
(0 votes)