What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 28 March 2019 16:47

သွေးက ပြောတဲ့ နှလုံး ကျန်းမာရေး

ရောဂါရှာဖွေရာမှာ သွေးစစ်ဆေးတာကလည်း အဓိက ကျပါတယ်။

သင့်ခန္ဓာကိုယ်တွင်းမှာ စီးဆင်းနေတဲ့ သွေးတွေက သင့်အသက် ရှင်သန်ဖို့ အရေးကြီးသလို ရောဂါ ရှာဖွေရာမှာလည်း အဓိက ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင့်ခန္ဓာကိုယ် ကျန်းမာရေးကို သွေးက ပြောပြနေလို့ပါ။ သင့်နှလုံးအတွက်လည်း သွေးက ပြောပြတာတွေလည်း ရှိနေပါတယ်။ သွေးက နှလုံး တိုက်ခိုက်ခံရနိုင်ခြေ ရှိ၊ မရှိကို ပြောပြနိုင်တယ်လို့ နှလုံးပါရဂူတွေက ပြောပါတယ်။ သွေးထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပါဝင်ပစ္စည်းတွေ များနေတာက သင့်ကျန်းမာရေးကို ခြိမ်းခြောက်နိုင်ပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ အောက်ပါ ပါဝင်ပစ္စည်းတွေက သင့်နှလုံး တိုက်ခိုက်ခံရနိုင်ခြေနဲ့ ပတ်သက်ပြီး ခန့်မှန်း တွက်ချက်နိုင်ပါတယ်။

 

၁။ Apo B

အေပိုလိုက်ပိုပရိုတင်း (Apolipo-protein) ဖြစ်ပြီး မကောင်းတဲ့ ကိုလက်စထရော (LDL) ပမာဏကို ကိုယ်စားပြုပါတယ်။ သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောတွေ များနေတာက နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။

 

၂။ Apo E4

အစားအစာတွေကို ခန္ဓာကိုယ်မှာ အသုံးချနိုင်တဲ့ ပုံစံကို ပြောင်းလဲမှုကို တုန့်ပြန်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို သွေးထဲမှာ အေပိုလိုက်ပို ပရိုတင်း အီး-၄ နဲ့ ဖော်ပြတတ်ပါတယ်။ သွေးထဲမှာရှိတဲ့ Apo E4 ပမာဏက နှလုံးတိုက်ခိုက် ခံရနိုင်ခြေကို Apo B လောက် တိတိကျကျ မခန့်မှန်းနိုင်ပါ။

 

၃။ ကလမ်မိုင်ဒီးယား နမိုးနီးယေး

ကလမ်မိုင်ဒီးယား နမိုးနီးယေး (Chlamydia pneumoniae) ဆိုတာ အဆုတ်ရောင်စေတဲ့ ဘက်တီးရီးယားပိုး ဖြစ်ပြီး သွေးထဲမှာ ရှိနေပါက နှလုံးသွေးကြောတွေကို တိုက်ခိုက်ခံရနိုင်ခြေ မြင့်မားနိုင်ပါတယ်။

 

၎။ HS-CRP

သွေးထဲမှာ ပါဝင်တဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပြီး ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ သွေးထဲမှာ HS-CRP တွေ LDL ထက် နှစ်ဆ မြင့်တက်နေပါက နှလုံးတိုက်ခိုက် ခံရနိုင်ခြေ များပါတယ်။

 

၅။ ဖိုက်ဘရီနိုဂျင် (Fibrinogen)

အရေပြားမှာ ပေါက်ပြဲဒဏ်ရာ ရတဲ့အခါ အဲဒီဒဏ်ရာ နေရာမှာ သွေးထွက်တာကို ရပ်တန့်စေဖို့ ဖိုက်ဘရီနိုဂျင် (Fi-brinogen) တွေ ထွက်လာပြီး သွေးခဲမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သွေးထဲမှာ ဖိုက်ဘရီနိုဂျင်တွေ များနေရင်တော့ သွေးခဲ ဖြစ်ပေါ်နိုင်ခြေ များတာကြောင့် လေဖြတ်တာနဲ့ နှလုံးတိုက်ခိုက် ခံရနိုင်ခြေ များနိုင်ပါတယ်။

 

၆။ HDL2b

ဒီပရိုတင်းကတော့ ကောင်းတဲ့ ကိုလက်စထရော အမျိုးအစားတစ်ခုပါပဲ။ မကောင်းတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးပြီး နှလုံးကို ကာကွယ်ပေးပါတယ်။ သင့်သွေးထဲမှာ HDL2b တွေ နည်းနေရင်တော့ နှလုံးတိုက်ခိုက် ခံရနိုင်ခြေ များနိုင်ပါတယ်။

 

၇။ ဟိုမိုစစ္စတင်း (Homocysteine)

အမိုင်နိုအက်စစ်တွေ ဇီဝဖြစ်ပျက်မှုကနေ သဘာဝအတိုင်း ထွက်လာတဲ့ ဘေးထွက်ပစ္စည်း တစ်ခု ဖြစ်ပါတယ်။ သွေးထဲမှာ ဟိုမိုစစ္စတင်းတွေ များနေရင်တော့ ဇီဝဖြစ်ပျက်မှုတွေ များနေပြီး နှလုံးတိုက်ခိုက် ခံရနိုင်ခြေ များပါတယ်။

 

၈။ LP(a)

သွေးထဲမှာရှိတဲ့ လိုက်ပိုပရိုတင်း (အေ) (Lipoprotein (a)) ဖြစ်ပြီး နှလုံးတိုက်ခိုက် ခံရနိုင်ခြေနဲ့ ဆက်စပ်မှု ရှိပါတယ်။ သွေးတွင်း တခြား ပါဝင်ပစ္စည်းတွေ ပုံမှန်ဖြစ်နေရင်တောင် LP(a) များနေပါက နှလုံးတိုက်ခိုက် ခံရနိုင်ခြေ များနိုင်ပါတယ်။

 

၉။ Small dense LDL

မကောင်းတဲ့ ကိုလက်စထရော အမျိုးအစားဖြစ်ပြီး တခြား ကိုလက်စထရောတွေထက် အရွယ်အစား သေးငယ်လွန်းပြီး သိပ်သည်းဆလည်း များပါတယ်။ သွေးထဲမှာ Small dense LDL တွေ များနေပါက နှလုံးတိုက်ခိုက် ခံရနိုင်ခြေ အလွန် မြင့်မားပါတယ်။

 

Source: ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)(yatanarpon)

 

Read More : ချိုင်းအောက်နားက အဆီတွေကို ချေဖျက်ပေးမယ့် နည်းလမ်း ၅ သွယ်

ချိုင်းအောက်နားက အဆီတွေကို ချေဖျက်ပေးမယ့် နည်းလမ်း ၅ သွယ်

Read times Last modified on Thursday, 28 March 2019 16:54
Rate this item
(1 Vote)