What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 August 2018 11:32

ဗက်တီးရီးယားပိုးပါသည့် စင်ကာပူ ဒူးမက်စ်နို့မှုန်

ဗက်တီးရီးယားပိုးပါသည့် စင်ကာပူ ဒူးမက်စ်နို့မှုန် Google.com

နာမည်ကြီး နို့မှုန့်တံဆိပ်တခုဖြစ်တဲ့ ဒူးမက်စ် (Dumex) နို့မှုန့်ထဲမှာ အန္တရာယ်ရှိတဲ့ ဗက်တီးရီးယားပိုး တွေ့ရှိခဲ့ရပြီးနောက် စင်ကာပူနိုင်ငံ ဆေးရုံ ၂ ခုမှာ ကလေးငယ် ၁၄ ဦး တက်ရောက်ကုသမှု ခံယူနေရတယ်လို့ ချန်နယ်နယူးစ်အေးရှားသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

Dumex Mamil Gold infant milk formula – Step 1 (850g) အမျိုးအစား နို့မှုန့်တွေထဲမှာ Cronobacter sakazakii အမည်ရတဲ့ ဗက်တီးရီးယားပိုး တွေ့ရှိခဲ့ရတဲ့အတွက် အဲဒီနို့မှုန့်တွေကို ဈေးကွက်ထဲက ပြန်သိမ်းခဲ့ရတယ်လို့ စင်ကာပူ စိုက်ပျိုးရေး၊ အစားအစာနှင့် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ (Agri-Food and Veterinary Authority (AVA)) က သြဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

နို့မှုန့်တိုက်ကျွေးခဲ့လို့ လက်ရှိ ဆေးရုံတက်ရောက်နေတဲ့ ကလေးတွေထဲက ၁၃ ဦးဟာ ကေကေ အမျိုးသမီးနှင့် ကလေးဆေးရုံ (ကေကေအိပ်ခ်ျ) မှာ တက်ရောက်ကုသနေပြီး နောက်တဦးကတော့ အမျိုးသားတက္ကသိုလ်ဆေးရုံမှာ တက်ရောက်ကုသနေတာ ဖြစ်တယ်လို့ ဆေးရုံ ၂ ခုက အတည်ပြု ပြောလိုက်ပါတယ်။

Cronobacter Sakazakii ဗက်တီးရီးယားရောဂါပိုးဟာ မွေးကင်းစကလေးတွေကို ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်စေနိုင်ပြီး ကလေးတွေအနေနဲ့ ကိုယ်ပူတာ၊ အစားအသောက် ပျက်တာတွေအပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မွေးကင်းစကလေး ၁၁ ယောက်ဟာ အခြေအနေ ကောင်းမွန်နေတယ်လို့ ကေကေ အမျိုးသမီးနှင့် ကလေးဆေးရုံ ဒါရိုက်တာအဖွဲ့ဝင်တဦးက ချန်နယ်နယူးစ်အေးရှား သတင်းကို ဖြေခဲ့ပါတယ်။

“ကေကေအိပ်ခ်ျအနေနဲ့ ကလေးငယ်တွေရဲ့ အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြပ်ပေးနေပါတယ်။ ကျနော်တို့ ဆေးပါရဂူအဖွဲ့ အနေနဲ့ လိုအပ်ခဲ့ရင် အရေးပေါ် ကျန်းမာရေး ကုသမှုပေးဖို့ အသင့်ရှိနေပါတယ်” လို့ ဆေးဘက်ဆိုင်ရာ တွဲဖက်ပါမောက္ခ နန်ကီချုန်းက ပြောပါတယ်။

လက်ရှိမှာတော့ ဆေးရုံကနေ အဲဒီနို့မှုန့်ဘူးတွေကို ဖယ်ရှားလိုက်ပြီဖြစ်ကာ ဒီတံဆိပ်ကိုလည်း အသုံးပြုဖို့ ရပ်ဆိုင်းလိုက်ပြီး အဓိက ဦးစားပေးရမယ့်အရာက ကလေးငယ်တွေရဲ့ ကျန်းမာရေးဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိဈေးကွက်ထဲက ပြန်သိမ်းနေတဲ့ ဒီဗက်တီးရီးယားပိုး ပါဝင်တဲ့ နို့မှုန့်ဘူးတွေဟာ မလေးရှားနိုင်ငံက လိုင်စင်ခံ ထုတ်လုပ်ခဲ့တာဖြစ်ပြီး လာမယ့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ်လို့ ဖော်ပြထားပါတယ်။

စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကတော့ နို့မှုန့်တွေကို အဲဒီဆေးရုံ ၂ ခုမှာ အသုံးပြုခဲ့တာဖြစ်ပြီး ဆေးဝါးကုသမှု ခံယူနေရတဲ့ ကလေးတွေဟာ ၆ လသားနဲ့အောက် အရွယ်တွေ ဖြစ်ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

source:phothutaw

Read: ခြေဖဝါးကပြောပြနေတဲ့ ကျန်းမာရေး အကြောင်းတစေ့တစောင်း

ခြေဖဝါးကပြောပြနေတဲ့ ကျန်းမာရေး အကြောင်းတစေ့တစောင်း

Read times Last modified on Friday, 24 August 2018 11:42
Rate this item
(0 votes)