What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 March 2019 17:07

မြိတ်ပြည်သူ ဆေးရုံတွင် အမေရိကန်နိုင်ငံမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ အခမဲ့ဆေးကုသ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင်

အမေရိကန်နိုင်ငံမှ World Health Ambassador အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မတ် ၂၅ ရက်မှ ၂၆ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ပြည်သူများအား နှလုံး၊ ခွဲစိတ်၊ သားဖွား မီးယပ်၊ အရေပြား၊ သွားနှင့်ခံတွင်းရောဂါများကို လာရောက်စမ်းသပ်စစ်ဆေးပေးပြီး အခမဲ့ဆေး ကုသပေးလျက်ရှိကြောင်း သိရပါတယ်။

 

WHA အဖွဲ့မှ Founder of WHA Organization Cardiologist Dr Thien Do ဦးဆောင်သော အထူးကု ဆရာဝန်ကြီးများအဖွဲ့နှင့် မြိတ်ပြည်သူ့ဆေးရုံမှ သမားတော်၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ကျန်းမာရေး စမ်းသပ်စစ်ဆေးရန် လာရောက်စာရင်းပေးသူ ၆၀၃ ဦးအနက် နှလုံးရောဂါဝေဒနာရှင် ၁၃၁ ဦး၊ အရေပြားရောဂါဝေဒနာရှင် ၈၁ ဦး၊ သွားရောဂါ ဝေဒနာရှင် ၂ ဦး၊ ခွဲစိတ်ရမည့်ဝေဒနာရှင် ၄၀၊ သားဖွားမီးယပ်ရောဂါဝေဒနာရှင် ၂၁ ဦးစုစုပေါင်း ၃၅၅ ဦးကို မတ် ၂၅ ရက် ညနေပိုင်းအထိ စမ်းသပ် စစ်ဆေး၍ အခမဲ့ဆေးကုသပေးခဲ့ကြောင်းသိရ
ပါတယ်။

Read More : ရန်ကုန်ဗဟို အမျိုးသမီးဆေးရုံးကြီးတွင် ၂၉ နှစ်မြောက် အပြာရောင် ကမ္ပည်းပြားတပ်ဆင်

 

“မြန်မာနိုင်ငံက စီးပွားရေးတဖြည်းဖြည်း ဖွံ့ဖြိုး တိုးတက်လာတယ်။ ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ရောဂါဖြစ်မှ ဆရာဝန် ဆီသွားတာ နောက်ကျတဲ့အခြေအနေ ရှိနိုင်ပါ တယ်။ ပြည်သူတွေအနေနဲ့ ကိုယ့်မှာရောဂါရှိတာ ဖြစ်ဖြစ် မရှိတာဖြစ်ဖြစ် တစ်နှစ်တစ်ခါ နှစ်နှစ်တစ်ခါ စစ်ဆေးသင့်ပါတယ်။ ဒါမှ ကုန်ကျစရိတ်သက်သာ တဲ့အပြင် လူနာတွေရဲ့အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်” ဟု WHA အဖွဲ့မှ Obstetrics & Gynecology Dr Huy Phan က ပြောပါတယ်။

 

WHA အဖွဲ့သည် မြန်မာနိုင်ငံကို လာရောက် သည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အထက်မြန်မာပြည်နေပြည်တော်၊ မန္တလေးတို့တွင် ဆေးကုသပေးခဲ့ပြီး ယခုတစ်ခေါက်သည် အောက် မြန်မာပြည် မော်လမြိုင်၊ ထားဝယ်၊ မြိတ် ဆေးကုသမှုအစီအစဉ်ဖြစ်ကြောင်း၊ ထားဝယ်မြို့ မြို့ပေါ်တွင်သာမက ခရီးလမ်းခက်ခဲသည့် ကျေးရွာ အထိသွားရောက်ဆေးကုသပေးခဲ့ကြောင်း၊ WHA အဖွဲ့မှ ဒေါ်ဝင်းမြတ်သူထံက သိရပါတယ်။

 

“WHA အဖွဲ့အနေနဲ့ မြတ်နဲ့ ထားဝယ်မှာ ပထမဆုံးအကြိမ် လာကုတာပါ။ ယခင်က ထိုင်း၊ ပြင်သစ်နှင့် ဂျပန်တို့က မကြာခဏ လာရောက် ဆေးကုသနေပါတယ်။ WHA အဖွဲ့က ဝေဒနာရှင် များကို စမ်းသပ်စစ်ဆေးကုသပေးပြီးဆေးချိန်းဖို့ လိုအပ်တဲ့သူတွေကို မြိတ်ပြည်သူ့ဆေးရုံရှိ သမားတော်၊ အထူးကုဆရာဝန်ကြီးများနဲ့ ဆက်လက် ပြသ ဆေးကုသပေးရန် စီစဉ်ထားပါတယ်” ဟု မြိတ် ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာယုယုဝေက ပြောခဲ့ပါတယ်။

 

မြိတ်ပြည်သူ့ဆေးရုံတွင် လာရောက်စာရင်းပေး ဆေးကုသမှုခံယူသည့် ဝေဒနာရှင်များကို နှလုံး၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ အရေပြားရောဂါများ ကို မတ် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် စမ်းသပ်ကုသ ပေးပြီးသွားနှင့်ခံတွင်းရောဂါကို မတ် ၂၅ ရက်တွင် သာ ကုသပေးခဲ့ကြောင်း ပြည်သူ့ဆေးရုံမှ သိရပါတယ်။

 

Source: ကြေးမုံ

Read times Last modified on Friday, 29 March 2019 17:17
Rate this item
(0 votes)