What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 31 May 2017 14:12

အစာအိမ် အနာဖြစ်နေချိန် ဘာစားရမလဲ

အစာအိမ် အနာဖြစ်နေချိန် ဘာစားရမလဲ Google.com

အစာအိမ်အနာ ဖြစ်နေချိန်မှာ သင့်ပါးစပ်ထဲထည့်တဲ့ အစာတွေကို သတိထားရပါမယ်။ အစာကို မှန်ကန်စွာ မစားရင် လေပွတာ၊ ပျို့ချင်အန်ချင်ဖြစ် တာနဲ့ အန်တာတို့ ဖြစ်တတ်ပါတယ်။

၁. ပျားရည်စစ်စစ်

ပျားရည်က ချိုမြိန်ပြီး အရသာရှိတဲ့အပြင် ဘက်တီးရီးယားပိုးသေစေတဲ့ အစွမ်းလည်း ရှိပါတယ်။ H.pylori ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ အစာအိမ်အနာကျက်စေပါတယ်။ မနက်ခင်းမှာ ပျား ရည် ထမင်းစားဇွန်း တစ်ဇွန်း စားပေးပါ။

၂. အက်ဆစ်ပါဝင်မှုနည်းသည့် သစ်သီးများ

သစ်သီးတွေမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အင်တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ် ပါဝင်မှုများတာကြောင့် အစာအိမ်အနာဖြစ်နေသူတွေအတွက် သင့်တော်ပါတယ်။

အစာအိမ်အနာဖြစ်နေချိန်မှာ အက်ဆစ်ဓာတ်ကဲတဲ့ သစ်သီးတွေကိုတော့ ရှောင်ပါ။ စားသင့်တဲ့ သစ်သီးတွေက ကီဝီသီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီး၊ ထောပတ်သီး၊ စတော်ဘယ်ရီသီး၊ သင်္ဘောသီးနဲ့ ဖရဲသီးတို့ ဖြစ်ကြပါတယ်။

၃. ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့်

ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်၊ ကိုက်လန်စတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဆာလဖာသတ္တု ဓာတ်ပါဝင်တာကြောင့် ဘက်တီးရီးယားပိုးသေစေပြီး အဆိပ်အတောက်တွေ ကင်းစင်စေပါတယ်။

အမျှင်ဓာတ်ပါဝင်တာကြောင့် ၀မ်းချုပ်တာကို ကင်းစင်စေပြီး အူလမ်းကြောင်းမှာ ကောင်းတဲ့ ဘက်တီးရီးယားတွေကို ပွားများစေပါတယ်။

၎. ဒိန်ချဉ်

အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ်ဟာ အစာအိမ်အနာဖြစ်နေချိန်မှာ သက်သာရာရစေပါတယ်။ ဒိန်ချဉ်မှာပါတဲ့ အကျိုးပြုဘက်တီးရီးယားကြောင့် H.pylori ပိုးကို တွန်းလှန်ပေးပြီး အစာအိမ်အနာ အကျက်မြန်ပေါတယ်။

၅. အဆီနည်း ပရိုတင်းနှင့် အဆီနည်း နို့ထွက်ပစ္စည်း

အစာအိမ်အနာ အကျက်မြန်စေဖို့ ပရိုတင်း စားပေးဖို့ လိုပါတယ်။ အသားက ကမ္ဘာပေါ်မှာ ပရိုတင်းဓာတ် အများဆုံးပါတဲ့ အစာတစ်မျိုးဖြစ်ပေမယ့် အဆီနည်းတဲ့ အမဲသား၊ အဆီမပါတဲ့ ၀က်သား၊ အရေခွံမပါတဲ့ ကြက်သားစတာတွေကို စားပေးသင့်ပါတယ်။

အဆီ စားတာကြောင့် အစာအိမ်အနာကို ပို ဆိုးစေနိုင်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပရိုတင်းပါဝင်မှု များပေမယ့် အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းကို ရွေးချယ်တာ ပိုကောင်းပါတယ်။

၆. ရေနွေးကြမ်း

အစာအိမ်အနာဖြစ်ချိန်မှာ ကော်ဖီနဲ့ ဆော်ဒါ အချိုရည်တို့လို ကဖင်းဓာတ်ပါတဲ့ အစာတွေကို ရှောင်ရပါမယ်။ ရေနွေးကြမ်း တစ်ခွက်သောက်ပေးပါ။ အစာအိမ်အနာကို သက်သာရာရစေပါတယ်။

Source: healthy life

Read times
Rate this item
(1 Vote)