What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 18 April 2019 14:20

ထားဝယ်ဆေးရုံတွင် ကျောက်ကပ်ဆေးနိုင်တော့မည်

ထားဝယ်ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်ဆေးစက်နှစ်လုံး၊ ယင်းစက်နှင့် တွဲဖက်အသုံးပြုရသည့် ရေသန့်စက်တစ်လုံးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပေးပို့ထားသည့်အတွက် လာမည့် မေလခန့်တွင် စတင်ကျောက်ကပ် ဆေးနိုင်တော့ မည်ဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရပါတယ်။

ကျောက်ကပ်ဆေးနိုင်ရန်အတွက် ထားဝယ်ဆေးရုံမှ သမားတော်တစ်ဦး၊ လက်ထောက်ဆရာဝန်တစ်ဦးနှင့် သူနာပြုနှစ်ဦးကို သင်တန်းတက်ရန် စေလွှတ်ထားကြောင်း ထားဝယ်ဆေးရုံအုပ် ဒေါက်တာဆွေဆွေအောင်က ပြောကြားခဲ့ပါတယ်။

 

“ဆေးရုံမှာတော့ အဲဒီအတွက် အခန်းပြင်တာတို့တော့ လုပ်ရဦးမှာပေါ့” ဟု ဒေါက်တာ ဆွေဆွေအောင်က ဆိုပါတယ်။ လက်ရှိတွင်မှု ကျောက်ကပ်ဆေးရန် လိုအပ်နေသည့် လူနာများကို ရန်ကုန်မြို့ရှိဆေးရုံများကို လွှဲပို့ပြီးကုသပေးနေရပါတယ်။ ၎င်းအပြင် ထားဝယ်မြို့တွင် အလှူရှင်များ လှူဒါန်းငွေဖြင့် ဒီဃာယုကဒါန စရိတ်မျှပေး ကျောက်ကပ်သန့်စင်ဆေးခန်းတစ်ခု ဖွင့်လှစ်နိုင်ရန် ထားဝယ်ဒေသခံများ၊ လုပ်ငန်းရှင်များဖြင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ ဆောင်ရွက်နေပါတယ်။

 

Read More : သင်၏မျက်စိများက ဖော်ပြသော ကျန်းမာရေးအခြေအနေများ

 

ဒီဃာယုကဒါန စရိတ်မျှပေးကျောက်ကပ်သန့်စင်ဆေးခန်းအတွက်မှု ဆောက်လုပ်မည့်မြေနေရာရရှိရန် တိုင်းအစိုးရထံ မတ်လ တတိယအပတ်က တင်ပြတောင်းခံထားပြီး အဆောက်အအုံကို လာမည့်နှစ်တွင် စတင်ဆောက်လုပ်နိုင်ရန် မျှော်မှန်း ထားကြောင်း ယင်းကျောက်ကပ်သန့်စင်ဆေးခန်းဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကိုက ပြောပါတယ်။

 

“ဒီကျောက်ကပ်ရောဂါက တစ်ခါဆေးရုံနဲ့ ပြီးသွားတဲ့ကိစ္စ မဟုတ်ဘူးလေ။ သူက ကျောက်ကပ်မလဲမချင်း မဟုတ်ရင် မသေချင်း အမြဲဆေးနေရတော့မှာဆိုတော့ ရန်ကုန်မှာနေပြီး နေဖို့ထိုင်ဖို့ မရှိဘူးဆိုရင် ထားဝယ်မှာ ကျောက်ကပ်ဆေးစက် ရှိရင် ကုန်ကျစရိတ်သက်သာလာမှာပေါ့” ဟု ဦးအောင်ကိုက ပြောပါတယ်။

 

ကျောက်ကပ်ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်း များစွားရှိသည့်အနက် အဓိကမှာ သွေးတိုး၊ ဆီးချိုရောဂါများကို မကုသဘဲ တာရှည်ထားမိရာမှ ရောဂါဖြစ်ပွားလေ့ရှိကြောင်း ဒေါက်တာဆွေဆွေအောင်က ပြောကြားခဲ့ပါတယ်။

 

Source: Dawei Watch

Read times
Rate this item
(0 votes)