What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 19 April 2019 16:14

ဆေးဝါးမပါဘဲ သွေးလည်ပတ်မှု အားကောင်းစေရန် လမ်းညွှန်ချက်

အဝလွန်ခြင်း(သို့မဟုတ်)ဆီးချိုရောဂါတို့ကဲ့သို့ ကျန်းမာရေးအခြေ အနေများကြောင့် သွေးလည်ပတ်မှု မကောင်းဖြစ်နေပါက နှလုံး ရောဂါများဖြစ်နိုင်သည့် အန္တရာယ်ရှိနေပါတယ်။

သို့သော် ဆေးဝါးမလိုဘဲ သွေးလည်ပတ်မှုအားကောင်းအောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းအချို့ရှိပါတယ်။

 

သွေးလည်ပတ်မှုအားကောင်းလာစေမည့် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ လမ်းလျှောက်ခြင်းမှာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်း မွန်သော လေ့ကျင့်ခန်းဖြစ်ပြီး နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ်။ လမ်းလျှောက်စဉ် နှလုံးထဲသို့ သွေးများပိုမို ပို့လွှတ်သောကြောင့် လမ်းလျှောက်ခြင်းက သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

 

စိတ်ဖိစီးမှုများမှာ သင်၏နှလုံးအတွက် မကောင်းပါ။ အထူး သဖြင့် နှလုံးက သွေးလည်ပတ်မှုကောင်းအောင် မလုပ်ဆောင်နိုင်ချိန် တွင် စိတ်ဖိစီးမှုဖြစ်ပါက ပို၍ပင် ထိခိုက်နိုင်ပါတယ်။ စိတ်ဖိစီးမှုများကို ရှောင်ရှားရန် မလွယ်ကူသော်လည်း စိတ်ဖိစီးမှုလျော့ကျအောင် လုပ်ဆောင်နိုင်မည့် အချိန်အချို့ထားရှိပါ။ စိတ်ဖိစီးမှုသက်သာစေမည့် အကောင်းဆုံးနည်းလမ်းမှာ တရားထိုင်ခြင်းဖြစ်ပါတယ်။

 

Read More:  မျိုးအောင်နိုင်မှု အားကောင်းစေရန် စားပေးသင့်တဲ့ အစားအစာများ

 

သွေးလည်ပတ်မှုအားကောင်းလာစေရန် အစိမ်းရောင်အရွက် များ၊ သခွားသီး၊ ငရုတ်ကောင်းအစေ့များ၊ ကြက်သွန်နီနှင့် သံလွင် သီးတို့ပါဝင်သည့် ဟင်းရွက်သုပ်များ သင်နေ့စဉ်စားသော အစား အစာတွင် ပါဝင်အောင်ကြိုးစားပါ။ ယင်းအစားအစာများတွင် သံ ဓာတ်နှင့် ဗီတာမင်စီ၊ ဗီတာမင်ကေတို့ ကြွယ်ဝစွာ ပါဝင်သောကြောင့် သွေးကိုသန့်စင်စေပြီး သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေပါတယ်။

 

ကျွန်တော်တို့၏ခန္ဓာကိုယ်တွင် ရေဓာတ် ၈ဝ ရာခိုင်နှုန်းပါဝင် သဖြင့် ကျန်းမာရေးပြဿနာများကို ရှောင်ရှားရန် ရေဓာတ်ပြည့်နေ စေရန် လိုအပ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်သည့် ရေပမာဏကို လုံလောက်စွာ သောက်သုံးပေးခြင်းမှာ သွေးလည်ပတ်မှုအတွက် အရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်လုံလောက်စွာ ရှိနေပါ က ခန္ဓာကိုယ်အနှံ့ သွေးအလွယ်တကူ လှည့်ပတ်စီးဆင်းနိုင်ပြီး သွေး လည်ပတ်မှုအားကောင်းလာနိုင်ပါတယ်။

 

မှန်ကန်သော ကိုယ်နေဟန်ထားအတိုင်း သွားလာနေထိုင်ခြင်း မှာလည်း သွေးလည်ပတ်မှုအတွက် အရေးကြီးပါတယ်။ ကျောရိုးကွေး ပြီး အကြာကြီးထိုင်နေခြင်း(သို့မဟုတ်)ခြေထောက်နှစ်ချောင်းကို ယှက်ပြီး အကြာကြီးထိုင်နေခြင်းကြောင့် သွေးလည်ပတ်မှုကို ထိခိုက် နိုင်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ထား၍ ခြေထောက်နှစ်ဖက်စလုံး ကြမ်းပြင်တွင် ချထားကာ အနေအထား မှန်ကန်စွာထိုင်ရန် အရေးကြီးပါတယ်။

 

Source: 7daydaily

Read times Last modified on Friday, 19 April 2019 16:22
Rate this item
(1 Vote)