What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 19 April 2019 13:22

မျိုးအောင်နိုင်မှု အားကောင်းစေရန် စားပေးသင့်တဲ့ အစားအစာများ

လူသားမျိုးပွားမှုဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတစ်ခု အရ ဗီတာမင်ဒီချို့တဲ့ပြီး ခန္ဓာကိုယ်ပြင်ပတွင် မျိုးအောင်နိုင်ရန်ကြိုးစားနေရသော အမျိုးသမီးများ သန္ဓေရနိုင်ခြေနည်းပါးကြောင်း သိရပါတယ်။

ဗီတာမင်ဒီကို အဆီများသော ငါးနှင့် ဥများမှ ရရှိနိုင်သော်လည်း ဗီတာမင်ဒီသဘာဝအတိုင်းဖြစ်ပေါ်သော အကောင်းဆုံးအစားအစာ များအနက် တစ်ခုမှာ ဝက်ပေါင်ဆားနယ်ခြောက်ဖြစ်ပါတယ်။

 

ဥများတွင် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ၊ ကျန်းမာစေသော အဆီဓာတ်များ၊ ကိုလက်စထရော၊ အိုမီဂါ-၃ ဖက်တီးအက်စစ်များနှင့် မျိုးအောင်စေရန် မရှိမဖြစ် လိုအပ်သည့် အခြားအာဟာရဓာတ်များပါဝင်ပါတယ်။

 

သို့သော် သဘာဝအတိုင်းမွေးမြူသော ကြက်၊ ဘဲများ၏ ဥကို စား ပေးသင့်။ အမဲသားမှာလည်း မျိုးအောင်နိုင်မှုကို အားကောင်းစေ မည့် အကောင်းဆုံးအစားအစာများအနက် တစ်ခုဖြစ်ပါယ်။ ၁၀၀ပါတ ရာခိုင်နှုန်းမြက်စားသော နွားသားကို စားရန် လိုအပ်ပါတယ်။

 

Read More : အူမကြီးရောင်ရမ်းမှုကို သက်သာစေမည့် စားသောက်နည်း ခုနှစ်နည်း

 

အုန်းဆီမှာ ကျန်းမာရေးနှင့်ညီသော အဆီများပါဝင်သည့် အကောင်းဆုံးရင်းမြစ်များအနက် တစ်ခုဖြစ်ပါတယ်။ အုန်းဆီတွင် ပါဝင်သော ဖက်တီးအက်စစ်များမှာ ခန္ဓာကိုယ်တွင်း လျင်မြန်စွာ စုပ်ယူနိုင်ပြီး စွမ်းအင်လျင်မြန်စွာ ရရှိစေနိုင်ပါတယ်။

 

ယောက်သွားများတွင် သွပ်ဓာတ်၊ ဆီလီနီယမ်နှင့် မျိုးအောင်နိုင်မှုအတွက် အရေးကြီးသော ဗီတာမင်အေနှင့် ဒီတို့ပါဝင်သောကြောင့် မျိုးအောင်စေရန် စားပေးရမည့် အကောင်းဆုံးအစားအစာဖြစ်ပါတယ်။

 

သဘာဝအတိုင်း မွေးမြူထားသော နွားများ၏နွားနို့မှ ထုတ်ယူ ထားသော ထောပတ်များတွင် ဗီတာမင် အေ၊ အီး၊ ဒီ၊ ကေနှင့် ကေ-၂ တို့ပါဝင်ပြီး ရင်သွေးဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ်ဝန်ဆောင်စဉ်နှင့် ကိုယ်ဝန်ဆောင်ပြီးနောက် ကျန်းမာရေးတို့နှင့် ဆက်စပ်သော ဇီဝ ဖြစ်ပျက်မှုအတွက် အရေးကြီးပါတယ်။

 


ဗီတာမင်အေကြွယ်ဝစွာပါဝင်သော အသည်းများကို စားပေး ခြင်းဖြင့်လည်း မျိုးအောင်နိုင်မှုကို အထောက်အကူပြုနိုင်ပါတယ်။ ငါးဥ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာမျှ စားပေးခြင်းဖြင့် ပရိုတိန်း အိုမီဂါ-၃ ဖက်တီးအက်စစ်များ၊ ဗီတာမင်အီးနှင့် ဘီ-၁၂ တို့ လုံလောက်စွာ ရမည်ဖြစ်ပြီး ကိုယ်ဝန်သက်တမ်း ၁၂ ပတ်မတိုင်မီ ကိုယ်ဝန်ပျက်ကျနိုင်ခြင်း ကို ကာကွယ်ရန် ဖောလစ်အက်စစ်များသော အသီးအရွက်များဖြစ် သည့် ပဲနီကလေး၊ ပဲစေ့များ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ကညွတ်ပင်၊ ထောပတ်သီးနှင့် လိမ္မော်သီးများ စားပေးသင့်ပါတယ်။

 

Source: 7daydaily

Read times
Rate this item
(1 Vote)