What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 19 April 2019 17:33

အူမကြီး ရောင်ရမ်းခြင်းကြောင့် အဖြစ်များသော လက္ခဏာများ

အူမကြီး (Colitis) ရောင်ရမ်းနေချိန်မှာ အဖြစ်များတဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဗိုက်အောင့်ခြင်း

အူမကြီး ရောင်ရမ်းတာက အစာဟောင်းအိမ်နဲ့ အူမကြီးရဲ့ အတွင်းလိုင်းတွေကို ထိခိုက်စေနိုင်ပြီး အစာအိမ်အနာကို ဖြစ်စေနိုင်ပါတယ်။ အစာအိမ် အူလမ်းကြောင်း ထိခိုက်မှုကြောင့် ပြင်းထန်တဲ့ ဗိုက်အောင့်ဝေဒနာ ရတာ၊ ဗိုက်နာတာနဲ့ ပျို့ချင်အန်ချင် ဖြစ်တာစတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

 

သွေး နှင့် အချွဲပါသော ဝမ်းသွားခြင်း

အူမကြီး ရောင်ရမ်းနေတဲ့ အချိန်မှာ လူနာအများစုက သွေးပါတဲ့ ဝမ်းသွားတတ်တယ်လို့ မကြာခဏ ဆိုကြပါတယ်။ တစ်ခါတစ်ရံ အချွဲ ဒါမှမဟုတ် ပြည်ပါတဲ့ဝမ်း သွားတတ်ပါတယ်။

 

အိမ်သာတက်ချင်စိတ် အလောသုံးဆယ် ဖြစ်ပေါ်ခြင်း

တချို့ လူနာတွေက အူလှုပ်ရှားမှု သိသိသာသာ မဖြစ်ခင်ကတည်းက ဝမ်းသွားချင်ကြောင်း အချက်ပြတာကို အနည်းငယ် သိနေတတ်ပါတယ်။ ဒါပေမဲ့ အိမ်သာကို အချိန်မီရောက်ဖို့ ခက်ခဲပြီး ဝမ်းကို ထိန်းချုပ်ဖို့ မလွယ်ကူတာမျိုး ဖြစ်တတ်ပါတယ်။

 

Read More : နေပူ ၊ လေပူ မှာ ခန္ဓာကိုယ်အပူချိန် လျှော့ချနိုင်ဖို့

 

အိပ်ရေးပျက်ခြင်း

အူမကြီး ရောင်ရမ်းမှု ဖြစ်နေတဲ့အချိန် အတောအတွင်းမှာ မကြာခဏ အူလှုပ်ရှားမှုဖြစ်ပြီး ဝမ်းသွားချင်စိတ် ပေါ်တာကြောင့် တချို့ လူတွေဟာ ညဘက်မှာ လန့်နိုးနေတတ်ပါတယ်။

 

ကိုယ်အလေးချိန် လျော့ကျခြင်း

အူမကြီးရောင်ရမ်းတဲ့ သူတွေဟာ ခန္ဓာကိုယ်က အာဟာရနဲ့ ကယ်လိုရီ စုပ်ယူနိုင်စွမ်းကို အဟန့်အတား ဖြစ်စေတတ်ပါတယ်။ ရလဒ်အနေနဲ့ အူမကြီး ရောင်ရမ်းမှုဆိုင်ရာ ဝေဒနာရှင်တွေ အနေနဲ့ အာဟာရချို့တဲ့မှု အဖြစ်များတတ်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်ဖို့လည်း ခက်ခဲတတ်ပါတယ်။

 

ရေဓာတ်ခမ်းခြောက်ခြင်း

လူအများစုဟာ အူမကြီး ရောင်ရမ်းမှု ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ ရေဓာတ်ခန်းခြောက်မှု အဖြစ်များတတ်ပါတယ်။ ရေဓာတ်ခန်းခြောက်မှုကို ရှောင်လွှဲနိုင်ဖို့ ဖြစ်နိုင်ရင် ရေကို များများသောက်ဖို့ လိုအပ်ပါတယ်။

 

ဝမ်းလျှောခြင်း

အူမကြီး ရောင်ရမ်း နေသူတွေဟာ မကြာခဏ ဝမ်းလျှောတာမျိုးလည်း ဖြစ်တတ်ပါတယ်။

 

Source: Good Health

Read times Last modified on Friday, 19 April 2019 17:42
Rate this item
(0 votes)