What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 29 September 2022 15:37

ကျောက်ကပ် ကျန်းမာစေဖို့ နည်းလမ်းကောင်းများ

ကျောက်ကပ် ကျန်းမာစေ နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 

 

၁. ကျောက်ကပ်အပေါ် ဝန်ထုပ်ဝန်ပိုး သက်ရောက်မှုကို လျှော့ချပါ။

အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေ လျော့ကျစေဖို့ အစားအသောက်တွေကို ဂရုစိုက်ရပါမယ်။ ကျောက်ကပ်ဟာ ဆီးသွားတဲ့ နည်းနဲ့ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်လေ့ ရှိပါတယ်။ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ များလေလေ၊ ကျောက်ကပ်က ပိုအလုပ်လုပ်ရလေလေ ဖြစ်တဲ့အတွက် ကျောက်ကပ်အပေါ် ဝန်ထုပ်ဝန်ပိုး သက်ရောက်မှု များစေတဲ့ အစာတွေကို ရှောင်သင့်ပါတယ်။

 

၂. အရည်များများ သောက်ပါ။

ရေဓာတ် ခမ်းခြောက်ရင် ဆီးလမ်းကြောင်းရဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်နိုင်စွမ်းအား လျော့ကျသွားပါတယ်။ ထို့ကြောင့် ရေအလုံအလောက် သောက်သုံးသင့်ပါတယ်။

 

၃. ကျောက်ကပ် သန့်စင်စေသည့် အစာများ စားပါ။

ကျောက်ကပ်ကို ခန္ဓာကိုယ်မှ အက်စစ်အပိုတွေ စွန့်ထုတ်နိုင်ဖို့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေက ကူညီနေပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ အစာတွေက ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

 

၄. မဂ္ဂနီဆီယမ် မှီဝဲပါ။

မဂ္ဂနီဆီယမ် ချို့တဲ့တဲ့အခါ သွေးတိုးပြီး အဆိပ်အတောက်တွေ ပိုနေတာကြောင့် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ ကို အကြီးအကျယ် ထိခိုက် စေနိုင်ပါတယ်။ ခန္ဓာကိုယ်က မဂ္ဂနီဆီယမ် အလုံအလောက်ရှိမှသာ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်း လုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် ကျောက်ကပ် ကျန်းမာဖို့အတွက် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေ၊ အခွံမာသီး တွေနဲ့ ကောက်နှံ တစ်ခုလုံစာတွေကို စားသင့်ပါတယ်။

 

၅. ဆိုဒီယမ်၊ ဆားနှင့် ပရိုတင်းကို လျှော့ချပါ။

ခန္ဓာကိုယ်က ပရိုတင်းအပို၊ ဆားအပိုနဲ့ ရေအပို စတာတွေကို စွန့်ထုတ်နိုင်ဖို့ စွမ်းအင်အများအပြား အသုံးပြုရပါတယ်။ ဆိုဒီယမ်က ကိုယ်တွင်း အရည်မျှခြေကို ထိန်းပေးပေမယ့် များများ စားသောက်ရင် သွေးတိုးတာ၊ နှလုံးရောဂါထတာ (Heart Attack) နဲ့ လေဖြတ်တာ တို့ကို ဖြစ်စေနိုင်ပါတယ်။ ရေကို မလိုအပ်ဘဲ အလွန်အမင်း သောက်ရင်လည်းကျောက်ကပ် အပေါ် ဖိအားအပို သက်ရောက်ရာက ကျောက်ကပ်ထိခိုက်မှု ဖြစ်တတ်ပါတယ်။

 

၆. ကယ်လ်စီယမ်ကို အလွန်အကျွံ မမှီဝဲပါနှင့်။

ကျောက်ကပ်ဟာ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ် အလုံအလောက် ရောက်ရှိဖို့ ပါဝင်လုပ်ဆောင် ပေးပါတယ်။ ကယ်လ်စီယမ် ပါဝင်တဲ့ နွားနို့၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ် စတဲ့အစာတွေကို စားပါ။ ကယ်လ်စီယမ် အားဖြည့်ဆေးကို ဆရာဝန် ညွှန်ကြားချက်အတိုင်း မှီဝဲပါ။ ကိုယ့်သဘောနဲ့ကိုယ် လိုတာထက် ပိုပြီး မသောက်ပါနဲ့။

Read times Last modified on Thursday, 29 September 2022 15:54
Rate this item
(0 votes)