What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 February 2020 17:27

အာလူးစားခြင်းက သင့်ကို ကိတ်စေနိုင်တယ်ဆိုတာ တကယ်ပဲလား

LCD သူငယ်ချင်းလေးတွေကို နောက်ပြောင်တဲ့အခါ နင်ကိတ်ချင်ရင် အာလူးစားလေဆိုပြီး နောက်ပြောင်လေ့ရှိကြပါတယ်။

အဲ့ဒါက တကယ်အမှန်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဘယ်အစားအစာမှာမှ ကိုယ်ခန္ဓာရဲ့ နေရာတစ်နေရာထကို ကွက်ပြီး ကြီးစေ ကိတ်စေတဲ့အစွမ်းမျိုးမရှိကြပါဘူး။ ပုံမှန်အားဖြင့် ကိုယ်စားလိုက်တဲ့အစာအာဟာရတွေဟာ ခန္ဓာကိုယ်အနှံ့အပြားမှာ သွားပြီး စုနေမှာပါ။ ဒါကြောင့် တင်ပါးကြီးစေဖို့ စားပေးသင့်တဲ့အစားအစာတွေထဲမှာ အာလူးတစ်မျိုးတည်း စားပေးရမှာ မဟုတ်ပါဘူးနော်။

 

အမျိုးသမီးတွေက အစားအစာကရတဲ့ ကစီဓါတ်တွေ ပရိုတင်းဓါတ်တွေကို ခန္ဓာကိုယ်အောက်ပိုင်းမှာ စစုပါတယ်။ ဥပမာ ပေါင်လို တင်လိုနေရာမျိုးတွေမှာပေါ့။ အမျိုးသားတွေကတော့ ဗိုက်မှာစစုလို့ ဗိုက်ခေါက်ထွက်နိုင်ချေ ရာခိုင်နှုန်းပိုများပါတယ်။

 

တင်ပါးကြီးစေဖို့အတွက် အာလူးအပြင် တခြားစားသင့်တဲ့အစားအစာများကတော့ အစေ့အဆန် ၊ ပေါင်မုန့်ကြမ်း ၊ တူနာငါး၊ ငါးအမျိုးမျိုး ၊ ကန်စွန်းဥ ၊ အမဲသား၊ ကြက်သား၊ အသားအမျိုးမျိုး ၊ ကြက်ဥ ၊ အစိမ်းရောင် ဟင်းသီးဟင်ရွက်၊ အသီးအနှံ ၊ ထောပတ်သီးတွေကို စားသုံးပေးသင့်ပါတယ်။

 

Hospitals (Govmt) (အစိုးရဆေးရုံပေါင်း ၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Hospitals (Govmt)

 

အစားအစာကို သေချာဂရုစိုက်ပေးဖို့လိုအပ်တဲ့အပြင် လေ့ကျင့်ခန်းတွေပါ လုပ်ပေးသင့်ပါတယ်။

တင်ပါးကြီးဖို့အတွက် အလွယ်အကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းကို ပြောပြပါဆိုရင် ထိုင်ထလုပ်ပေးခြင်းပါပဲ။ ဒါပေမယ့် ပိုထိရောက်တဲ့ နည်းလမ်းကတော့ ထိုင်ထလုပ်တဲ့အခါ ထိုင်ချတဲ့အချိန်မှာ အောက်အထိရောက်အောင် ထိုင်လိုက်တာမျိုးမဟုတ်ဘဲ တဝက်ပဲထိုင်ပြီး ပြန်ထရပါတယ်။ ထိုနောက် လက်နှစ်ချောင်းကိုလည်း ပုခုံးအကျယ်အတိုင်း အရှေ့ကို ဆန့်ထားရပါမယ်။ ဒီနည်းလမ်းလေးက သင့်ကို ပိုပင်းပန်စေပေမယ့် အများကြီး ပိုထိရောက်တာကို တွေ့နိုင်ပါတယ်။ တကယ်လို့ အဲ့ဒီလေ့ကျင့်ခန်းကို လုပ်တော့မယ်ဆိုရင် အနည်းဆုံး တစ်နေ့ကို အခါ သုံးဆယ်လောက် လုပ်သင့်ပါတယ်။

 

ထို့နောက် မနက်တိုင်း လမ်းလျှောက်ပေးတာ၊ ပြေးတာ၊ ကိုယ်ကာယ လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ။ အစာကို ဂရုစိုက်စားမယ်၊ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲလိုက်မယ်ဆိုရင် အချိန်တိုအတွင်းမှာ သွယ်လျလှပပြီး ကြည့်ကောင်းတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။

Mandalay Directory

 

(Zawgyi)

=======

အာလူးစားျခင္းက သင့္ကို ကိတ္ေစႏိုင္တယ္ဆိုတာ တကယ္ပဲလား

 

LCD သူငယ္ခ်င္းေလးေတြကို ေနာက္ေျပာင္တဲ့အခါ နင္ကိတ္ခ်င္ရင္ အာလူးစားေလဆိုၿပီး ေနာက္ေျပာင္ေလ့ရွိၾကပါတယ္။ အဲ့ဒါက တကယ္အမွန္ပဲလားဆိုေတာ့ မဟုတ္ပါဘူး။ ဘယ္အစားအစာမွာမွ ကိုယ္ခႏၶာရဲ႕ ေနရာတစ္ေနရာထကို ကြက္ၿပီး ႀကီးေစ ကိတ္ေစတဲ့အစြမ္းမ်ိဳးမရွိၾကပါဘူး။ ပုံမွန္အားျဖင့္ ကိုယ္စားလိုက္တဲ့အစာအာဟာရေတြဟာ ခႏၶာကိုယ္အႏွံ႔အျပားမွာ သြားၿပီး စုေနမွာပါ။ ဒါေၾကာင့္ တင္ပါးႀကီးေစဖို႔ စားေပးသင့္တဲ့အစားအစာေတြထဲမွာ အာလူးတစ္မ်ိဳးတည္း စားေပးရမွာ မဟုတ္ပါဘူးေနာ္။

 

အမ်ိဳးသမီးေတြက အစားအစာကရတဲ့ ကစီဓါတ္ေတြ ပ႐ိုတင္းဓါတ္ေတြကို ခႏၶာကိုယ္ေအာက္ပိုင္းမွာ စစုပါတယ္။ ဥပမာ ေပါင္လို တင္လိုေနရာမ်ိဳးေတြမွာေပါ့။ အမ်ိဳးသားေတြကေတာ့ ဗိုက္မွာစစုလို႔ ဗိုက္ေခါက္ထြက္ႏိုင္ေခ် ရာခိုင္ႏႈန္းပိုမ်ားပါတယ္။ တင္ပါးႀကီးေစဖို႔အတြက္ အာလူးအျပင္ တျခားစားသင့္တဲ့အစားအစာမ်ားကေတာ့ အေစ့အဆန္ ၊ ေပါင္မုန႔္ၾကမ္း ၊ တူနာငါး၊ ငါးအမ်ိဳးမ်ိဳး ၊ ကန္စြန္းဥ ၊ အမဲသား၊ ၾကက္သား၊ အသားအမ်ိဳးမ်ိဳး ၊ ၾကက္ဥ ၊ အစိမ္းေရာင္ ဟင္းသီးဟင္႐ြက္၊ အသီးအႏွံ ၊ ေထာပတ္သီးေတြကို စားသုံးေပးသင့္ပါတယ္။

 

Hospitals (Govmt) (အစိုးရေဆးရံုေပါင္း ၆၀ ေက်ာ္ကို ၾကည္႔ရန္ ႏွိပ္ပါ)

Image result for Hospitals (Govmt)

 

အစားအစာကို ေသခ်ာဂ႐ုစိုက္ေပးဖို႔လိုအပ္တဲ့အျပင္ ေလ့က်င့္ခန္းေတြပါ လုပ္ေပးသင့္ပါတယ္။

တင္ပါးႀကီးဖို႔အတြက္ အလြယ္အကူဆုံးနဲ႔ အ႐ိုးရွင္းဆုံး နည္းလမ္းကို ေျပာျပပါဆိုရင္ ထိုင္ထလုပ္ေပးျခင္းပါပဲ။ ဒါေပမယ့္ ပိုထိေရာက္တဲ့ နည္းလမ္းကေတာ့ ထိုင္ထလုပ္တဲ့အခါ ထိုင္ခ်တဲ့အခ်ိန္မွာ ေအာက္အထိေရာက္ေအာင္ ထိုင္လိုက္တာမ်ိဳးမဟုတ္ဘဲ တဝက္ပဲထိုင္ၿပီး ျပန္ထရပါတယ္။ ထိုေနာက္ လက္ႏွစ္ေခ်ာင္းကိုလည္း ပုခုံးအက်ယ္အတိုင္း အေရွ႕ကို ဆန႔္ထားရပါမယ္။ ဒီနည္းလမ္းေလးက သင့္ကို ပိုပင္းပန္ေစေပမယ့္ အမ်ားႀကီး ပိုထိေရာက္တာကို ေတြ႕ႏိုင္ပါတယ္။ တကယ္လို႔ အဲ့ဒီေလ့က်င့္ခန္းကို လုပ္ေတာ့မယ္ဆိုရင္ အနည္းဆုံး တစ္ေန႔ကို အခါ သုံးဆယ္ေလာက္ လုပ္သင့္ပါတယ္။

 

ထို႔ေနာက္ မနက္တိုင္း လမ္းေလွ်ာက္ေပးတာ၊ ေျပးတာ၊ ကိုယ္ကာယ ေလ့က်င့္ခန္းမ်ိဳး လုပ္ေပးပါ။ အစာကို ဂ႐ုစိုက္စားမယ္၊ ကိုယ့္ရဲ႕ ေနထိုင္မႈပုံစံကိုလည္း ေျပာင္းလဲလိုက္မယ္ဆိုရင္ အခ်ိန္တိုအတြင္းမွာ သြယ္လ်လွပၿပီး ၾကည့္ေကာင္းတဲ့ ကိုယ္ခႏၶာအခ်ိဳးအစားကို ပိုင္ဆိုင္ရမွာ အေသအခ်ာပါပဲ။

Mandalay Directory

Read times Last modified on Friday, 28 February 2020 17:49
Rate this item
(0 votes)