What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 November 2016 14:43

ကိုယ်ဝန်ဆောင်နှင့် မွေးစကလေး အထူးကျန်းမာရေး

ကိုယ်ဝန်ဆောင်နှင့် မွေးစကလေး အထူးကျန်းမာရေး Google.com

ကိုယ်ဝန်ဆောင်နှင့် မွေးစကလေး အထူးကျန်းမာရေး

- ကိုယ်ဝန်ဆောင်နှင့် မွေးစကလေး ကျန်းမာရေးဆိုတာ လူထုကျန်းမာရေးစောင့်ရှောက်မှုတွင် အဓိကတစ်ခု ဖြစ်ပါတယ်။

- ကိုယ်ဝန်ဆောင်များသည် မွေးကင်းစမတိုင်မီ ကိုယ်ဝန်ဆောင်ဘ၀ကတည်းက မိခင်ကိုယ်ဝန်ပြ ၊ ဗိုက်အပ်ခြင်းတွေကို ဒေသန္တရကျန်းမာရေးဌာန သို့မဟုတ် သားဖွားမီးယပ်ပါရဂူ (အိုဂျီ) တွေဆီမှာ ပြုလုပ်ရပါတယ်။

- ဗိုက်နုစဉ်မှာ နှစ်ပတ်တစ်ကြိမ် ၊ မွေးခါနီးကာလမှာ တစ်ပတ်တစ်ကြိမ်ချိန်းတတ်ပြီး သားဦးနှင့် သားနှောင်းကလေး ၊ သားကြောဖြတ်ဖို့ပါဆိုရင် မွေးခါနီးကာလမှာ ပိုမိုပြသဖို့ လိုအပ်ပါတယ်။

- သွေးဆင်းခြင်း ၊ ဗိုက်အောင့်ခြင်း ၊ အရိအရွဲဆင်းခြင်း ၊ ကလေးမလှုပ်ခြင်း ဖြစ်လာပါက ချက်ချင်းလာရောက် ပြသဖို့ အထူးလိုအပ်ပါတယ်။

မိခင်နို့မှ ရရှိသည့် အာဟာရ

- ကလေးချက်ကြိုးရဲ့လုပ်ဆောင်မှုက ကလေးအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ရဖို့၊ အစားအစာအတွက် အညစ်အကြေးစွန့်ထုတ်ဖို့အတွက် ချက်ကြိုးမှာရှိတဲ့ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေက ဆောင်ရွက်ပေးပါတယ်။

- ကလေးဖွံ့ဖြိုးရှင်သန်ဖို့ရာ မိခင်၏ အစားအသောက်မှာ မှီခိုနေပြီး မိခင်နို့ရည်က မပူလွန်း ၊ မအေးလွန်း သာမန်အပူချိန်ရှိပြီး ပိုးမွှားကင်းစင်ခြင်း ၊ သန့်စင်ခြင်း ၊ အာဟာရပြည့်စုံခြင်းကို သဘာဝအတိုင်း ဖန်တီးပေးမှု ရရှိမည်ဖြစ်ပါတယ်။

- မိခင်နို့ရည်မှာ သံဓာတ် ၊ ဗီတာမင်စီ ၊ ဗီတာမင်အေစတဲ့ သက်စောင့်ဓာတ် ၊ ကာဗိုဟိုက်ဒြိတ် ၊ ကိုယ်ခံအားကောင်းစေသော ပဋိဇီဝပစ္စည်းများ ပါဝင်ပါတယ်။

- နို့ဦးရည်မှာ ခုခံမှုစွမ်းရည်မြှင့်တင်မှုကို ဖြစ်စေပြီး မွေးမွေးချင်း နာရီဝက်အတွင်း တိုက်ကျွေးသင့်ပါတယ်။

- အမျိုးသမီးတွေမွေးဖွားပြီးတဲ့နောက် ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းဓာတ်တစ်မျိုး သွေးကြောအတွင်း ရောက်ရှိသွားပြီး သားအိမ်ကို ကျုံ့သွားစေပါတယ်။

- ဟော်မုန်း၏ လုပ်ဆောင်ချက်က နို့သီးခေါင်းကို ကလေးစုပ်ယူလိုက်တာနဲ့ တစ်ပြိုင်နက် နို့ရည်ထွက်စေပါတယ်။

- မွေးပြီးရင် ကလေးတစ်ယောက်ကြီးထွားဖွံ့ဖြိုးစေဖို့ ကလေးခန္ဓာကိုယ်တွင်း ဆဲလ်ပမာဏပေါ်မူတည်နေပြီး ဦးနှောက်နဲ့ အာရုံကြောတွေ ရှင်သန်ဖွံ့ဖြိုးလာပါမယ်။

- ကလေးငယ်၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် ကယ်လိုရီကို မိခင်နို့မှ တစ်ဆင့် ရရှိပါတယ်။

မွေးကင်းစကလေးငယ်များ မွေးရာပါ အသားဝါဖြစ်ခြင်း

- မွေးကင်းစကလေးငယ်များသည် ပထမရက်သတ္တပတ်ဖြစ်တတ်တဲ့ရောဂါမှာ မွေးရာပါအသားဝါခြင်းသည် ၆၀ ၊ ၆၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

- အသားဝါရောဂါဖြစ်ခြင်းဟာ သွေးနီဥများ ပေါက်ကွဲပျက်စီးခြင်း ၊ သွေးနီဥ သက်တမ်း လူကြီးလောက်မရှည်ခြင်း ၊ မွေးကင်းစတွင် အသည်းလုပ်ငန်းမပြည့်ဝခြင်း ၊ ဘီလီရူဆင်အ၀ါဓာတ်မျာခြင်း။

- မိခင်နဲ့ကလေးသွေးအုပ်စုမတည့်ခြင်း ၊ မိခင်နို့ကြောင့် ကလေးဝါခြင်း ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ၊ သည်းခြေရည် ပြွန်ပိတ်ဆို့ခြင်း ၊ မွေးကင်းစမှာ ပြုစုစောင့်ရှောက်မှုလိုခြင်း။

- ပေါင်မပြည့် ၊ လမစေ့မွေးပြီး အမေနို့မစို့နိုင်ခြင်း။

မွေးကင်းစကလေး ချက်ကြိုးဖြတ်ခြင်း

- ချက်ကြိုးကို တစ်ခါသုံးဓား သို့မဟုတ် ပိုးသန့်စင်ထားတဲ့ကတ်ကြေး ၊ ဓားတိုနဲ့ဖြတ်သင့်ခြင်း။

- ချက်ကြိုးဖြတ်ရာမှာ သုံးသည့်ပစ္စည်းများ မသန့်ရှင်းပါက မေးခိုင်ရောဂါ နှင့် ချက်တိုင်အနာဖြစ်ခြင်း ၊ အဖျားဝင်ခြင်း ၊ ချက်စိုခြင်း။

ကာကွယ်ဆေးထိုးခြင်း

- ကိုယ်ဝန်ဆောင်ကာလ မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်အပြည့်ထိုးခြင်း။

- ကလေးအသက် ၂ လ ၊ ၄ လ နဲ့ ၆ လ အရွယ်တွေဟာ ဆေးငါးမျိုးပါ ကာကွယ်ဆေးများမှာ ဆုံဆို့၊ ကြက်ညှာ ၊ မေးခိုင် ၊ အသည်းရောင်ဘီ နဲ့ ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးထိုးခြင်း။

- ပိုလီယိုကာကွယ်ဆေး ထိုးခြင်း။

- ကလေး ၂ လ အရွယ်မှာ တီဘီကာကွယ်ဆေး (BCG) ၊ အသက် ၉ လ နဲ့ ၁ နှစ်ခွဲ အရွယ်မှာ ၀က်သက်ကာကွယ်ဆေးထိုးခြင်း။

Source: မြ၀တီ

Read times Last modified on Wednesday, 30 November 2016 14:56
Rate this item
(1 Vote)