What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 August 2018 15:24

ဗီတာမင် B3 က ပြင်းထန် ကျောက်ကပ် ရောဂါကုသရန် အထောက်အကူပြုနိုင်

ဗီတာမင် B3 က ပြင်းထန် ကျောက်ကပ် ရောဂါကုသရန် အထောက်အကူပြုနိုင် Google.com

ဗီတာမင် B3 ဆေးသောက်ခြင်းသည် ပြင်းထန်သော ကျောက် ကပ်ရောဂါကို ကုသရန် (သို့မဟုတ်) ကာကွယ်ရန်ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုကဖော် ပြထားပါတယ်။

ကျောက်ကပ်လုပ်ဆောင်ချက် ရုတ်တရက် ရပ်တန့်သွားနိုင် သည့် ပြင်းထန်သော ကျောက်ကပ်ရောဂါသည် ဆေးရုံတက်နေစဉ် အတွင်း ရှုပ်ထွေးမှုများ၏ ရလဒ်ကြောင့်ဖြစ်လေ့ရှိပါတယ်။ အမေရိ ကန်တွင် ဆေးရုံတက်နေရသော အရွယ်ရောက်ပြီးသူ ၁၀ ရာခိုင်နှုန်း ခန့်သည် ကျောက်ကပ်ရောဂါဖြစ်ပေါ်လေ့ရှိကြောင်း သိရှိလာခဲ့ရပါတယ်။

အမေရိကန်သုတေသီများက ကြွက်များဖြင့် လေ့လာမှုအတွင်း ဗီတာမင် B3 သည် ယင်းရောဂါ ကုသမှုများကို ပိုထိရောက်စေပြီး ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ခန္ဓာကိုယ်က စွန့်ထုတ်ရမည့် ပစ္စည်းများ သွေးထဲ၌ရှိနေပြီး ကျောက်ကပ်ကခန္ဓာကိုယ်ရှိ အရည်ဓာတ်များကို ကောင်းစွာဟန် ချက်ညီအောင် မထိန်းသိမ်းနိုင်သော အခြေအနေတွင် ကျောက်ကပ် ရောဂါဖြစ်ပေါ်စေပါတယ်။

ကြီးကြီးမားမားခွဲစိတ်မှု ခံထားရသူများနှင့် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေမြင့်မားသူများသည် ဗီတာမင် B3 သောက်သုံးခြင်းဖြင့် ရောဂါအခြေအနေများကို ကာကွယ်နိုင်ကြောင်း အမေရိကန်သုတေ သီများကပြောပါတယ်။

ယင်းကျောက်ကပ်ရောဂါကို စောစောစီးစီး စစ်ဆေးတွေ့ရှိပါ က ရောဂါပျောက်ကင်းနိုင်ခြေ မြင့်မားပြီး ရှုပ်ထွေးမှုများသည် ခဏ သာဖြစ်ပေါ်သော်လည်း အသက်အန္တရာယ်ရှိနိုင်ကြောင်း သိရ သည်။ အမေရိကန်နိုင်ငံတွင် ပြင်းထန်သော ကျောက်ကပ်ရောဂါရှိ သူများ၏ ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ၂၀၁၃ က သေဆုံးခဲ့ကြောင်း အမျိုးသားကျန်းမာရေးအဖွဲ့အစည်း NLH ၏ စာရင်းများအရသိရ ပါတယ်။

ယခုလေ့လာမှုကို Nature Medicine ဂျာနယ်တွင် ဖော်ပြထား ပါတယ်။ ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေမြင့်မားသူများအနေဖြင့် ဗီ တာမင် B3 သောက်သုံးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်မည်ဖြစ် ကြောင်း သုတေသီများက ပြောပါတယ်။ ရောဂါရှိနှင့်ပြီး လူနာများအ တွက်လည်း ဗီတာမင် B3 က သက်သာပျောက်ကင်းရန် အထောက် အကူပြုကြောင်း ယခုလေ့လာမှုအရ သိရပါတယ်။

source:7daydaily

Read:အရေးပြားပေါ်က အမဲစက်တွေကို အထိရောက်ဆုံးဖယ်ရှားနည်း

အရေးပြားပေါ်က အမဲစက်တွေကို အထိရောက်ဆုံးဖယ်ရှားနည်း

Read times Last modified on Friday, 24 August 2018 15:34
Rate this item
(1 Vote)