What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 September 2022 14:29

ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ Orissa Post

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်နေ့ကို ဆံပင် အပင် (၅၀) ခန့် ကျွတ်နိုင်ပါတယ်။ ဒါက ပုံမှန်သတ်မှတ်ထားတဲ့ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ ဆံပင်ကျွတ်တဲ့ ပမာဏပါ။ ဒီထက်ပိုပြီး ဆံပင်ကျွတ်တာမျိုး၊ ဆံပင်အထွေးလိုက်ကြီး ကျွတ်တာမျိုး၊ ခေါင်းလျှော်နေရင်း ဆံသားကို လက်နဲ့ဆွဲမိလိုက်တဲ့အခါ အလိုအလျောက်ကျွတ်လာတာမျိုးဆိုရင်တော့ စိုးရိမ်စရာလိုလာပါပြီ။

 

ဘာလို့ ဆံပင်တအားကျွတ်လာတာလဲ

 

စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ဆံသားမွေးညှင်းပေါက်များကို ထိခိုက်စေတဲ့အတွက် ဆံပင်အများအပြား ကျွတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဆံပင်ကျွတ်တာ မျိုးရိုးလိုက်တဲ့ သူတွေမှာလည်း ဖြစ်နိုင်ပြီး အမျိုးအစား (၁) ဆီးချိုရောဂါ၊ နာတာရှည်အဆစ်ရောင် ရောဂါ အစရှိတဲ့ ကိုယ်ခံအားစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ရောဂါရှိသူတွေမှာ ပိုအဖြစ်များပါတယ်။

 

ဆံပင် ကျွတ်စေတဲ့အကြောင်းအရင်း ၈ မျိုး

၁။ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်ခြင်း

၂။ရောဂါနှင့် သောက်သုံးနေသောဆေးဝါးများကြောင့် ဆံပင်ကျွတ်ခြင်း

၃။ဗီတာမင်ဓာတ်များချို့တဲ့ကြောင့် ဆံပင်ကျွတ်ခြင်း

၄။ခေါင်းဖြီး ၊ ခေါင်းလျှော်တာ များလွန်းတာကြောင့် ဆံပင်ကျွတ်ခြင်း

၅။ဆံပင်ကို အလွန်အကျွံပြုပြင်တာကြောင့် ဆံပင်ကျွတ်ခြင်း

၆။တင်းကြပ်စွာချည်နှောင်ထားတာကြောင့် ဆံပင်ကျွတ်ခြင်း

၇။စိတ်ဖိစီးမှု များနေတာကြောင့် ဆံပင်ကျွတ်ခြင်း

၈။ မျိုးရိုးလိုက်သောကြောင့် ဆံပင်ကျွတ်ခြင်း

viber1.jpg

အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဆံပင်ကျွတ်ခြင်းအကြောင်းရင်း

ဆံပင်ကို မကြာခဏ ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးတတ်တဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားပြီးချိန်၊ သွေးဆုံးချိန်တွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းမျှခြေ ပျက်ယွင်းခြင်းကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ကိုယ်သောက်နေတဲ့ တားဆေးတွေ၊ ရောဂါပျောက်ဆေးကြောင့်လည်း ဆံပင်ကျွတ်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့နိုင်ပါတယ်။

 

ဆံပင်ကျွတ်တာကို ဘယ်လိုကာကွယ်ပေးနိုင်လဲ

အမျိုးသမီးတွေအနေနဲ့ မကြာခဏ ဆံပင်ကောက်လိုက်၊ ဖြောင့်လိုက်လုပ်တာ၊ ဆံပင်ကို အရမ်းကျပ်ထုတ်နေအောင် စည်းတာမျိုး၊ ကျစ်ဆံမြီးကျစ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ မကြာခဏ ဆံပင်ကို ကိုင်တာ၊ ဆောင့်ဆွဲတာ၊ လိမ်ကျစ်တာ၊ ကလစ်တွေအကြာကြီး ညှပ်ထားမျိုး ရှောင်ကြဉ်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာ ဆံပင်ကို ခေါင်းလျှော်ရည်ကောင်းကောင်းနဲ့ ညင်သာစွာ ကိုင်တွယ်ပြီး လျှော်ပေးပါ။ ခြောက်အောင် သုတ်ပေးပါ။ မစိပ်မကျဲဘီးကို အသုံးပြုပြီး ခေါင်းဖြီးပေးပါ။


ဆံပင်ကျွတ်စေတဲ့ ဖြည့်စွက်စာတွေ၊ ဆေးဝါးတွေ သောက်နေရပြီဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးပြောင်းခိုင်းပါ။ ဆံပင်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် နေပူထဲသွားတော့မယ်ဆိုရင် ထီး၊ ဦးထုပ် အမြဲဆောင်းပါ။ ဆေးလိပ်သောက်ခြင်းဟာ ဆံပင်ကျွတ်ခြင်းအပေါ် သက်ရောက်မှုရှိတာကြောင့် မသောက်တာ အကောင်းဆုံးပါပဲ။ စိတ်ဖိစီးမှုကို လျှော့ချပါ။ ကိုယ့်အတွက် အနားယူချိန်သီးသန့်ထားပေးပါ။ ယောဂကျင့်စဉ်ကျင့်ခြင်းဖြင့် ကိုယ့်ရဲ့စိတ်ကို တည်ငြိမ်အောင် ထားပါ။


ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ်သိနေအောင် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။

 

Ref: Hello Health Group 

Myanmar Health Products Guide

viber.jpg

Read times
Rate this item
(0 votes)