What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 July 2019 12:29

သွေးစစ်လို့ ESR တတ်တယ်ဆိုတာ ဘာလဲ

ESR ဆိုတာက Erythrocyte Sedimentation Rate ရဲ့အတို​ကောက်​နာမည် တစ်ခုဖြစ်​ပါတယ်။

ဆိုလိုတာကတော့ ကိုယ့်ရဲ့ သွေးဆဲလ်ဖြစ်တဲ့ Erythrocyte (Red Blood Cell, RBC) ​တွေရဲ့ အနည်​ထိုင်​မှုနှုန်း တိုင်းတာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

 

ကိုယ့်​ရဲ့ ​သွေးပြန်​​ကြောထဲက ​ဖောက်​ယူထားတဲ့ ​သွေး​တွေကို စမ်းသပ်​ပြွန်​(Test tube ) တစ်​ခုထဲကို ထည့်​ပြီး တစ်နာရီအကြာမှာ သွေးအနည်းထိုင်နှုန်းရလဒ်​ကို တိုင်းတာပြီး စမ်းသပ်​စစ်ဆေးတဲ့ ​​ဆေးနည်းတစ်​ခုလည်း ဖြစ်ပါတယ်။

 

လူတစ်ယောက်မှာ ပုံမှန်ဆိုရင် သွေးတွေက စမ်းသပ်ပြွန်ထဲမှာ ခပ်နှေးနှေးပဲ အနည်ထိုင်လေ့ရှိပါတယ်။ အကယ်၍ လူခန္ဓာကိုယ်မှာ ရောင်ရမ်းမှုဖြစ်စဉ် (Inflammation) တစ်ခု ဖြစ်နေခဲ့တဲ့အခါမှာ သွေးနီဥဆဲလ်တွေဟာ မြန်မြန် အနည်ထိုင်ပါတယ်။ မြန်မြန်အနည်ထိုင်တဲ့အခါ ကျနော်တို့ရဲ့ ESR က ပုံမှန်ထက် ပိုများတတ်ပါတယ်။ ရောင်ရမ်းမှုကြောင့် အနည်ထိုင်နှုန်းမြန်ပြီး ၊ ရောင်ရမ်းမှုပြင်းထန်လေလေ ESR တတ်လေလေပဲ ဖြစ်ပါတယ်။

 

ရောဂါပိုးဝင်​တဲ့အ​ခြေအ​နေ​ (Infection) ၊ သွေး​လေးဘက်​နာ (Rheumatoid arthritis) ၊ ပိုး​လေးဘက်​နာ (Rheumatic fever) ၊ အဆစ်အမြစ်ကိုက်ခဲရောင်ရမ်းခြင်း (Arthritis) ၊ အူ​ရောင်​​ရောဂါ (Inflammatory bowel disease) ၊ နှလုံး​ရောဂါ (Heart disease) ၊ ကင်​ဆာ​ရောဂါတချို့ (Certain cancers) နဲ့ ကျောက်​ကပ်​​ရောဂါ (Kidney disease) ရှိတဲ့ သူတွေမှာ ဆိုရင် ESR တတ်နိုင်ပါတယ်။

 

များသောအားဖြင့် အမျိုးသမီးတွေမှာ သွေးအားနည်းခြင်း (Aneamia) ၊ ကိုယ်ဝန်ရှိခြင်း (Pergnancy) နှင့် ရာသီသွေးပေါ် (Menstruation) တဲ့အခါ တွေမှာ ESR တတ်လေ့ရှိပါတယ်။

 

ပုံမှန်​ထက်​ အနည်​ထိုင်​မှုနှုန်း ​နှေးရင်​ ၊ နည်းရင်​​တော့ ​သွေးနီဥဆဲလ်​ များလွန်းပြီး ​သွေးပြစ်​ခြင်း (Polycythaemia) ၊ တံစဉ်​ပုံ​ သွေးနီဥဆဲလ်​​ကြောင့်​ ​သွေးအားနည်းတဲ့​ရောဂါ (Sickle cells anaemia) ၊ ​သွေးဖြူဥများခြင်း (Leukocytosis) ၊ ​သွေးဖြူဥ​တွေ ပုံမမှန်​ဘဲ ပွားများလွန်း​နေတဲ့ အ​ခြေအ​နေ​တွေမှာ ​သွေးနီဥဆဲလ်​ အနည်​ထိုင်​မှု အရမ်း​နှေးတာ​ကြောင့်​ ပုံမှန်​​အောက်​ကို ​ရောက်​​နေတတ်​ပါတယ်​။

ခြင်ကိုက်ခံရခြင်းမှ ကင်းဝေးအောင် ပြုလုပ်နိုင်သော နည်းလမ်း (၄) ခု ဖတ်ရှုရန် နှိပ်ပါ

ခြင်ကိုက်ခံရခြင်းမှ ကင်းဝေးအောင် ပြုလုပ်နိုင်သော နည်းလမ်း (၄) ခု

 

ESR ရလဒ်ကို ကြည့်ပြီး ကောက်ချက်ချနိုင်တာ တစ်ခုကတော့ မိမိရဲ့ ခန္ဓာကိုထဲများ ရောင်ရမ်းမှုဖြစ်ဖော်နေခြင်း နဲ့ သွေးဆဲလ် ပြဿနာ တစ်ခုခုရှိနေပြီးဆိုတာကို သိနိုင်ပါတယ်။ တခြားစစ်​​ဆေးမှုရလဒ်​​တွေနဲ့ ​ပေါင်းစပ်​ပြီးမှသာ ​ရောဂါကို အ​ဖြေရှာနိုင်​တဲ့ စမ်းသပ်​မှုတစ်​ခုသက်​သက်​ပါပဲ။

 

ESR တက်​တာနဲ့ ​ရောဂါရှိပြီးဆိုပြီး ဆေးကုသမှု ခံယူဖို့လဲ မလိုပါဘူး။ (ဥပမာ - ကိုယ်​ဝန် ၊ ရာသီ​သွေး​ပေါ်တဲ့ အခါတွေက ပုံမှန်ဖြစ်စဉ် တစ်ခုလည်း ဖြစ်ပါတယ်။ ပုံမှန် ESR သည် ကျား - မ ၊ အသက် အရွယ်ကို လိုက်ပြီး ပြောင်းလေ့ရှိပြီး အသက် ကြီးလေ ပိုမြင့်လေဖြစ်ပါတယ်။ ESR ကို ရောင်ရမ်းခြင်း(Inflammation) ၏ အမှတ် သင်္ကေတ တစ်ခုဖြစ်ပြီး အဆစ်နာ ၊ အဆစ်ရောင် ရောဂါများ တွင်လည်း အခြား ဓာတ်ခွဲ စမ်းသပ်ခြင်း များနှင့် အတူ ESR ကို စစ်လေ့ရှိပါတယ်။

ပုံ၁

{{\rm {ESR}}}\ (mm/h)\leq {\frac  {{{\rm {Age}}}\ ({{\it {in\ years}}})+10\ ({{\it {if\ female}}})}{2}}

၁၉၈၃ခုနှစ် အသက် ၂၀နှစ်နဲ့အထက်အယောက် ၁၀၀၀ ကိုတွက်ချက်ရာမှာတော့ ပုံမှန်အနေအထားအတွက် ယောက်ကျားလေးဆိုရင် ရောက်ရှိအသက်ကို ၂နဲ့စား၊ အမျိုးသမီးဆိုရင် ရောက်ရှိအသက်ကို ၁၀ပေါင်းပြီး ၂နဲ့စားဆိုတဲ့ ဖော်မြူလာကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၆ခုနှစ်ကိုရောက်တဲ့အခါမှာတော့ အထက်ပါဖော်မြူလာကနေထွက်ပေါ်လာတဲ့ရလဒ်တွေထက် နည်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

 

ပုံ ၂

 

Age205590
Men—5% exceed 12 14 19
Women—5% exceed 18 21 23

 

ပုံမှန်​ ESR ရလဒ်​​တွေက​တော့

အသက်​ ၅၀ ​အောက်​ အမျိုးသမီး = 20 mm/hr ​အောက်

အသက်​ ၅၀ အထက်​ အမျိုးသမီး = 30 mm/hr ​အောက်

အသက်​ ၅၀ ​အောက်​ အမျိုးသား = 15 mm/hr ​အောက်

အသက်​ ၅၀ အထက်​ အမျိုးသား = 20 mm/hr ​အောက်

က​လေးငယ်​​တွေက​တော့ 0 - 10 mm/hr အတွင်းမှာပဲရှိရပါမယ်​။ အ​ပေါ်ကသတ်​မှတ်​ချက်​ထက်​ ​ကျော်​ရင်​ ESR တက်​တယ်​လို့ သတ်​မှတ်​ပြီး များများတက်​​လေ ၊ ​ရောင်​ရမ်းမှုဖြစ်​စဉ်​ ပြင်းထန်​​လေပါပဲ။

 

Ref : Dr.Nay Linn Aung

Read times Last modified on Tuesday, 30 July 2019 12:44
Rate this item
(1 Vote)