What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 23 February 2018 11:44

အျမန္ဆံုးဝိတ္က်ေစတဲ့ အစားအစာမ်ား

အျမန္ဆံုးဝိတ္က်ေစတဲ့ အစားအစာမ်ား google.com

(၁) ပန္းသီး

ပန္းသီးမွာ pectin လုိ႔ေခၚတဲ့ အမွ်င္ဓာတ္ပါဝင္တာေၾကာင့္ အစာခ်က္ႏွဳန္းကို ေႏွးေစျပီး

အဆာပိုခံႏုိင္ေစပါတယ္။ ေလ့လာေတြ႔ရိွခ်က္အရ တစ္ေန႔ကို ပန္းသီး (၃)လံုးစားေပးတဲ့ အမ်ိဳးသမီးေတြဟာ ကယ္လိုရီတူညီတဲ့ ဂ်ံဳမွဳန္႔ကြတ္ကီးစားတဲ့ အမ်ိဳးသမီးေတြထက္ ဝိတ္ပိုက်ေၾကာင္း သိရပါတယ္။

(၂) လက္ဖက္စိမ္းေရေႏြး

လတ္ဆတ္တဲ့ လက္ဖက္စိမ္းေရေႏြးကို ေသာက္သံုးေပးျခင္းက ခႏၶာကိုယ္တြင္း ဇီဝျဖစ္စဥ္ေတြကို ပိုမုိကာင္းမြန္ေစျပီး ကယ္လိုရီကိုလည္း ေလာင္ကၽြမ္းေစႏုိင္ပါတယ္။ ေန႔စဥ္ သၾကားမပါတဲ့ လက္ဖက္စိမ္းေရေႏြး (၃)ခြက္ ေသာက္ေပးျခင္းျဖင့္ ကယ္လိုရီ (၉၀)ကို ေလာင္ကၽြမ္းေစပါတယ္။

(၃) ဒိန္ခ်ဥ္

အဆီထုတ္ထားတဲ့ ဒိန္ခ်ဥ္ဟာ အသားဓာတ္နဲ႔ ကယ္ဆီယမ္ဓာတ္တို႔ပါဝင္တာေၾကာင့္ အာဟာရျဖစ္ေစျပီး ဝိတ္လည္း က်ေစပါတယ္။ နံနက္ခင္းမွာ စားပါက ပိုမိုထိေရာက္မွာျဖစ္ျပီး မိမိႏွစ္သက္ရာ အသီးအႏွံတစ္မ်ိဳးမ်ိဳးနဲ႔ ေရာေႏွာ စားသံုးလို႔လည္း အဆင္ေျပပါတယ္။

(၄) ၾကက္ဥ

ကစီဓာတ္မ်ားတဲ့ အစားအစာေတြေနရာမွာ ၾကက္ဥကို အစားထိုး စားေပးျခင္းက ကယ္လိုရီတက္မွဳကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ၾကက္ဥျပဳတ္ေတြကလည္း ဝိတ္ခ်ရာမွာ စားသံုးေပးႏုိင္တဲ့ အလြန္အသံုးဝင္ေသာ မုန္႔တစ္မ်ိဳးျဖစ္ပါတယ္။

(၅) တူနာငါး

တူနာငါးဟာ အဆီဓာတ္မပါဘဲ အသားဓာတ္ၾကြယ္ဝတဲ့အတြက္ ခႏၶာကိုယ္တြင္း ဇီဝျဖစ္စဥ္ကို ျမွင့္တင္ေပးႏုိင္ျပီး တူနာဆီသြတ္ဘူးတစ္ဘူးမွာ ပါဝင္တဲ့ အသားဓာတ္ (၃၂)ဂရမ္ဟာ ဝိတ္ခ်ေနသူေတြ အစားအစာအနပ္တုိင္းမွာ လိုအပ္ေနတဲ့ အသားဓာတ္ပမာဏျဖစ္ပါတယ္။

(၆) ေထာပတ္သီး

ၾကြယ္ဝတဲ့ အႏွစ္အရသာေၾကာင့္ လူႀကိဳက္မ်ားတဲ့ ေထာပတ္သီးမွာ အမွ်င္ဓာတ္နဲ႔ အာဟာရဓာတ္မ်ားစြာ ပါဝင္ပါတယ္။ ေန႔လည္စာစားတဲ့အခါ ေထာပတ္သီးကို တြဲဖက္စားသံုးေပးပါက အစာစားခ်င္စိတ္ ေလ်ာ့က်ေစျပီး အဆာခံႏုိင္ေစပါတယ္။

Source: SM

 Unicode

 

(၁) ပန်းသီး
ပန်းသီးမှာ pectin လို့ခေါ်တဲ့ အမျှင်ဓာတ်ပါဝင်တာကြောင့် အစာချက်နှုန်းကို နှေးစေပြီး အဆာပိုခံနိုင်စေပါတယ်။ လေ့လာတွေ့ရှိချက်အရ တစ်နေ့ကို ပန်းသီး (၃)လုံးစားပေးတဲ့ အမျိုးသမီးတွေဟာ ကယ်လိုရီတူညီတဲ့ ဂျုံမှုန့်ကွတ်ကီးစားတဲ့ အမျိုးသမီးတွေထက် ဝိတ်ပိုကျကြောင်း သိရပါတယ်။
(၂) လက်ဖက်စိမ်းရေနွေး
လတ်ဆတ်တဲ့ လက်ဖက်စိမ်းရေနွေးကို သောက်သုံးပေးခြင်းက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တွေကို ပိုမိုကာင်းမွန်စေပြီး ကယ်လိုရီကိုလည်း လောင်ကျွမ်းစေနိုင်ပါတယ်။ နေ့စဉ် သကြားမပါတဲ့ လက်ဖက်စိမ်းရေနွေး (၃)ခွက် သောက်ပေးခြင်းဖြင့် ကယ်လိုရီ (၉၀)ကို လောင်ကျွမ်းစေပါတယ်။
(၃) ဒိန်ချဉ်
အဆီထုတ်ထားတဲ့ ဒိန်ချဉ်ဟာ အသားဓာတ်နဲ့ ကယ်ဆီယမ်ဓာတ်တို့ပါဝင်တာကြောင့် အာဟာရဖြစ်စေပြီး ဝိတ်လည်း ကျစေပါတယ်။ နံနက်ခင်းမှာ စားပါက ပိုမိုထိရောက်မှာဖြစ်ပြီး မိမိနှစ်သက်ရာ အသီးအနှံတစ်မျိုးမျိုးနဲ့ ရောနှော စားသုံးလို့လည်း အဆင်ပြေပါတယ်။
(၄) ကြက်ဥ
ကစီဓာတ်များတဲ့ အစားအစာတွေနေရာမှာ ကြက်ဥကို အစားထိုး စားပေးခြင်းက ကယ်လိုရီတက်မှုကို လျှော့ချပေးနိုင်ပါတယ်။ ကြက်ဥပြုတ်တွေကလည်း ဝိတ်ချရာမှာ စားသုံးပေးနိုင်တဲ့ အလွန်အသုံးဝင်သော မုန့်တစ်မျိုးဖြစ်ပါတယ်။
(၅) တူနာငါး
တူနာငါးဟာ အဆီဓာတ်မပါဘဲ အသားဓာတ်ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပြီး တူနာဆီသွတ်ဘူးတစ်ဘူးမှာ ပါဝင်တဲ့ အသားဓာတ် (၃၂)ဂရမ်ဟာ ဝိတ်ချနေသူတွေ အစားအစာအနပ်တိုင်းမှာ လိုအပ်နေတဲ့ အသားဓာတ်ပမာဏဖြစ်ပါတယ်။
(၆) ထောပတ်သီး
ကြွယ်ဝတဲ့ အနှစ်အရသာကြောင့် လူကြိုက်များတဲ့ ထောပတ်သီးမှာ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ နေ့လည်စာစားတဲ့အခါ ထောပတ်သီးကို တွဲဖက်စားသုံးပေးပါက အစာစားချင်စိတ် လျော့ကျစေပြီး အဆာခံနိုင်စေပါတယ်။
Source: SM

Read times
Rate this item
(0 votes)