What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 September 2019 14:38

တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းသူအမျိုးသမီးများအလိုရှိသည်

၁။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ အမျိုးသမီး (အပျို) ဖြစ်ရမည်။

(ခ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ (၁) လအတွင်းရရှိသည့် ထောက်ခံစာမူရင်းနှင့် ပတ်စ်ပို့အရွယ်ဓာတ်ပုံ (၃) ပုံတို့ကို ပူးတွဲတင်ပြရမည်။

(ဂ) လျှောက်ထားသူသည် (၁.၁.၂၀၂၀) ရက်တွင် အသက် (၁၆) နှစ်အောက် မငယ်ရ၊ (၁၈) နှစ်ထက်မကြီးရ။

 

(ဃ) အနည်းဆုံးအရပ် (၅) ပေ (၂) လက်မနှင့် ကိုယ်အလေးချိန် (၉၅) ပေါင်ထက်မနည်းရ။

(င) မျက်မှန်တပ်ဆင်ထားသူ မဖြစ်စေရ။

(စ) မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိရမည်။

 

(ဆ) လျှောက်လွှာနှင့်အတူပါရှိသော ဆေးစစ်ပုံစံဖြင့် မိမိတို့နေထိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်ရှိ တပ်မတော်ဆေးရုံ/ပြည်သူ့ဆေးရုံတွင် ပဏာမကျန်းမာရေးစစ်ဆေးအောင်မြင်သူဖြစ်ရမည်။

(ဇ) တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာတွဲများဖြင့် အောင်မြင်ပြီးသူဖြစ်ရမည်။ (အမှတ်စာရင်းတင်ပြရမည်။)

(ဈ) တပ်မတော်၏ အုပ်ချုပ်မှုစနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။

 

၂။ လျှောက်လွှာများကို မိမိတို့နှင့် နီးစပ်ရာ တပ်/ဌာနချုပ်များတွင် (၄.၉.၂၀၁၉) ရက်နေ့မှစ၍ အခမဲ့ရယူနိုင်သည်။ လျှောက်လွှာကို (၅.၁၀.၂၀၁၉) ရက်နေ့နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူခဲ့သော တပ်/ဌာနချုပ်များသို့ ပြန်လည်ပေးပို့ကြရမည်။

၃။ သင်တန်းဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာသာတွဲတို့ကို တက္ကသိုလ်ဝင်စာမေးပွဲသင်ရိုးညွှန်းတမ်းအတိုင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်တွင် (၁၉.၁၀.၂၀၁၉) ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။

 

၄။ အရည်အချင်းစစ်စာမေးပွဲအောင်စာရင်းကို တိုင်းစစ်ဌာနချုပ်များတွင် (၁၅.၁၁.၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်။ အရည်အချင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်သူများသည် (၂၆.၁၁.၂၀၁၉) ရက်နေ့မှ (၃၀.၁၁.၂၀၁၉) ရက်နေ့အတွင်း တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရမည်။

၅။ သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ် (၁၆၈၀၀၀) ကျပ်၊ ဒုတိယနှစ် (၁၇၄၀၀၀) ကျပ်၊ တတိယနှစ် (၁၈၀၀၀၀) ကျပ်၊ စတုတ္ထနှစ် (၁၈၆၀၀၀) ကျပ်ရရှိမည်။

 

၆။ သင်တန်းအောင်မြင်ပြီးလျှင် မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် အောက်ပါဘွဲ့များအပ်နှင်းပေးမည်-

(က) သူနာပြုသိပ္ပံဘွဲ့ B.N.Sc (Bachelor of Nursing Science)

(ခ) ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့ B.Pharm (Bachelor of Pharmacy)

(ဂ) ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာ) B.Med.Tech (Medical Laboratory Technology)

(ဃ) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှုနည်းပညာ) B.Med.Tech (Physiotherapy)

(င) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ) B.Med.Tech (Medical Imaging Technology)

(စ) ခြေတုလက်တုနှင့် အားပြုကိရိယာနည်းပညာသိပ္ပံဘွဲ့ B.Med.Tech (Prosthetics and Orthotics)

 

၇။ သင်တန်းပြီးမြောက်အောင်မြင်သောအခါ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် သူနာပြု (Nurse) နှင့် ဆေးဘက်ကျွမ်းကျင်သူများ အဖြစ်ခန့်အပ်ပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် မဟာသိပ္ပံဘွဲ့ (Master of Science) နှင့် ပါရဂူဘွဲ့ (Ph.D) သင်တန်းများ တက်ရောက်ခွင့်ရရှိမည်။

 

၈။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် သူနာပြု (Nurse)/ ဆေးဖက်ကျွမ်းကျင်သူ (တတိယတန်း) အမှုထမ်းသက် (၁) နှစ်၊ အထက်တန်း သူနာပြု/ဆေးဖက်ကျွမ်းကျင်သူ (ဒုတိယတန်း) အမှုထမ်းသက် (၂) နှစ်၊ စုစုပေါင်း (၃) နှစ်ပြည့်မြောက်ပြီး သက်ဆိုင်ရာတို့မှ ပြန်တမ်းဝင်အရာရှိအဖြစ် အဆင့်တိုးမြှင့်ပေးရန် ထောက်ခံတင်ပြလျှင် ဒုတိယဗိုလ် [အထက်တန်းသူနာပြု/ကျွမ်းကျင်သူ (ဒုတိယတန်း)] အဖြစ် စတင်ခန့်အပ်ပေးမည်။

 

မှတ်ချက်။ အသေးစိတ်သိရှိလိုပါက မိမိတို့လျှောက်လွှာထုတ်ယူခဲ့သည့် တပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။

မြဝတီသတင်းစာ

 

(zawgyi)

----------

တပ္မေတာ္သူနာျပဳ ႏွင့္ ေဆးဘက္ပညာတကၠသိုလ္ သင္တန္းသူအမ်ိဳးသမီးမ်ားအလိုရွိသည္

၁။ ေလွ်ာက္ထားသူသည္-

(က) ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံသား အိမ္ေထာင္မရွိဖူးသူ အမ်ိဳးသမီး (အပ်ိဳ) ျဖစ္ရမည္။

(ခ) အက်င့္စာရိတၱေကာင္းမြန္ေၾကာင္း သက္ဆိုင္ရာျပည္နယ္/တိုင္းေဒသၾကီး/ျမိဳ႕နယ္ရဲတပ္ဖဲြ႔စခန္းတစ္ခုခုမွ တင္ျပသည့္ေန႔မတိုင္မီ (၁) လအတြင္းရရွိသည့္ ေထာက္ခံစာမူရင္းႏွင့္ ပတ္စ္ပို႔အရြယ္ဓာတ္ပံု (၃) ပံုတို႔ကို ပူးတဲြတင္ျပရမည္။

(ဂ) ေလွ်ာက္ထားသူသည္ (၁.၁.၂၀၂၀) ရက္တြင္ အသက္ (၁၆) ႏွစ္ေအာက္ မငယ္ရ၊ (၁၈) ႏွစ္ထက္မၾကီးရ။

 

(ဃ) အနည္းဆံုးအရပ္ (၅) ေပ (၂) လက္မႏွင့္ ကိုယ္အေလးခ်ိန္ (၉၅) ေပါင္ထက္မနည္းရ။

(င) မ်က္မွန္တပ္ဆင္ထားသူ မျဖစ္ေစရ။

(စ) မိဘအုပ္ထိန္းသူ၏ ခြင့္ျပဳခ်က္ရရွိရမည္။

 

(ဆ) ေလွ်ာက္လႊာႏွင့္အတူပါရွိေသာ ေဆးစစ္ပံုစံျဖင့္ မိမိတို႔ေနထိုင္ရာ ျပည္နယ္/တိုင္းေဒသၾကီး/ျမိဳ႕နယ္ရွိ တပ္မေတာ္ေဆးရံု/ျပည္သူ႔ေဆးရံုတြင္ ပဏာမက်န္းမာေရးစစ္ေဆးေအာင္ျမင္သူျဖစ္ရမည္။

(ဇ) တကၠသိုလ္၀င္စာေမးပဲြကို ရူပေဗဒ၊ ဓာတုေဗဒႏွင့္ ဇီ၀ေဗဒဘာသာတဲြမ်ားျဖင့္ ေအာင္ျမင္ျပီးသူျဖစ္ရမည္။ (အမွတ္စာရင္းတင္ျပရမည္။)

(စ်) တပ္မေတာ္၏ အုပ္ခ်ဳပ္မႈစနစ္အတိုင္း လိုက္နာေဆာင္ရြက္ႏိုင္သူျဖစ္ရမည္။

 

၂။ ေလွ်ာက္လႊာမ်ားကို မိမိတို႔ႏွင့္ နီးစပ္ရာ တပ္/ဌာနခ်ဳပ္မ်ားတြင္ (၄.၉.၂၀၁၉) ရက္ေန႔မွစ၍ အခမဲ့ရယူႏိုင္သည္။ ေလွ်ာက္လႊာကို (၅.၁၀.၂၀၁၉) ရက္ေန႔ေနာက္ဆံုးထား၍ ေလွ်ာက္လႊာထုတ္ယူခဲ့ေသာ တပ္/ဌာနခ်ဳပ္မ်ားသို႔ ျပန္လည္ေပးပို႔ၾကရမည္။

 

၃။ သင္တန္း၀င္ခြင့္ အရည္အခ်င္းစစ္စာေမးပဲြအတြက္ အဂၤလိပ္စာႏွင့္ ဇီ၀ေဗဒဘာသာတဲြတုိ႔ကို တကၠသိုလ္၀င္စာေမးပဲြသင္ရိုးညႊန္းတမ္းအတိုင္း သက္ဆိုင္ရာတိုင္းစစ္ဌာနခ်ဳပ္တြင္ (၁၉.၁၀.၂၀၁၉) ရက္ေန႔တြင္ ေျဖဆိုၾကရမည္ျဖစ္ပါသည္။

 

၄။ အရည္အခ်င္းစစ္စာေမးပြဲေအာင္စာရင္းကို တိုင္းစစ္ဌာနခ်ဳပ္မ်ားတြင္ (၁၅.၁၁.၂၀၁၉) ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာမည္။ အရည္အခ်င္းစစ္စာေမးပဲြေျဖဆိုေအာင္ျမင္သူမ်ားသည္ (၂၆.၁၁.၂၀၁၉) ရက္ေန႔မွ (၃၀.၁၁.၂၀၁၉) ရက္ေန႔အတြင္း တပ္မေတာ္ဗိုလ္ေရြးအဖဲြ႔တြင္ ၀င္ေရာက္အစစ္ေဆးခံရမည္။

 

၅။ သင္တန္းကာလတြင္ လစာအျဖစ္ ပထမႏွစ္ (၁၆၈၀၀၀) က်ပ္၊ ဒုတိယႏွစ္ (၁၇၄၀၀၀) က်ပ္၊ တတိယႏွစ္ (၁၈၀၀၀၀) က်ပ္၊ စတုတၳႏွစ္ (၁၈၆၀၀၀) က်ပ္ရရွိမည္။

 

၆။ သင္တန္းေအာင္ျမင္ျပီးလ်ွင္ မိမိတို႔သင္ယူခဲ့သည့္ ဘာသာရပ္အလိုက္ ေအာက္ပါဘဲြ႔မ်ားအပ္ႏွင္းေပးမည္-

(က) သူနာျပဳသိပၸံဘဲြ႔ B.N.Sc (Bachelor of Nursing Science)

(ခ) ေဆး၀ါးကြ်မ္းက်င္မႈ သိပၸံဘဲြ႔ B.Pharm (Bachelor of Pharmacy)

(ဂ) ေဆးဘက္ဆိုင္ရာ နည္းပညာဘဲြ႔ (ေဆးဘက္ဆိုင္ရာဓာတ္ခဲြနည္းပညာ) B.Med.Tech (Medical Laboratory Technology)

 

(ဃ) ေဆးဘက္ဆိုင္ရာနည္းပညာဘဲြ႔ (ေဆးဘက္ဆိုင္ရာခႏၶာသန္စြမ္းမႈနည္းပညာ) B.Med.Tech (Physiotherapy)

(င) ေဆးဘက္ဆိုင္ရာနည္းပညာဘဲြ႔ (ေဆးဘက္ဆိုင္ရာဓာတ္မွန္ႏွင့္ ပံုရိပ္ေဖာ္နည္းပညာ) B.Med.Tech (Medical Imaging Technology)

(စ) ေျခတုလက္တုႏွင့္ အားျပဳကိရိယာနည္းပညာသိပၸံဘဲြ႔ B.Med.Tech (Prosthetics and Orthotics)

 

၇။ သင္တန္းျပီးေျမာက္ေအာင္ျမင္ေသာအခါ တပ္မေတာ္ေဆး၀န္ထမ္းတပ္ဖဲြ႔၀င္ သူနာျပဳ (Nurse) ႏွင့္ ေဆးဘက္ကြ်မ္းက်င္သူမ်ား အျဖစ္ခန္႔အပ္ေပးမည္ျဖစ္ျပီး သတ္မွတ္အရည္အခ်င္းႏွင့္ ကိုက္ညီပါက မိမိတို႔သင္ယူခဲ့သည့္ ဘာသာရပ္အလိုက္ မဟာသိပၸံဘဲြ႔ (Master of Science) ႏွင့္ ပါရဂူဘဲြ႔ (Ph.D) သင္တန္းမ်ား တက္ေရာက္ခြင့္ရရွိမည္။

 

၈။ တပ္မေတာ္ေဆး၀န္ထမ္းတပ္ဖဲြ႔၀င္ သူနာျပဳ (Nurse)/ ေဆးဖက္ကြ်မ္းက်င္သူ (တတိယတန္း) အမႈထမ္းသက္ (၁) ႏွစ္၊ အထက္တန္း သူနာျပဳ/ေဆးဖက္ကြ်မ္းက်င္သူ (ဒုတိယတန္း) အမႈထမ္းသက္ (၂) ႏွစ္၊ စုစုေပါင္း (၃) ႏွစ္ျပည့္ေျမာက္ျပီး သက္ဆိုင္ရာတို႔မွ ျပန္တမ္း၀င္အရာရွိအျဖစ္ အဆင့္တုိးျမွင့္ေပးရန္ ေထာက္ခံတင္ျပလွ်င္ ဒုတိယဗိုလ္ [အထက္တန္းသူနာျပဳ/ကြ်မ္းက်င္သူ (ဒုတိယတန္း)] အျဖစ္ စတင္ခန္႔အပ္ေပးမည္။

 

မွတ္ခ်က္။ အေသးစိတ္သိရွိလိုပါက မိမိတို႔ေလွ်ာက္လႊာထုတ္ယူခဲ့သည့္ တပ္/ဌာနခ်ဳပ္မ်ားတြင္ စံုစမ္းေမးျမန္းႏိုင္သည္။

 

ျမ၀တီသတင္းစာ

Read times Last modified on Wednesday, 29 January 2020 17:40
Rate this item
(1 Vote)