What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Saturday, 15 February 2020 09:59
Mycobacterium - (MTB ) အဆုတ်တီဘီရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း
ခေတ်မှာ လူလူတော်တော်များများက အဆုတ်နဲပတ်သက်တဲ့ရောဂါ အများစုကို ခံစားနေရပါတယ်။
စက်မှုထွန်းကားနေတဲ့ခေတ်   ဖြစ်တဲ့အတွက်  ကောင်းကျိုးများစွာရှိလာတာ   နဲ့အမျှ လေထုညစ်ညမ်းမှုကလည်း   တစ်နေ့တစ်ခြားဖြစ်ပေါ် နေပါတယ်။  လေထုညစ်ညမ်းခြင်းက  ရာသီဥတုမမှန်တာ နဲ့  သက်ရှိများ အသက်ရူလမ်းကြောင်းဆိုင်ရာ ပြဿနာများနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ 
အထူးသဖြင့် အသက်ရူလမ်းကြောင်း နဲပတ်သက်သော အဆုတ်ကင်ဆာ ၊ အဆုတ်တီဘီ ၊ လည်ချောင်းကင်ဆာ စတဲ့ ရောဂါများစွာနဲ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အဆုတ်တီဘီဆိုတာ တစ်ရူးများကို တိုက်ခိုက်ဖျက်စီးသော Mycobacterium - (MTB ) ဘတ်တီးရီးယားပိုး ကူးစက်မှုကြောင့် ဖြစ်ပေါ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
အဆုတ်တီဘီရောဂါ လက္ခဏာများ
အဆုတ်တီဘီရောဂါက စတင်ကူးစက်ဖြစ်ပွားချိန်တွင် ရောဂါလက္ခဏာပြလေ့ မရှိပါ။ ခန္ဓာကိုယ်အတွင်း ရောဂါပျံ့နှံသွားချိန်မှသာ လက္ခဏာများထွက်ပေါ် လေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့အတွက် ၆ လတစ်ကြိမ် သွေးစစ်တာ ၊ တီဘီရောဂါ အရေပြား စစ်ဆေးတာ ၊ ရင်ဘတ်ကို ဓာတ်မှန်ရိုက်တာ တို့ဖြင့် အဆုတ်တီဘီရောဂါ ရှိမရှိ    သိရှိနိုင်ပါတာယ်။ ချောင်းဆိုးကြာတာ ( အနည်းဆုံး ၄ပတ်လောက်) ၊သလိပ်ထွက်တာ ၊ သလိပ်ထဲသွေးပါတာ ၊ အဖျားတတ်တာ ၊ ညဘက်ချွေးထွက်တာ ၊ ကိုယ်အလေးချိန်ကျတာ ၊ အစာစားချင်စိတ်ပျောက်တာ ၊ မောပန်းတာ ၊ လည်ပင်းတွင် အကျိတ်များထွက်တာ နဲ့ ရင်ဘတ်အောင့်တာ စတဲ့ လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။
အဆုတ်တီဘီရောဂါ ဖြစ်ပွားခြင်းမှလျော့ချနည်း
ရင်ဘတ်ကို နွေးထွေးစွာဝတ်ဆင်တာ ၊ သန့်ရှင်းသော ရေများသောက်တာ ၊   အဆုတ်ကင်တီဘီရောဂါ ဝေသနာရှင် နဲ့ အတူနေ စားသောက်ခြင်းမှ ရှောင်ကျဉ်တာ ၊  န္ဓာကိုယ်ကြံ့ခိုင်အောင် စားသောက်တာ ၊ လူစုလူဝေးများသည့် နေရာများမှ ရှောင်ကျဉ်တာ ၊ ဆေးလိပ် ၊ အရက်သောက်ခြင်းမှ ရှောင်ကျဉ်တာ နဲ့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အဆုတ်တီဘီရောဂါဖြစ်ပွားခြင်းကို လျော့ချနိုင်ပါတယ်။
Township Healthcare Centres (မြို့နယ်ဒေသန္တရ ဆေးခန်းပေါင်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for Township Healthcare Centres
အဆုတ်တီဘီရောဂါ ပျံ့နှံ့ပုံ
အဆုတ်တီဘီရောဂါက လေထုကနေတစ်ဆင့် ပျံ့နှံ့သော ရောဂါတစ်မျိုးဖြစ်တဲ့ အတွက် နှချေတာ ၊ တံသွေး ၊ အဆုတ်တီဘီဝေသနာရှင်များနှင့် ကြာရှည်စွာထိတွေ့တာ ၊ ဆေးထိုအပ်အတူသုံးမိတာ နဲ့ အတူစားသောက်ခြင်းမှလည်း ကူဆက်ပျွံ့နှံ့ နိုင်ပါတယ်။
အဆုတ်တီဘီရောဂါကုသနည်း
အဆုတ်တီဘီရောဂါကို   ဆရာဝန် ရဲ့  စစ်ဆေးစမ်သပ် အတည်ပြုပြီး ၃ လ ( သို့) ၆ လ နဲ့ ၆ လ ထက်ပိုကြာသော ဆေးသောက်ခြင်းများပြုလုပ်ခြင်းဖြင့်  ပျောက်ကင်းနိုင်ပါတယ်။  ဒါအပြင် ဆေးကို   တစ်နေ့ ၂ ကြိမ်ပုံမှန်သောက်တာ ၊   ဆေးသောက်ပြီး (၃ လ (သို့) ၆ လ ) ပြန်လည်စစ်ဆေးတာ ၊ ပေါ့ပါးသော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်တာ ၊ တကိုယ်ရေသန့်ရှင်းအောင်နေတာ ၊ အဖျားတတ်တာ ၊ ချမ်းတုန်တာ များဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ ပြသပြီးကုသမှုခံယူပါ။
Written By Health Products Directory
(Zawgyi)
=====
Read times
Rate this item
(0 votes)