What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 12 September 2019 14:10

ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (ပေါင်းကူး) သင်တန်းများအတွက်လျှောက်လွှာခေါ်ယူခြင်း

၂၀၁၉ ပညာသင်နှစ်တွင် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်တွင်ဖွင့်လှစ်မည့် ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာ၊ ဆေးဘက်ဆိုင်ရာဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ) (ပေါင်းကူး) သင်တန်းများဝင်ခွင့်အတွက် အောက်ပါသတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူနိုင်ငံ့ဝန်ထမ်းများ လျှောက်ထားနိုင်ပါကြောင်းကြေညာအပ်ပါသည်။

၁။ အရည်အချင်းသတ်မှတ်ချက်

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) အနိမ့်ဆုံးအခြေခံပညာအထက်တန်း (က) အဆင့်ဖြင့်အောင်မြင်ပြီးသူဖြစ်ရမည်။

(ဂ) ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးဘက်ကျွမ်းကျင် (၃) (ဓာတ်ခွဲ)၊ (ဓာတ်မှန်) ရာထူးဖြင့် အနည်းဆုံးလုပ်သက် (၅) နှစ် တာဝန်ထမ်းဆောင်ပြီးသူဖြစ်ရမည်။

 

(ဃ) လျှောက်လွှာပိတ်သည့်ရက်တွင် အသက် (၅၀) နှစ်ထက်မကြီးသူဖြစ်ရမည်။

(င) သင်တန်းတက်ရောက်အောင်မြင်ပြီးပါက (၃) နှစ်ဆက်တိုက် ဆက်လက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

 

၂။ လျှောက်လွှာပိတ်ရက်မှာ (၃၁.၁၀.၂၀၁၉) ကြာသပတေးနေ့ဖြစ်ပါသည်။

 

၃။ ပူးတွဲလျှောက်လွှာပုံစံအတိုင်း ပြည့်စုံစွာဖြည့်စွက်၍ သက်ဆိုင်ရာဌာနအကြီးအမှူးမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး ကြိုတင်လျှောက်လွှာမိတ္တူ (၁) စောင်ကို ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်သို့ မပျက်မကွက်ပေးပို့ လျှောက်ထားရမည်။

မှတ်ချက်။ ။ (၁) သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးမှ တစ်ဆင့်လျှောက်ထားရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်း သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး၏ ထောက်ခံချက်ပါရှိရမည်။

 

(၂) လျှောက်လွှာပိတ်ရက်ထက်နောက်ကျပြီး ပေးပို့သောလျှောက်လွှာများ၊ သတ်မှတ်ချက်မပြည့်စုံသော လျှောက်လွှာများ၊ သက်ဆိုင်ရာဌာန အကြီးအမှူးမှတစ်ဆင့် လျှောက်ထားခြင်းမရှိသော လျှောက်လွှာများကို လုံး၀ (လုံးဝ) လက်ခံစဉ်းစားမည်မဟုတ်ပါ။

 

၄။ လျှောက်လွှာနှင့်အတူ ပေးပို့ရမည့်အချက်များ-

(က) ကိုယ်ရေးရာဇဝင်အပြည့်အစုံ

(ခ) ဝန်ထမ်းစိစစ်ရေးကတ်မိတ္တူနှင့် ဝန်ထမ်းကိုယ်ရေးကတ်မိတ္တူမှန်

(ဂ) အခြေခံပညာအထက်တန်း (သို့) တက္ကသိုလ်ဝင်တန်း (က) အဆင့် အောင်လတ်မှတ် (မိတ္တူမှန်)

 

(ဃ) (၆) လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၁) ပုံကို လျှောက်လွှာတွင်ကပ်ပြီး အပို (၂) ပုံ၏ ကျောဘက်တွင် အမည်နှင့် မှတ်ပုံတင်အမှတ်ရေးသားရန်

(င) လက်ရှိတာဝန်ထမ်းဆောင်နေကြောင်း သက်ဆိုင်ရာဌာနအကြီးအမှူး၏ ထောက်ခံစာမူရင်း

 

၅။ သင်တန်းဝင်ခွင့်အတွက် ရေးဖြေ/ နှုတ်ဖြေစာမေးပွဲများဖြင့် စစ်ဆေးရွေးချယ်ပါမည်။ ဝင်ခွင့်ရေးဖြေစာမေးပွဲကို (၁၈.၁၁.၂၀၁၉) ရက် (တင်္နလာ) နေ့တွင် စစ်ဆေးပါမည်။

၆။ သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် ဆေးဘက်ဆိုင်ရာနည်းပညာသင်တန်းဝင်ခွင့် စာမေးပွဲကြေး (၁၀၀၀) ကျပ်တိတိကို ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်၏ မြန်မာ့စီးပွားရေးဘဏ် (အင်းစိန်) တွင် ဖွင့်လှစ်ထားသော MD-011670 သို့ ပေးသွင်းရမည်။

 

(မှတ်ချက်။ ။ မြို့နယ်စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ် အင်းစိန်တွင် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်ငွေစာရင်းအမှတ် MD-011670 သို့ လိပ်မူ၍ ငွေလွှဲစနစ်ဖြင့်လည်း ပေးပို့နိုင်ပါသည်။)

 

၇။ လျှောက်လွှာခေါ်ယူသည့် ကြေညာချက်အပြည့်အစုံနှင့် အသေးစိတ်အချက်အလက်များကို ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန် ဖုန်းနံပါတ် (၀၁-၆၄၅၇၅၃၊ ၀၁-၆၄၅၇၄၆) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (သို့) ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်၏ website (www.umty.gov.mm) သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Source: ကြေးမုံ

 

(Zawgyi)

----------

ေဆးဘက္ဆိုင္ရာနည္းပညာဘဲြ႔ (ေပါင္းကူး) သင္တန္းမ်ားအတြက္ေလွ်ာက္လႊာေခၚယူျခင္း

 

၂၀၁၉ ပညာသင္ႏွစ္တြင္ ေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္၊ ရန္ကုန္တြင္ဖြင့္လွစ္မည့္ ေဆးဘက္ဆိုင္ရာနည္းပညာဘဲြ႔ (ေဆးဘက္ဆိုင္ရာဓာတ္ခဲြနည္းပညာ၊ ေဆးဘက္ဆိုင္ရာဓာတ္မွန္ႏွင့္ ပံုရိပ္ေဖာ္နည္းပညာ) (ေပါင္းကူး) သင္တန္းမ်ား၀င္ခြင့္အတြက္ ေအာက္ပါသတ္မွတ္အရည္အခ်င္းႏွင့္ ျပည့္စံုသူႏိုင္င့ံ၀န္ထမ္းမ်ား ေလွ်ာက္ထားႏိုင္ပါေၾကာင္းေၾကညာအပ္ပါသည္။

 

၁။ အရည္အခ်င္းသတ္မွတ္ခ်က္

(က) ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံသားျဖစ္ရမည္။

(ခ) အနိမ့္ဆံုးအေျခခံပညာအထက္တန္း (က) အဆင့္ျဖင့္ေအာင္ျမင္ျပီးသူျဖစ္ရမည္။

 

(ဂ) ကုသေရးဦးစီးဌာနႏွင့္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနတြင္ ေဆးဘက္ကြ်မ္းက်င္ (၃) (ဓာတ္ခဲြ)၊ (ဓာတ္မွန္) ရာထူးျဖင့္ အနည္းဆံုးလုပ္သက္ (၅) ႏွစ္ တာ၀န္ထမ္းေဆာင္ျပီးသူျဖစ္ရမည္။

(ဃ) ေလွ်ာက္လႊာပိတ္သည့္ရက္တြင္ အသက္ (၅၀) ႏွစ္ထက္မၾကီးသူျဖစ္ရမည္။

(င) သင္တန္းတက္ေရာက္ေအာင္ျမင္ျပီးပါက (၃) ႏွစ္ဆက္တိုက္ ဆက္လက္တာ၀န္ထမ္းေဆာင္ႏိုင္သူျဖစ္ရမည္။

 

၂။ ေလွ်ာက္လႊာပိတ္ရက္မွာ (၃၁.၁၀.၂၀၁၉) ၾကာသပေတးေန႔ျဖစ္ပါသည္။

 

၃။ ပူးတဲြေလွ်ာက္လႊာပံုစံအတိုင္း ျပည့္စံုစြာျဖည့္စြက္၍ သက္ဆိုင္ရာဌာနအၾကီးအမွဴးမွတစ္ဆင့္ ေလွ်ာက္ထားရမည္ျဖစ္ျပီး ၾကိဳတင္ေလွ်ာက္လႊာမိတၱဴ (၁) ေစာင္ကို ေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္၊ ရန္ကုန္သို႔ မပ်က္မကြက္ေပးပို႔ ေလွ်ာက္ထားရမည္။

 

မွတ္ခ်က္။ ။ (၁) သက္ဆိုင္ရာဌာန ၀န္ထမ္းအဖဲြ႔အစည္း အၾကီးအမွဴးမွ တစ္ဆင့္ေလွ်ာက္ထားရမည္ျဖစ္ျပီး ႏိုင္ငံ့၀န္ထမ္းျဖစ္ေၾကာင္း သက္ဆိုင္ရာဌာန ၀န္ထမ္းအဖဲြ႔အစည္း အၾကီးအမွဴး၏ ေထာက္ခံခ်က္ပါရွိရမည္။

 

(၂) ေလွ်ာက္လႊာပိတ္ရက္ထက္ေနာက္က်ျပီး ေပးပို႔ေသာေလွ်ာက္လႊာမ်ား၊ သတ္မွတ္ခ်က္မျပည့္စံုေသာ ေလွ်ာက္လႊာမ်ား၊ သက္ဆိုင္ရာဌာန အၾကီးအမွဴးမွတစ္ဆင့္ ေလွ်ာက္ထားျခင္းမရွိေသာ ေလွ်ာက္လႊာမ်ားကို လံုး၀ (လံုး၀) လက္ခံစဥ္းစားမည္မဟုတ္ပါ။

 

၄။ ေလွ်ာက္လႊာႏွင့္အတူ ေပးပို႔ရမည့္အခ်က္မ်ား-

(က) ကိုယ္ေရးရာဇ၀င္အျပည့္အစံု

(ခ) ၀န္ထမ္းစိစစ္ေရးကတ္မိတၱဴႏွင့္ ၀န္ထမ္းကိုယ္ေရးကတ္မိတၱဴမွန္

 

(ဂ) အေျခခံပညာအထက္တန္း (သို႔) တကၠသိုလ္၀င္တန္း (က) အဆင့္ ေအာင္လတ္မွတ္ (မိတၱဴမွန္)

(ဃ) (၆) လအတြင္း ရိုက္ကူးထားေသာ ပတ္စ္ပို႔အရြယ္ ဓာတ္ပံု (၁) ပံုကို ေလွ်ာက္လႊာတြင္ကပ္ျပီး အပို (၂) ပံု၏ ေက်ာဘက္တြင္ အမည္ႏွင့္ မွတ္ပံုတင္အမွတ္ေရးသားရန္

(င) လက္ရွိတာ၀န္ထမ္းေဆာင္ေနေၾကာင္း သက္္ဆိုင္ရာဌာနအၾကီးအမွဴး၏ ေထာက္ခံစာမူရင္း

 

၅။ သင္တန္း၀င္ခြင့္အတြက္ ေရးေျဖ/ ႏႈတ္ေျဖစာေမးပဲြမ်ားျဖင့္ စစ္ေဆးေရြးခ်ယ္ပါမည္။ ၀င္ခြင့္ေရးေျဖစာေမးပဲြကို (၁၈.၁၁.၂၀၁၉) ရက္ (တနၤလာ) ေန႔တြင္ စစ္ေဆးပါမည္။

၆။ သင္တန္း၀င္ခြင့္ေလွ်ာက္ထားသူမ်ားသည္ ေဆးဘက္ဆိုင္ရာနည္းပညာသင္တန္း၀င္ခြင့္ စာေမးပဲြေၾကး (၁၀၀၀) က်ပ္တိတိကို ေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္၊ ရန္ကုန္၏ ျမန္မာ့စီးပြားေရးဘဏ္ (အင္းစိန္) တြင္ ဖြင့္လွစ္ထားေသာ MD-011670 သို႔ ေပးသြင္းရမည္။

 

(မွတ္ခ်က္။ ။ ျမိဳ႕နယ္စီးပြားေရးဘဏ္ခဲြမ်ားမွတစ္ဆင့္ ျမန္မာ့စီးပြားေရးဘဏ္ အင္းစိန္တြင္ ေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္၊ ရန္ကုန္ေငြစာရင္းအမွတ္ MD-011670 သို႔ လိပ္မူ၍ ေငြလႊဲစနစ္ျဖင့္လည္း ေပးပို႔ႏုိင္ပါသည္။)

 

၇။ ေလွ်ာက္လႊာေခၚယူသည့္ ေၾကညာခ်က္အျပည့္အစံုႏွင့္ အေသးစိတ္အခ်က္အလက္မ်ားကို ေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္၊ ရန္ကုန္ ဖုန္းနံပါတ္ (၀၁-၆၄၅၇၅၃၊ ၀၁-၆၄၅၇၄၆) သို႔ ဆက္သြယ္စံုစမ္းႏိုင္ပါသည္။ (သို႔) ေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္၊ ရန္ကုန္၏ website (www.umty.gov.mm) သို႔လည္း ၀င္ေရာက္ၾကည့္ရႈႏိုင္ပါသည္။

 

Source: ေၾကးမံု

Read times Last modified on Wednesday, 05 February 2020 11:25
Rate this item
(0 votes)