What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 October 2019 11:34

ကျန်းမာရေးအတွက် ကော်ဖီလေးတစ်ခွက်

ကော်ဖီချစ်သူတွေအနေနဲ့ ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်တတ်ဖို့တော့ လိုပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် အကူအညီဖြစ်အောင် ကော်ဖီကို ဘယ်လိုသောက်မလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

သဘာဝအော်ဂဲနစ်နည်းနဲ့ စိုက်ပျိုးထားတဲ့ ကော်ဖီကို ရွေးချယ်ပါ။

ကော်ဖီအနံ့နဲ့ အရသာမှုန့်တွေ ထည့်ထားတဲ့ ကော်ဖီမစ်ထုပ်တွေထက် သဘာဝနည်းနဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ ကော်ဖီမှုန့်စစ်စစ်က ကျန်းမာရေးအတွက် ပိုကောင်းစေတယ်နော်။ ဒေသထွက် ကော်ဖီမှုန့်စစ်စစ်ကို ဆိုင်ကြီးတွေမှာ ဝယ်ယူနိုင်ပါတယ်။

 

သကြားမထည့်ဘဲ ဖျော်သောက်ပါ။

သကြားမပါတဲ့ ကော်ဖီပူပူခါးခါးလေး တစ်ခွက်က ကျန်းမာရေးနဲ့ ပိုသင့်တော်ပါတယ်။ ကော်ဖီအရမ်းခါးလို့ မသောက်နိုင်သူတွေအနေနဲ့ Creamer လိုမျိုး အဆီထုတ်ထားတဲ့ နို့နဲ့ ရောစပ်သောက်လို့ ရတယ်လေ။ သကြားထည့်သောက်တာထက် ပိုအန္တရာယ်ကင်းသလို ခါးဆိမ့်ဆိမ့်နဲ့ စိတ်ကို ကြည်လင်လန်းဆန်းစေမယ့် ကော်ဖီအရသာကို တကယ်ပေးနိုင်ပါတယ်နော်။

 

ဝိတ်မြန်မြန်ကျအောင် ဆောင်ရန် ၊ ရှောင်ရန်များ ဖတ်ရှုရန် နှိပ်ပါ

ဝိတ္ျမန္ျမန္က်ေအာင္ ေဆာင္ရန္ ၊ ေ႐ွာင္ရန္မ်ား

ကော်ဖီစေ့ဝယ်ပြီး အိမ်မှာ ကြိတ်စက်နဲ့ ကိုယ်တိုင် ကြိတ်သောက်ပါ။ ပတ်ဝန်းကျင် လေထုက အောက်ဆီဂျင်နဲ့ အစိုဓာတ်တွေက လတ်ဆတ်မှုရဲ့ ရန်သူဖြစ်သလို ဓာတ်တိုးဆန့်ကျင်အစွမ်းရဲ့ ရန်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကော်ဖီစေ့ကို ဝယ်ပြီး ကြိတ်စက်နဲ့ ခုကြိတ်၊ ခုဖျော်၊ ခုနှပ်သောက်တာက ပိုကျန်းမာစေတဲ့ ကော်ဖီသောက်နည်းတစ်မျိုးပါ။

 

တစ်နေ့တာအတွက် ကော်ဖီတစ်ခွက်ပဲ သောက်ပါ။

တကယ်လို့ သင်ဟာ တစ်နေ့ကို ကော်ဖီ ၅ ခွက်နဲ့အထက် သောက်တတ်သူဆိုရင် သင့်ကျန်းမာရေးအတွက် မကောင်းတော့ဘူးနော်။ တတ်နိုင်ရင် တစ်နေ့တာ အတွက် ကော်ဖီတစ်ခွက်ပဲ သောက်တာက ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။

အစာစားပြီးမှ ကော်ဖီသောက်ပါ။

 

သကြားမပါတဲ့ ကော်ဖီတစ်ခွက်က ပန်ကရိယကို လှုံ့ဆော်ပေးပြီး အင်ဆူလင် ထွက်စေလို့ ကျန်းမာရေးအတွက် ကောင်းပါတယ်။ အစာမရှိဘဲ သောက်ရင်တော့ သွေးတွင်း သကြားဓာတ်ကို ရုတ်တရက် ကျဆင်းစေပြီး ဆာလောင်ငတ်မွတ်ခြင်းကို ဖြစ်စေပါသတဲ့။ အစာစားပြီးမှ ကော်ဖီသောက်ရင်တော့ သွေးတွင်းသကြားဓာတ် ကို ကော်ဖီက ထိန်းညှိပေးနိုင်ပါတယ်။

 

(Zawgyi)

---------

က်န္းမာေရးအတြက္ ေကာ္ဖီေလးတစ္ခြက္

 

ေကာ္ဖီခ်စ္သူေတြအေနနဲ႔ ေကာ္ဖီကို က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ ေသာက္တတ္ဖို႔ေတာ့ လိုပါတယ္။ ဒီေတာ့ က်န္းမာေရးအတြက္ အကူအညီျဖစ္ေအာင္ ေကာ္ဖီကို ဘယ္လိုေသာက္မလဲဆိုတာကို ေလ့လာၾကည့္ၾကရေအာင္။

 

သဘာဝေအာ္ဂဲနစ္နည္းနဲ႔ စိုက္ပ်ိဳးထားတဲ့ ေကာ္ဖီကို ေရြးခ်ယ္ပါ။

ေကာ္ဖီအနံ႔နဲ႔ အရသာမႈန္႔ေတြ ထည့္ထားတဲ့ ေကာ္ဖီမစ္ထုပ္ေတြထက္ သဘာဝနည္းနဲ႔ စိုက္ပ်ိဳးထုတ္လုပ္ထားတဲ့ ေကာ္ဖီမႈန္႔စစ္စစ္က က်န္းမာေရးအတြက္ ပိုေကာင္းေစတယ္ေနာ္။ ေဒသထြက္ ေကာ္ဖီမႈန္႔စစ္စစ္ကို ဆိုင္ႀကီးေတြမွာ ဝယ္ယူႏိုင္ပါတယ္။

 

သၾကားမထည့္ဘဲ ေဖ်ာ္ေသာက္ပါ။

သၾကားမပါတဲ့ ေကာ္ဖီပူပူခါးခါးေလး တစ္ခြက္က က်န္းမာေရးနဲ႔ ပိုသင့္ေတာ္ပါတယ္။ ေကာ္ဖီအရမ္းခါးလို႔ မေသာက္ႏိုင္သူေတြအေနနဲ႔ Creamer လိုမ်ိဳး အဆီထုတ္ထားတဲ့ ႏို႔နဲ႔ ေရာစပ္ေသာက္လို႔ ရတယ္ေလ။ သၾကားထည့္ေသာက္တာထက္ ပိုအႏၲရာယ္ကင္းသလို ခါးဆိမ့္ဆိမ့္နဲ႔ စိတ္ကို ၾကည္လင္လန္းဆန္းေစမယ့္ ေကာ္ဖီအရသာကို တကယ္ေပးႏိုင္ပါတယ္ေနာ္။

 

ဝိတ္ျမန္ျမန္က်ေအာင္ ေဆာင္ရန္ ၊ ေ႐ွာင္ရန္မ်ား ဖတ္ရႈရန္ ႏွိပ္ပါ

ဝိတ္ျမန္ျမန္က်ေအာင္ ေဆာင္ရန္ ၊ ေ႐ွာင္ရန္မ်ား

 

ေကာ္ဖီေစ့ဝယ္ၿပီး အိမ္မွာ ႀကိတ္စက္နဲ႔ ကိုယ္တိုင္ ႀကိတ္ေသာက္ပါ။ ပတ္ဝန္းက်င္ ေလထုက ေအာက္ဆီဂ်င္နဲ႔ အစိုဓာတ္ေတြက လတ္ဆတ္မႈရဲ႕ ရန္သူျဖစ္သလို ဓာတ္တိုးဆန္႔က်င္အစြမ္းရဲ႕ ရန္သူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ေကာ္ဖီေစ့ကို ဝယ္ၿပီး ႀကိတ္စက္နဲ႔ ခုႀကိတ္၊ ခုေဖ်ာ္၊ ခုႏွပ္ေသာက္တာက ပိုက်န္းမာေစတဲ့ ေကာ္ဖီေသာက္နည္းတစ္မ်ိဳးပါ။

 

တစ္ေန႔တာအတြက္ ေကာ္ဖီတစ္ခြက္ပဲ ေသာက္ပါ။

တကယ္လို႔ သင္ဟာ တစ္ေန႔ကို ေကာ္ဖီ ၅ ခြက္နဲ႔အထက္ ေသာက္တတ္သူဆိုရင္ သင့္က်န္းမာေရးအတြက္ မေကာင္းေတာ့ဘူးေနာ္။ တတ္ႏိုင္ရင္ တစ္ေန႔တာ အတြက္ ေကာ္ဖီတစ္ခြက္ပဲ ေသာက္တာက က်န္းမာေရးအတြက္ အေကာင္းဆံုးပါပဲ။

 

အစာစားၿပီးမွ ေကာ္ဖီေသာက္ပါ။

သၾကားမပါတဲ့ ေကာ္ဖီတစ္ခြက္က ပန္ကရိယကို လံႈ႔ေဆာ္ေပးၿပီး အင္ဆူလင္ ထြက္ေစလို႔ က်န္းမာေရးအတြက္ ေကာင္းပါတယ္။ အစာမ႐ွိဘဲ ေသာက္ရင္ေတာ့ ေသြးတြင္း သၾကားဓာတ္ကို ႐ုတ္တရက္ က်ဆင္းေစၿပီး ဆာေလာင္ငတ္မြတ္ျခင္းကို ျဖစ္ေစပါသတဲ့။ အစာစားၿပီးမွ ေကာ္ဖီေသာက္ရင္ေတာ့ ေသြးတြင္းသၾကားဓာတ္ ကို ေကာ္ဖီက ထိန္းညႇိေပးႏိုင္ပါတယ္။

Read times Last modified on Friday, 07 February 2020 14:57
Rate this item
(2 votes)