What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 February 2020 18:07

၂၁ ရက် လမ်းလျှောက်နည်းဖြင့် ဝိတ်ချမယ်

၂၁ ရက် လမ်းလျှောက်နည်းဖြင့် ဝိတ်ချမယ် Brightside.me

လမ်းလျှောက်ခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံး ကိုယ်လက်လှုပ်ရှားတဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။

ဒါ့အပြင် လမ်းလျှောက်ခြင်း ရဲ့ အကျိုးကျေးဇူးအနေဖြင့် ဦးနှောက်သွေး လည်ပတ်မှု အားကောင်းခြင်းစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ များစွာ အထောက်အကူဖြစ်တဲ့ နည်းဘဲ ဖြစ်ပါတယ်။  ဒါ့အပြင် ၂၁ ရက် လမ်းလျှောက်တဲ့ နည်းနဲ့ ဝိတ်ချနိုင်မယ့် နည်းလမ်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

 

Week 1

A 21-Day Walking Plan That Can Help You Kick the Excess Weight Out of Your Body

Day 1 - မနက်စောစော နဲ့ ညနေပိုင်း ကို ပုံမှန် ၅ မိနစ် စတင်လမ်း လျှောက်ပေးပါ။

Day 2 - မနက်ခင်း နဲ့ ညနေပိုင်းမှာ ပုံမှန်နှုန်းအတိုင်းဘဲ ပထမနေ့ထက် ၇ မိနစ် လောက် လမ်းလျှောက်ပေးပါ။

Day 3 - မနက် နှင့် ညနေကို ၉ မိနစ်ထိ တိုးပြီး လမ်းလျှောက်ပေးပါ။

Day 4 - အရင်နေ့ထက် ၁၀ မိနစ်နှုန်းဖြင့် တစ်နေ့ကို နှစ်ကြိမ် လမ်းလျှောက်ပေးပါ။

Day 5 - မနက်ခင်း နဲ ညနေခင်းကို ၁၂ မိနစ် လမ်းလျှောက်ပါ၊ တစ်ပတ်ပြည့်တော့မယ်ဆိုတဲ့အတွက် ခံနိုင်ရည်ရှိဖို့ လိုပါမယ်။

Day 6 - ဒီရက်မှာတော့ ၁၅ မိနစ် ထိတိုး ပြီးလမ်းလျှောက် ပေးပါ။

Day 7 - ဒီရက်က လမ်းလျှောက်ရက် တစ်ပတ်ပြည့်သောရက်ပါ။ မနက်ခင်း နဲ ညနေပိုင်း ကို ၁၈ မိနစ် ထိလမ်းလျှောက်ပေးပါ။ ဒါပြီးရင်တော့ နောက်နှစ်ပတ် လမ်းဆက်လျှောက်ဖို့အတွက် အဆင်သင့် လုပ်ထားလိုက်ပါ။

 

Week 2

A 21-Day Walking Plan That Can Help You Kick the Excess Weight Out of Your Body

Day 8 - ပထမဆုံး ၂ မိနစ်ကို ဖြည်းဖြည်းခြင်း လမ်းလျှောက်ပါ ၊ ပြီးလျှင် တဖြည်းဖြည်း ပုံမှန်အတိုင်း လမ်းလျှောက်လာပါ ၊ ပြီးလျှင် ၁၀ မိနစ် မြန်မြန်လမ်းလျှောက်ပါ။ ပြီးရင်တော့ ပုံမှန်လေး တိုင်း ၂ မိနစ်လောက်လမ်းလျှောက်ပြီး လမ်းလျှောက်ခြင်းကို အဆုံးသတ်ပေးပါ။

Day 9 - ပုံမှန်လေး ၂၀ မိနစ် ဆက်တိုက် လမ်းလျှောက်လိုက်ပေးပါ။

Day 10 - ဒီ ၁၀ရက်မှာတော့ လမ်းလျှောက်တဲ့အချိန်ကို တိုးပါမယ်။ ၅ မိနစ်လောက် ဖြည်ဖြည်းနဲ့ ပုံမှန်လေးအတိုင်း ၅ မိနစ် စတင်လမ်းလျှောက်ပါ ၊ ပြီးလျှင် ၁၂ မိနစ်လောက် မြန်မြန် လမ်းလျှောက်ပါ ၊ ပြီးရင်တော့ ပုံမှန်အတိုင်း ၅ မိနစ် လမ်းလျှောက်ပြီး အဆုံးသတ်ပါမယ်။

Day 11 - ၁၁ ရက်မှာတော့ ပုံမှန်အတိုင်း ၁၀ မိနစ်ပဲ လမ်လျှောက်ပေးပါ။

Day 12 - ပထမ ၅ မိနစ်ကို ဖြည်ဖြည်းနဲ့ ပုံမှန် လမ်းလျှောက်ပြီး ၊ ၁၅ မိနစ်ကို မြန်မြန် လမ်းလျှောက်ပေးပါ ၊ ပြီးလျှင် ၅ မိနစ်လောက် ပုံမှန်အတိုင်း လမ်းလျှောက်ပြီး လမ်းလျှောက်ခြင်းကို အဆုံးသက်ပါ။

Day 13 - ဒီရက်တော့ အခြားနေ့တွေလိုဘဲ ပုံမှန်အတိုင်းဘဲ မိနစ် ၂၀ လမ်းလျှောက်ပေးပါ။

Day 14 - ဒီရက်က လမ်းလျှောက်တာ နှစ်ပတ်ပြည့်သောနောက်ဆုံးနေ့ဆိုတော့ ပုံမှန်အတိုင်း ၅မိနစ် လျှောက် ပြီးရင်တော့ ၁၈ မိနစ်လောက် မြန်မြန် လမ်းလျှောက်ပေးပါ။ ဒါဆို နှစ်ပတ်ပြည့်ပြီးနော်....။

 

Week 3

A 21-Day Walking Plan That Can Help You Kick the Excess Weight Out of Your Body

Day 15 - ဒီ ၁၅ ရက်မှာတော့ လမ်းလျှောက်တာကို လှေကားထစ်များပေါ်သို့ တတ်လိုက် ဆင်းလိုက် ပြုလုပ်သကဲ့သို့ ၁၀ မိနစ်လောက် ပြုလုပ်ပေးပါ။ ပြီးလျှင်တော့ ၂ မိနစ်လောက် ပုံမှန်အတိုင်းပဲ လမ်းလျှောက်ပေးပါ။

Day 16 - ဒီရက်ကတော့ ပြီးခဲ့တဲ့ နှစ်ပတ်အတိုင်းဘဲ ပုံမှန်အတိုင်း မိနစ် ၂၀ လမ်းလျှောက်ပေးပါ။

Day 17 - လမ်းလျှောက်တာကို လှေကားထစ်များပေါ်သို့ တတ်လိုက် ဆင်းလိုက် ပြုလုပ်သကဲ့သို့် ၁၂ မိနစ်ကြာအောင်ဆက်တိုက် ပြုလုပ်ပြီး ပုံမှန်အတိုင်း ၂ မိနစ် လမ်းလျှောက်ပေးပါ။

Day 18 - ဒီနေ့ကတော့ အရင်နေ့တွေထက် နဲနဲထူးခြားတဲ့နေ့လည်း ဖြစ်ပါတယ်။ ပုံမှန်အတိုင်း ၂၅ မိနစ် လမ်းလျှောက်ပေးပါ။ ပြီးလျှင် ထိုင် ၊ ထ ၁၂ ခေါက် ပြုလုပ်ပေးရပါမယ်။

Day 19 - လမ်းလျှောက်တာကို လှေကားထစ်များပေါ်သို့ တတ်လိုက် ဆင်းလိုက် ပြုလုပ်သကဲ့သို့ မိနစ်၂၀ လောက် ပြုလုပ်ပြီး ၃ မိနစ်လောက် ပုံမှန် အတိုင်းလမ်းလျှောက်ပြီး အဆုံးသတ်ပါမယ်။

Day 20 - ပုံမှန်အတိုင်းဘဲ ၂၅ မိနစ်လောက် လမ်းလျှောက်ပေးပါ။

Day 21 - ဒီနေ့က လမ်းလျှောက်တဲ့ အစီစဉ် ၂၁ ရက် ထဲက နောက်ဆုံးနေ့ဘဲ ဖြစ်ပါတယ်။ မိနစ် ၂၀ မြန်မြန် လမ်းလျှောက်ခြင်းကနေ စတင်ပါ။ ပြီးလျှင် ၃ မိနစ် လောက် ဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်း လမ်းလျှောက်ပြီး အဆုံးသတ်ပါပြီး။

လမ်းလျှောက်ခြင်းက လွယ်ကူဆုံးနဲ ကျန်းမာရေးဂရုစိုက်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ဖြစ်တယ်။ ဒါအပြင် အဆီဓာတ်များကို လျော့ချနိုင်သော နည်းလမ်းလည်းဖြစ်ပြီး တစ်ရက်ကို ၂၀မိနစ် ထက်ပိုလမ်းလျှောက်ခြင်းက တစ်နှစ်ကို ကိုယ်ခန္ဓာအဆီ ၇ ပေါင် ကို လျော့နည်းစေသောကြောင့် လမ်းလျှောက်ခြင်း နဲ အဆီလျော့ချနိုင်ပါတယ်။

Written By Health Products Directory

Ref: Brightside.me

 

(Zawgyi)

----------




 

Week 1








 

Week 2









 

Week 3









 



Ref: Brightside.me

Read times
Rate this item
(0 votes)