What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 October 2019 12:44

မွတ္ပုံတင္ထားျခင္းမရွိဘဲ တုပထုတ္လုပ္ထားေသာ တိုင္းရင္းေဆးဝါးျဖစ္ေၾကာင္း အသိေပးႏႈိးေဆာ္ခ်က္

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ အရည္အေသြးစစ္မွန္ေကာင္းမြန္ၿပီး ေဘးဥပဒ္ အႏၲရာယ္ကင္းရွင္းကာ အက်ိဳးအာနိသင္ရွိေသာ တိုင္းရင္းေဆးဝါးမ်ားကို အမ်ားျပည္သူတို႔ သုံးစြဲ ႏိုင္ရန္ စဥ္ဆက္မျပတ္ စနစ္တက်စစ္ေဆးလ်က္ ရွိပါသည္။

၂။ ယင္းသို႔စစ္ေဆးရာတြင္ ေစ်းကြက္အတြင္းေရာင္းခ်လ်က္ရွိေသာ ေအာက္ေဖာ္ျပပါတိုင္းရင္း ေဆးဝါးသည္ တိုင္းရင္းေဆးဝါးမွတ္ပုံတင္ထားျခင္းမရွိဘဲ တုပထုတ္လုပ္ထားေသာ တိုင္းရင္း ေဆးဝါးျဖစ္သျဖင့္ စစ္မွန္အစြမ္းထက္မႈကို အာမခံခ်က္မေပးႏိုင္ေသာေၾကာင့္ အမ်ားျပည္သူမ်ား သုံးစြဲရန္ မသင့္ေလ်ာ္ေၾကာင္း အသိေပးအပ္ပါသည္။

No photo description available.
၃။ အမ်ားျပည္သူတို႔အေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊တိုင္းရင္းေဆးပညာဦးစီး ဌာနတြင္ မွတ္ပုံတင္ထားျခင္းမရွိေသာ တိုင္းရင္းေဆးဝါးမ်ားကို ဝယ္ယူသုံးစြဲျခင္း မျပဳၾကရန္ႏွင့္ တိုင္းရင္းေဆးပညာဦးစီးဌာနတြင္ မွတ္ပုံတင္ထားေသာ ေဆးဝါးမ်ားကိုသာ စိစစ္ဝယ္ယူသုံးစြဲရန္ ႏႈိးေဆာ္အပ္ပါသည္။

Image may contain: text
၄။ တိုင္းရင္းေဆးဝါးထုတ္လုပ္ျဖန္႔ျဖဴးသည့္ လုပ္ငန္းမ်ားႏွင့္ ေဆးဝါးေရာင္းခ်သည့္ ေဆးဆိုင္ မ်ားသည္ တိုင္းရင္းေဆးပညာဦးစီးဌာနတြင္ မွတ္ပုံတင္ထားျခင္းမရွိေသာ တိုင္းရင္းေဆးဝါးမ်ား၊ ေဆးဝါးအတုမ်ား၊ စံမညီတိုင္းရင္းေဆးဝါးမ်ားအား ထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်ျခင္း လုံးဝ(လုံးဝ) မျပဳလုပ္ရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက တိုင္းရင္းေဆးဝါးဥပေဒပုဒ္မ (၃၁)၊ (၃၂) အရ တရားစြဲဆို အေရးယူမည္ျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

 

တိုင္းရင္းေဆးပညာဦးစီးဌာန

 

(Unicode)

=========

မှတ်ပုံတင်ထားခြင်းမရှိဘဲ တုပထုတ်လုပ်ထားသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲ နိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက် ရှိပါသည်။

No photo description available.
၂။ ယင်းသို့စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချလျက်ရှိသော အောက်ဖော်ပြပါတိုင်းရင်း ဆေးဝါးသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘဲ တုပထုတ်လုပ်ထားသော တိုင်းရင်း ဆေးဝါးဖြစ်သဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။


၃။ အများပြည်သူတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊တိုင်းရင်းဆေးပညာဦးစီး ဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲရန် နှိုးဆော်အပ်ပါသည်။

Image may contain: text
၄။ တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင် များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Read times
Rate this item
(0 votes)