What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 15 March 2019 17:58

နေ့စဉ် ဘာကြောင့် ရေချိုးပေးသင့်တာလဲ

ပင်ပန်းတဲ့ အလုပ်တက်ရက်တွေကို ဖြတ်သန်းပြီးတဲ့

သောကြာနေ့ ညနေပိုင်း၊ ပျင်းစရာကောင်းပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့ စနေနေ့၊ ဒီလိုရက်တွေမှာ သင့်မဖြစ်မနေ ပြုလုပ်ရတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအလေ့ကို မသိကျိုးကျွံ ပြုပြီး ရေမချိုးဘဲ နေလေ့ရှိပါသလား။ ရေချိုးခြင်းက သင့်ကိုလန်းဆန်းစေပြီး အနံ့အသက်ကင်းစင် စေရုံသက်သက် အရာတစ်ခုမဟုတ်ပါဘူး။ ရေချိုးခြင်းကို သင့်အားပိုမိုကျန်းမာစေဖို့ အထောက်အကူပြုနိုင်တဲ့ ရှေးဟောင်းကုထုံး တစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ သင်ဘာကြောင့် နေ့စဉ်ရေချိုးသင့်ပါသလဲ။

 

ကြွက်သားတွေကို ပျော့ပြောင်းစေခြင်း

ရေခပ်နွေးနွေးနဲ့ ရေချိုးပေးခြင်းက တင်းမာနေတဲ့ ကြွက်သားတွေကို ပျော့ပြောင်းသွားစေပြီး ကွေးနိုင်ဆန့်နိုင်အား ပိုကောင်းလာစေတာကို သင်ကိုယ်တိုင် ကြုံဖူး၊ သိဖူးပြီး ဖြစ်မှာပါ။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးမျိုးပြုလုပ်ပြီးနောက် ရေအေးနဲ့ရေချိုးတာထက် ရေခပ်နွေးနွေးနဲ့ ရေချိုးပေးတာက ကြွက်သားတွေတင်းမာပြီး နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

 

သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း

ရေချိုးတဲ့အခါ သင့်ခန္ဓာကိုယ်ထဲက သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်လာပြီး ခန္ဓာကိုယ်အနှံ့အပြားဆီသို့ သွေးများစီးဆင်း ရောက်ရှိသွားစေပါတယ်။ ရေချိုးလိုက်တဲ့အတွက် ထိုင်နေတဲ့အခါ အလွယ်တကူ သွေးမရောက်ရှိတဲ့ ခြေလက်အစွန်အဖျားက သွေးကြောများဆီသို့ သွေးများရောက်ရှိစေပြီး ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်လည်အားဖြည့်ပေးနိုင် မှာ ဖြစ်ပါတယ်။ သွေးလှည့်ပတ်မှု ကောင်းမွန်လာတာနဲ့အမျှ သွေးဖိအားလည်း ပုံမှန်ဖြစ်လာတာကြောင့် နှလုံးရဲ့ လုပ်ငန်းဆောင်တာများလည်း ပိုမိုတိုးတက် ကောင်းမွန်လာစေနိုင်ပါတယ်။ ရေချိုးကန်ထဲမှာစိမ်ပြီး ချိုးနိုင်ရင်တော့ အကောင်းဆုံးပါ။

 

Read More : သည်းခြေ ကျောက်တည် နေသူများ အတွက်အကြံပြုချက်

 

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း

ရေအေးနဲ့ ပဲချိုးချိုး၊ ရေနွေးနဲ့ပဲချိုးချိုး ရေချိုးခြင်းက သင့်ရဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ရေအေးနဲ့ ပုံမှန်ရေချိုးခြင်းက ကူးစက်မှုတွေကို တိုက်ထုတ်ပေးမယ့် Immune Cell တွေပိုမိုထုတ်လုပ်ပေးနိုင်မယ့် Lymph System နဲ့ သွေးကြောတွေကို လှုံ့ဆော်မှုဖြစ်စေတယ်လို့ သိရပါတယ်။ ရောဂါပိုးကူးစက်ခံရခြင်းက ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ဖို့ ဖြစ်ပါတယ်။

 

စိတ်ကြည်လင် လန်းဆန်းစေခြင်း

ရေအေးနဲ့ ရေချိုးပေးခြင်းကြောင့် နောက်ထပ်ရရှိမယ့် အကျိုးကျေးဇူးကတော့ စိတ်ဓာတ်ကျခြင်းကို ကုသနိုင်ခြင်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကိုရေအေးနဲ့ ထိတွေ့လိုက်တဲ့အခါ အာရုံကြောစနစ်က သာမန်ထက် တက်ကြွပြီး အသက်ဝင်လာပါ တယ်။ ဒါ့အပြင် စိတ်ကျခြင်းကို လျှော့ချပေးမယ့် beta-endorphin နဲ့ noradrenaline ဓာတ်ပစ္စည်းတွေကိုလည်း ထွက်ရှိလာစေပါတယ်။ ရေအေးနဲ့ ရေချိုးနေတဲ့အချိန်မှာ အေးမြတဲ့အထိအတွေ့က ဦးနှောက်ကို စေ့ဆော်မှုဖြစ်စေပြီး စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ပေးမယ့် anti-depressive effect ကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် စိတ်မရွှင်မလန်းဖြစ်နေချိန်မှာ ရေအေးနဲ့ ရေချိုးပေးခြင်းက အကျိုးသက်ရောက် မှု ဖြစ်စေပါတယ်။

 

အဆုတ်အားကောင်းစေခြင်း

ရေအေးအေးကို ခေါင်းမှလောင်းပြီး ရေချိုးတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်တုံ့ပြန်မှုတစ်ခု စတင်ဖြစ်ပေါ်လာပါတယ်။ ရေကိုခေါင်းမှ လောင်းချနေတဲ့ အခိုက်အတန့်အတွင်း အသက်အောင့်ထားမိ မှာဖြစ်ပြီး ရေကုန်သွားတာနဲ့ တစ်ပြိုင်နက် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်တဲ့ ဖြစ်စဉ်ကို သင့်ခန္ဓာကိုယ်က အလိုအလျောက် လုပ်ဆောင်ပေးပါလိမ့်မယ်။ ဒါက အဆုတ်ကို ပွင့်စေပြီး အောက်ဆီဂျင်ကို လည်း ပြည့်ပြည့်၀၀ ရရှိစေပါတယ်။ ဒါကြောင့် ရေပုံမှန်ချိုးခြင်းက သင့်အဆုတ်ကို ပိုမိုအားကောင်းလာစေနိုင်ပါတယ်။

အထက်မှာ ဖော်ပြထားသလိုပဲ သင်နေ့စဉ်ပြုလုပ်နေကျ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ရေချိုးခြင်းမှာ သင့်အတွက်ကျန်းမာရေး အကျိုးကျေးဇူးတွေ ဘဲ ဖြစ်ပါတယ်။

 

Source : myanmarpeoplemagazine

Health Products Directory

Read times
Rate this item
(0 votes)