What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 October 2019 14:29

မာလာရွမ္းေကာကို ဘာေၾကာင့္မၾကာခဏ မစားသင့္ဘူးလဲဆိုတာက?

စီခြၽမ္အစားအစာတမ်ိဳးျဖစ္တဲ့ မာလာရွမ္းေကာဟာ သူ႔ရဲ႕ပူပူစပ္စပ္အရသာနဲ႔ ဟင္းခတ္အေမႊးအႀကိဳင္ေတြရဲ႕ ရနံ႔ေၾကာင့္ ျမန္မာႏိုင္ငံမွာေရာ ႏိုင္ငံတကာမွာပါ အလြန္ေရပန္းစားတဲ့ အစားအစာတမ်ိဳးပဲ ျဖစ္ပါတယ္။

င႐ုတ္သီးအပါအဝင္ စီခြၽမ္႐ိုးရာ ဟင္းခတ္အေမႊးအႀကိဳင္ေပါင္း ၅၀ ေက်ာ္ခန႔္နဲ႔ ျပဳလုပ္ထားတဲ့ မာလာရွမ္းေကာကို ဘာေၾကာင့္မၾကာခဏ မစားသင့္ဘူးလဲဆိုတာကိုေတာ့ ေဖာ္ျပေပးသြားမွာပဲ ျဖစ္ပါတယ္။

 

(၁) မာလာရွမ္းေကာထဲမွာ ပါဝင္တဲ့ ရနံ႔ေမႊးႀကိဳင္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြထဲမွာ Zanthoxylum ဆိုတဲ့ Compound တမ်ိဳးပါဝင္ၿပီး ဒီ Compound ဟာ သာမန္အားျဖင့္ေတာ့က်န္းမာေရးကို အေထာက္အကူျဖစ္ေစတာမွန္ေပမယ့္ မၾကာခဏ စားသုံးေနမယ္ဆိုရင္ေတာ့ အစာအိမ္နာတာ၊ အစာအိမ္ေရာင္တာနဲ႔ အစာအိမ္နဲ႔ပတ္သက္တဲ့ က်န္းမာေရးျပႆနာေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။

 

(၂) အေမရိကန္ႏိုင္ငံရဲ႕ အစားအစာနဲ႔ ေဆးဝါးကြပ္ကဲေရးဌာနဟာ ၁၉၆၈ ခုႏွစ္ကေန ၂၀၀၅ ခုႏွစ္အထိ စီခြၽမ္အစားအစာျဖစ္တဲ့ မာလာရွမ္းေကာမွာ ထည့္သြင္းခ်က္ျပဳတ္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြ တင္သြင္းျခင္းကို ပိတ္ပင္ခဲ့ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႔ င႐ုတ္သီးေတြမွာ မႈိနဲ႔ ဘက္တီးရီးယားေတြကို ေတြ႕ရွိခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။

>>> ေလထိုး ေလေအာင့္ျဖစ္ေစတဲ့ အစားအစာမ်ား <<<

ေလထိုး ေလေအာင့္ျဖစ္ေစတဲ့ အစားအစာမ်ား

 

၂၀၀၅ ခုႏွစ္ေလာက္မွာ စီခြၽမ္ဟင္းခတ္အေမႊးအႀကိဳင္ေတြ ပိတ္ပင္ျခင္းကို ပိုမိုတိုးျမႇင့္ခဲ့ၿပီး အဲဒီေနာက္ပိုင္းမွာေတာ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြကို အပူခ်ိန္ 70C (158F)အထိအပူေပးပိုးသတ္ကာ တင္သြင္းခြင့္ျပဳခဲ့တာပဲ ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာေတာ့ မာလာရွမ္းေကာထဲမွာ ထည့္သြင္းတဲ့ ပါဝင္ပစၥည္းေတြကို ဒီလိုမ်ိဳးပိုးသတ္ၿပီးမွ တင္သြင္းခြင့္ျပဳခဲ့တာျဖစ္ေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ တင္းက်ပ္တဲ့ စစ္ေဆးတားျမစ္မႈေတြ မရွိတာေၾကာင့္ မာလာရွမ္းေကာႀကိဳက္ႏွစ္သက္သူေတြအေနနဲ႔ သတိထားသင့္ပါတယ္။

 

(၃) အစားအစာေတြမွာ ပါဝင္တဲ့ Sodium (ဆားဓာတ္) ဟာ ခႏၶာကိုယ္က်န္းမာေရးအတြက္ လိုအပ္တယ္ဆိုေပမယ့္ လိုတာထက္ပိုသြားရင္ေတာ့ ေသြးတိုးေရာဂါအပါအဝင္ ေလျဖတ္ျခင္း၊ ႏွလုံးေရာဂါနဲ႔ ေက်ာက္ကပ္ေရာဂါ၊ ေက်ာက္ကပ္မွာ ေက်ာက္တည္ျခင္းေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။

 

မာလာရွမ္းေကာမွာဆိုရင္ေတာ့ ဆားဓာတ္ပါဝင္မႈဟာ သာမန္ဟင္းပြဲေတြထက္ ပိုမိုမ်ားျပားတတ္တာေၾကာင့္ မၾကာခဏစားသုံးမယ္ဆိုရင္ေတာ့ က်န္းမာေရးကို ထိခိုက္ေစႏိုင္မွာပဲ ျဖစ္ပါတယ္။

 

Credit: Irrawaddy

 

{Unicode}

======

မာလာရှမ်းကောကို ဘာကြောင့်မကြာခဏ မစားသင့်ဘူးလဲဆိုတာက..?

စီချွမ်အစားအစာတမျိုးဖြစ်တဲ့ မာလာရှမ်းကောဟာ သူ့ရဲ့ပူပူစပ်စပ်အရသာနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ ရနံ့ကြောင့် မြန်မာနိုင်ငံမှာရော နိုင်ငံတကာမှာပါ အလွန်ရေပန်းစားတဲ့ အစားအစာတမျိုးပဲ ဖြစ်ပါတယ်။ငရုတ်သီးအပါအဝင် စီချွမ်ရိုးရာ ဟင်းခတ်အမွှေးအကြိုင်ပေါင်း ၅၀ ကျော်ခန့်နဲ့ ပြုလုပ်ထားတဲ့ မာလာရှမ်းကောကို ဘာကြောင့်မကြာခဏ မစားသင့်ဘူးလဲဆိုတာကိုတော့ ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

 

(၁) မာလာရှမ်းကောထဲမှာ ပါဝင်တဲ့ ရနံ့မွှေးကြိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ Zanthoxylum ဆိုတဲ့ Compound တမျိုးပါဝင်ပြီး ဒီ Compound ဟာ သာမန်အားဖြင့်တော့ကျန်းမာရေးကို အထောက်အကူဖြစ်စေတာမှန်ပေမယ့် မကြာခဏ စားသုံးနေမယ်ဆိုရင်တော့ အစာအိမ်နာတာ၊ အစာအိမ်ရောင်တာနဲ့ အစာအိမ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

(၂) အမေရိကန်နိုင်ငံရဲ့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနဟာ ၁၉၆၈ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ စီချွမ်အစားအစာဖြစ်တဲ့ မာလာရှမ်းကောမှာ ထည့်သွင်းချက်ပြုတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ တင်သွင်းခြင်းကို ပိတ်ပင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ငရုတ်သီးတွေမှာ မှိုနဲ့ ဘက်တီးရီးယားတွေကို တွေ့ရှိခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

>>> လေထိုး လေအောင့်ဖြစ်စေတဲ့ အစားအစာများ <<<

ေလထိုး ေလေအာင့္ျဖစ္ေစတဲ့ အစားအစာမ်ား

 

၂၀၀၅ ခုနှစ်လောက်မှာ စီချွမ်ဟင်းခတ်အမွှေးအကြိုင်တွေ ပိတ်ပင်ခြင်းကို ပိုမိုတိုးမြှင့်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ဟင်းခတ်အမွှေးအကြိုင်တွေကို အပူချိန် 70C (158F)အထိအပူပေးပိုးသတ်ကာ တင်သွင်းခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ မာလာရှမ်းကောထဲမှာ ထည့်သွင်းတဲ့ ပါဝင်ပစ္စည်းတွေကို ဒီလိုမျိုးပိုးသတ်ပြီးမှ တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ တင်းကျပ်တဲ့ စစ်ဆေးတားမြစ်မှုတွေ မရှိတာကြောင့် မာလာရှမ်းကောကြိုက်နှစ်သက်သူတွေအနေနဲ့ သတိထားသင့်ပါတယ်။

 

(၃) အစားအစာတွေမှာ ပါဝင်တဲ့ Sodium (ဆားဓာတ်) ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုအပ်တယ်ဆိုပေမယ့် လိုတာထက်ပိုသွားရင်တော့ သွေးတိုးရောဂါအပါအဝင် လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်မှာ ကျောက်တည်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

မာလာရှမ်းကောမှာဆိုရင်တော့ ဆားဓာတ်ပါဝင်မှုဟာ သာမန်ဟင်းပွဲတွေထက် ပိုမိုများပြားတတ်တာကြောင့် မကြာခဏစားသုံးမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်မှာပဲ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)