What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 October 2019 16:01

လေထိုး လေအောင့်ဖြစ်စေတဲ့ အစားအစာများ

ပေါက်ပေါက်ဆုပ်

ပေါက်ပေါက်ဆုပ်လို့ နာမည်တပ်လိုက်ရင် အံ့သြသွားမလားပဲ။ လေထိုးလေအောင့်စာတွေကို ပြောမယ်ဆိုရင် တချို့စားစရာတွေက မထင်ရဘူးလေ။ ဥပမာပြောရမယ်ဆိုရင် ခေါက်ဆွဲပြုတ်လိုဟာမျိုးပေါ့။ စားလိုက်တုန်းက ဘာမှမဖြစ်ပေမယ့် တစ်ချိန်ချိန်မှာတော့ ဒုက္ခပေးနိုင်တဲ့ အစားအသောက်မျိုးပေါ့။ ကံမကောင်းစွာဘဲ လေထိုးလေအောင့်တယ်ဆိုတာ အကြောင်းရင်း တိုက်ဆိုင်မှ ဖြစ်တတ်တာမျိုးပါ။ ပေါက်ပေါက်ဆုပ် စားပြီဆိုရင် လက်တစ်ဆုပ်လောက်နဲ့ ပြီးသွားတာ မဟုတ်တော့ စားတဲ့ပမာဏများလေ အစာအိမ်ထဲမှာ ပြဿနာဖြစ်နိုင်လေပါပဲ။

 

အချိုပါတဲ့ပီကေ

အချိုဓာတ်ပါတဲ့ ပီကေတွေကို ဝါးပြီးရင်း ဝါးနေရင်းက လေတွေကို ပါးစပ်ထဲ သွင်းမိပြီး လေထိုးလေအောင့် ဖြစ်စေနိုင်ပါတယ်။ အချိုဓာတ်ဆိုတာကလည်း လေထိုးလေအောင့်ကို ပိုအားပေးတာမျိုးပါ။ ဒါကြောင့် ပါးရိုးလှချင်လို့ဆိုတာနဲ့ အလကားနေ ပီကေဝါးနေတဲ့ အကျင့်ကို လျှော့ချပစ်ရမှာနော်။

 

ကော်ဖီ

ကော်ဖီဟာ အက်ဆစ်ဓာတ် ပါတဲ့အတွက် ထိလွယ်ရှလွယ်ဖြစ်တဲ့ ဝမ်းဗိုက်ဆို ကော်ဖီကတစ်ဆင့် လေအောင့်တာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ရိုးရိုးကော်ဖီကို ဆေးသကြားလိုအချိုမျိုး ထပ်ရောလိုက်မယ်ဆိုရင် လေအောင့်က ဆိုးသထက် ပိုဆိုးလာမှာပါ။ အဓိကကတော့ အစားအသောက်စားရင် စနစ်တကျ အချိန်မှန်မှန် စားဖို့ပဲဖြစ်ပါတယ်။ ညကြီးမင်းကြီး ဒီလိုဗိုက်ပွတဲ့ အစားအသောက်မျိုး စားမယ်ဆိုရင် ကျိန်းသေပေါက် လေထိုးလေအောင့်ဖြစ်မှာ အသေအချာပါပဲ။

ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့ အစားအစာ ၅ မျိုး ဖတ်ရှုရန်နှိပ်ပါ

ခႏၶာကိုယ္တြင္း ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစတဲ့ အစားအစာ ၅ မ်ိဳး

 

ဆိုဒါ

ဆိုဒါ ကြိုက်နှစ်သက်သူတွေအတွက်ကတော့ ဒါဟာသတင်းဆိုးပါပဲ။ ဆိုဒါထဲမှာပါတဲ့ သကြားဟာ များသောအားဖြင့် လေထိုးလေအောင့် ဖြစ်စေနိုင်ပါတယ်တဲ့။ စပါကလင်လိုဟာမျိုးတွေက အစာအိမ်ကို ပွလာစေနိုင်တာပါ။ ကွဲကွဲပြားပြား သိချင်ရင်တော့ အစားအသောက်တစ်ခုကို သာမန်ရိုးရိုး ရေသောက်ပြီး ခံစားရတာနဲ့ စပါကလင်လို ဂတ်စ်ပါတဲ့ ရေနဲ့ သောက်ပြီး ခံစားကြည့်ပေါ့။

 

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကလည်း လေပွစေနိုင်တဲ့ အစားအသောက် အုပ်စုထဲမှာ ပါပါတယ်။ သူတို့တွေဟာ ရေကိုစုပ်ယူပြီး အစာအိမ်ထဲမှာ ပြန်ထုတ်လွှတ်တဲ့အတွက် လေထွက်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံနိုင်ပါတယ်။ ဒါကြောင့် လေထိုးလေအောင့်ဖြစ်ရတာပါ။ ဒါပေမယ့် ကြက်သွန်ဖြူကို လုံးဝမစားသင့်ဘူးရယ်လို့တော့ မဟုတ်ပါဘူး။ ကြက်သွန်ဖြူ ပါဝင်တဲ့ အစားအသောက်တွေကိုသာ ဂရုတစိုက် စားသောက်ဖို့ဖြစ်ပါတယ်။

 

(Zawgyi)

======

ေလထိုး ေလေအာင့္ျဖစ္ေစတဲ့ အစားအစာမ်ား

 

ေပါက္ေပါက္ဆုပ္

ေပါက္ေပါက္ဆုပ္လို႔ နာမည္တပ္လိုက္ရင္ အံ့ၾသသြားမလားပဲ။ ေလထုိးေလေအာင့္စာေတြကို ေျပာမယ္ဆုိရင္ တခ်ဳိ႕စားစရာေတြက မထင္ရဘူးေလ။ ဥပမာေျပာရမယ္ဆုိရင္ ေခါက္ဆြဲျပဳတ္လုိဟာမ်ဳိးေပါ့။ စားလုိက္တုန္းက ဘာမွမျဖစ္ေပမယ့္ တစ္ခ်ိန္ခ်ိန္မွာေတာ့ ဒုကၡေပးႏုိင္တဲ့ အစားအေသာက္မ်ဳိးေပါ့။ ကံမေကာင္းစြာဘဲ ေလထုိးေလေအာင့္တယ္ဆုိတာ အေၾကာင္းရင္း တုိက္ဆုိင္မွ ျဖစ္တတ္တာမ်ိဳးပါ။ ေပါက္ေပါက္ဆုပ္ စားၿပီဆိုရင္ လက္တစ္ဆုပ္ေလာက္နဲ႔ ၿပီးသြားတာ မဟုတ္ေတာ့ စားတဲ့ပမာဏမ်ားေလ အစာအိမ္ထဲမွာ ျပႆနာျဖစ္ႏုိင္ေလပါပဲ။

 

အခ်ိဳပါတဲ့ပီေက

အခ်ိဳဓာတ္ပါတဲ့ ပီေကေတြကို ၀ါးၿပီးရင္း ၀ါးေနရင္းက ေလေတြကို ပါးစပ္ထဲ သြင္းမိၿပီး ေလထိုးေလေအာင့္ ျဖစ္ေစႏုိင္ပါတယ္။ အခ်ိဳဓာတ္ဆိုတာကလည္း ေလထိုးေလေအာင့္ကို ပိုအားေပးတာမ်ိဳးပါ။ ဒါေၾကာင့္ ပါးရိုးလွခ်င္လို႔ဆိုတာနဲ႔ အလကားေန ပီေက၀ါးေနတဲ့ အက်င့္ကို ေလွ်ာ့ခ်ပစ္ရမွာေနာ္။

 

ေကာ္ဖီ

ေကာ္ဖီဟာ အက္ဆစ္ဓာတ္ ပါတဲ့အတြက္ ထိလြယ္ရွလြယ္ျဖစ္တဲ့ ဝမ္းဗိုက္ဆုိ ေကာ္ဖီကတစ္ဆင့္ ေလေအာင့္တာ ျဖစ္ႏိုင္ပါတယ္။ တကယ္လို႔ ႐ိုး႐ိုးေကာ္ဖီကို ေဆးသၾကားလုိအခ်ိဳမ်ဳိး ထပ္ေရာလိုက္မယ္ဆုိရင္ ေလေအာင့္က ဆုိးသထက္ ပိုဆိုးလာမွာပါ။ အဓိကကေတာ့ အစားအေသာက္စားရင္ စနစ္တက် အခ်ိန္မွန္မွန္ စားဖုိ႔ပဲျဖစ္ပါတယ္။ ညႀကီးမင္းႀကီး ဒီလိုဗိုက္ပြတဲ့ အစားအေသာက္မ်ဳိး စားမယ္ဆုိရင္ က်ိန္းေသေပါက္ ေလထိုးေလေအာင့္ျဖစ္မွာ အေသအခ်ာပါပဲ။

ခႏၶာကိုယ္တြင္း ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစတဲ့ အစားအစာ ၅ မ်ိဳး ဖတ္ရႈရန္ႏွိပ္ပါ

ခႏၶာကိုယ္တြင္း ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစတဲ့ အစားအစာ ၅ မ်ိဳး

 

ဆိုဒါ

ဆိုဒါ ၾကိဳက္ႏွစ္သက္သူေတြအတြက္ကေတာ့ ဒါဟာသတင္းဆုိးပါပဲ။ ဆုိဒါထဲမွာပါတဲ့ သၾကားဟာ မ်ားေသာအားျဖင့္ ေလထိုးေလေအာင့္ ျဖစ္ေစႏုိင္ပါတယ္တဲ့။ စပါကလင္လိုဟာမ်ဳိးေတြက အစာအိမ္ကို ပြလာေစႏုိင္တာပါ။ ကြဲကြဲျပားျပား သိခ်င္ရင္ေတာ့ အစားအေသာက္တစ္ခုကို သာမန္႐ိုး႐ိုး ေရေသာက္ၿပီး ခံစားရတာနဲ႔ စပါကလင္လို ဂတ္စ္ပါတဲ့ ေရနဲ႔ ေသာက္ၿပီး ခံစားၾကည့္ေပါ့။

 

ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴကလည္း ေလပြေစႏုိင္တဲ့ အစားအေသာက္ အုပ္စုထဲမွာ ပါပါတယ္။ သူတုိ႔ေတြဟာ ေရကိုစုပ္ယူၿပီး အစာအိမ္ထဲမွာ ျပန္ထုတ္လႊတ္တဲ့အတြက္ ေလထြက္ေစႏုိင္တဲ့ ဗုိင္းရပ္စ္ေတြနဲ႔ ထိပ္တုိက္ေတြ႕ဆံုႏုိင္ပါတယ္။ ဒါေၾကာင့္ ေလထုိးေလေအာင့္ျဖစ္ရတာပါ။ ဒါေပမယ့္ ၾကက္သြန္ျဖဴကို လံုးဝမစားသင့္ဘူးရယ္လို႔ေတာ့ မဟုတ္ပါဘူး။ ၾကက္သြန္ျဖဴ ပါဝင္တဲ့ အစားအေသာက္ေတြကိုသာ ဂ႐ုတစိုက္ စားေသာက္ဖုိ႔ျဖစ္ပါတယ္။

Read times Last modified on Friday, 07 February 2020 16:08
Rate this item
(0 votes)