What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 January 2020 16:56

သွေးချိုဆီးချိုရောဂါ နှင့် ဆား

ဆားစားသုံးခြင်းသည် သွေးချိုဆီးချိုရောဂါ နှင့် တိုက်ရိုက်ပတ်သက်မှု မရှိသော်လည်း သွေးချိုဆီးချိုနှင့် ယှဉ်တွဲဖြစ်လေ့ရှိသော သွေးတိုး၊ နှလုံးနှင့် ကျောက်ကပ်ရောဂါများအတွက် ဆားကိုလျော့စားရန်လိုအပ်ပါတယ်။ 

ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာပုံစံတွင် ဆိုဒီယမ်ကို လျော့၍ ပိုတက်စီယမ်ကိုတိုးစားရန်ဖြစ်ပါတယ်။ ဆား၊အငန်ကဲသော အစားအစာများဖြစ်သည့် ငါးပိ၊ငါးခြောက်၊ငံပြာရည်တို့ကို ရှောင်ခြင်း၊ အစားအစာကို ဆားဖြူး၍ စားခြင်းမှရှောင်ခြင်း၊ သစ်သီး၊ပဲ၊ဟင်းသီးဟင်းရွက်များကို သင့်တင့်အောင် စားခြင်းတို့ဖြင့် ဆိုဒီယမ်ကို လျှော့၍ပိုတက်စီယမ်ကို တိုးစားပြီးဖြစ်ပေလိမ့်မည်။

 

ရောင်းတမ်း အစားအစာများ၊ အလွယ်တကူ ဝယ်စားနိုင်သော အစားအစာများ ၊ ဆိုဒါ၊ သစ်သီးသနပ်၊ ဖျော်ရည် စသည်တို့သည် အငန်ကဲသည့် အစားအစားများဖြစ်သည်ကို သတိရှိရန်လိုပါတယ်။ ဆားမပါလျှင် အရသာမရှိဆိုသူများအတွက် ဆားအစား ဟင်းမွှေးမဆလာအစပ်တို့ကို သုံးနိုင်ပါတယ်။ အကြမ်းဖျင်း တစ်ကယ်လိုရီရှိ အစားအစာစားတိုင်း ဆိုဒီယမ် တစ်မီလီဂရမ်မျှ စားသင့်ပါတယ်။

 

ထို့ထက်မပိုရပါ။ထို့ကြောင့် ပုံမှန်ခန္ဓာကိုယ်အရွယ်အစားရှိ လူတစ်ဦးသည်နေ့စဉ်ဆိုဒီယမ် ၂၅၀၀ မီလီဂရမ်ထက်မပိုရပါ။ တစ်လလျှင် ဆား တစ်ဆယ့်နှစ်ကျပ်သားခန့်နှင့် ညီမျှပါတယ်။ သွေးတိုးရှိသူတွင် ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်ထက်နည်းအောင် စားရပါမည်။ ကျောက်ကပ်ရောဂါရှိသူ၊ သွေးတိုး ထိန်းရခက်သူများတွင် ဆိုဒီယမ် ၁၅၀၀ မီလီဂရမ်ထက်နည်း၍စားသင့်သည် ဟုဆိုပါတယ်။

 

Sinocare Myanmar

{Zawgyi}

======

ေသြးခ်ိဳဆီးခ်ိဳေရာဂါ ႏွင့္ ဆား


ဆားစားသုံးျခင္းသည္ ေသြးခ်ိဳဆီးခ်ိဳေရာဂါ ႏွင့္ တိုက္႐ိုက္ပတ္သက္မႈ မရွိေသာ္လည္း ေသြးခ်ိဳဆီးခ်ိဳႏွင့္ ယွဥ္တြဲျဖစ္ေလ့ရွိေသာ ေသြးတိုး၊ ႏွလုံးႏွင့္ ေက်ာက္ကပ္ေရာဂါမ်ားအတြက္ ဆားကိုေလ်ာ့စားရန္လိုအပ္ပါတယ္။ က်န္းမာေရးႏွင့္ ညီၫြတ္ေသာ အစားအစာပုံစံတြင္ ဆိုဒီယမ္ကို ေလ်ာ့၍ ပိုတက္စီယမ္ကိုတိုးစားရန္ျဖစ္ပါတယ္။


ဆား၊အငန္ကဲေသာ အစားအစာမ်ားျဖစ္သည့္ ငါးပိ၊ငါးေျခာက္၊ငံျပာရည္တို႔ကို ေရွာင္ျခင္း၊ အစားအစာကို ဆားျဖဴး၍ စားျခင္းမွေရွာင္ျခင္း၊ သစ္သီး၊ပဲ၊ဟင္းသီးဟင္း႐ြက္မ်ားကို သင့္တင့္ေအာင္ စားျခင္းတို႔ျဖင့္ ဆိုဒီယမ္ကို ေလွ်ာ့၍ပိုတက္စီယမ္ကို တိုးစားၿပီးျဖစ္ေပလိမ့္မည္။ ေရာင္းတမ္း အစားအစာမ်ား၊ အလြယ္တကူ ဝယ္စားႏိုင္ေသာ အစားအစာမ်ား ၊ ဆိုဒါ၊ သစ္သီးသနပ္၊ ေဖ်ာ္ရည္ စသည္တို႔သည္ အငန္ကဲသည့္ အစားအစားမ်ားျဖစ္သည္ကို သတိရွိရန္လိုပါတယ္။ ဆားမပါလွ်င္ အရသာမရွိဆိုသူမ်ားအတြက္ ဆားအစား ဟင္းေမႊးမဆလာအစပ္တို႔ကို သုံးႏိုင္ပါတယ္။

 

အၾကမ္းဖ်င္း တစ္ကယ္လိုရီရွိ အစားအစာစားတိုင္း ဆိုဒီယမ္ တစ္မီလီဂရမ္မွ် စားသင့္ပါတယ္။ ထို႔ထက္မပိုရပါ။ထို႔ေၾကာင့္ ပုံမွန္ခႏၶာကိုယ္အ႐ြယ္အစားရွိ လူတစ္ဦးသည္ေန႔စဥ္ဆိုဒီယမ္ ၂၅၀၀ မီလီဂရမ္ထက္မပိုရပါ။ တစ္လလွ်င္ ဆား တစ္ဆယ့္ႏွစ္က်ပ္သားခန႔္ႏွင့္ ညီမွ်ပါတယ္။ ေသြးတိုးရွိသူတြင္ ဆိုဒီယမ္ ၂၀၀၀ မီလီဂရမ္ထက္နည္းေအာင္ စားရပါမည္။

 

ေက်ာက္ကပ္ေရာဂါရွိသူ၊ ေသြးတိုး ထိန္းရခက္သူမ်ားတြင္ ဆိုဒီယမ္ ၁၅၀၀ မီလီဂရမ္ထက္နည္း၍စားသင့္သည္ ဟုဆိုပါတယ္။

 

Sinocare Myanmar

Read times
Rate this item
(0 votes)