What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 15 June 2017 11:16

မျက်လုံးအားကောင်းစေဖို့ စားသင့်တဲ့အစားအစာ (၆) မျိုး

မျက်လုံးအားကောင်းစေဖို့ စားသင့်တဲ့အစားအစာ (၆) မျိုး Google.com

၁. ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွင် ဗီတာမင်အေ၊ ဗီတာမင်စီကြွယ်ဝစွာ ပါဝင်ပြီး ဗီတာမင်အေသည် မျက်လုံးအမြင် အားကောင်းဖို့ မရှိမဖြစ်လိုအပ်သော အာဟာရဖြစ်သလို မျက်ကြည်လွှာပျက်စီးမှုကိုလည်း ကာကွယ်ပေးသည်။

ဗီတာမင်စီက မျက်လုံးအတွင်းတိမ်စွဲခြင်းမှ ထိရောက်စွာ ကာကွယ်ပေးသည်။

၂. ဘယ်ရီသီး

ဘယ်ရီသီးတွင် ဗီတာမင်အေ၊ ဗီတာမင်စီနှင့် အသက်အရွယ်အရ ဖြစ်တတ်သည့် မျက်လုံးကြွက်သားတွေ လျော့ကျခြင်းနှင့် အတွင်းတိမ်စွဲခြင်းကို ကာကွယ်ပေးသည့် Lutein အန်တီအောက်စီဒန့်ပါဝင်ပါတယ်။

ဘယ်ရီသီးစားသုံးပေးခြင်းက ညဘက်မျက်လုံး၏ မြင်နိုင်စွမ်းကို တိုးတက်စေပြီး မျက်လုံးထဲက သွေးလည်ပတ်မှုကို အားကောင်းစေတယ်။

၃. ဥများ

ဥများတွင် မျက်လုံးအတွက် အရေးကြီးသည့် အန်တီအောက်စီဒန့်နှစ်မျိုးဖြစ်သည့် Luteinနှင့် zeaxanthin ပါဝင်ပြီး မျက်လုံးကြွက်သား လျော့တွဲကျခြင်းနှင့် အတွင်းတိမ်စွဲခြင်းကို ကာကွယ်ပေးသလို အသက်အရွယ်ကြီးလာလို့ အမြင်အာရုံဆုံးရှုံးခြင်းကို ကာကွယ်ပေးသည်။

၎. မုန်လာဥနီ

မုန်လာဥနီတွင် ဗီတာမင်အေ၊ Luteinနှင့် မျက်လုံးအတွက် လိုအပ်သောအာဟာရဓာတ်များ ပါဝင်တယ်။ မျက်လုံးနှင့် သက်ဆိုင်သော ရောဂါများ မဖြစ်ပွားအောင် မုန်လာဥနီကို စားသုံးသင့်ပါတယ်။

၅. ဆော်လမွန်ငါး

ဆော်လမွန်ငါးတွင် Omega Fatty acid နှင့် ဗီတာမင်ဒီ ပါဝင်တယ်။ Omega Fatty acidသည် မျက်ကြောလွှာခြောက်သွေ့ခြင်းနှင့် မျက်လုံးကြွက်သားလျော့ကျခြင်းကို ကာကွယ်ပေးတယ်။ ဗီတာမင်ဒီသည် မျက်ကြည်လွှာ ရောင်ရမ်းခြင်းကို ကာကွယ်ပေးပါတယ်။

၆. အစိမ်းရောင်အသီးအရွက်များ

အစိမ်းရောင်အသီးအရွက်များတွင် မျက်လုံးအတွက်လိုအပ်သော အာဟာရဓာတ်များဖြစ်သည့် ဗီတာမင်အေ၊ ဗီတာမင်အီး၊ Lutein zeaxanthinနှင့် ဇင့်ဓာတ်များ ပါဝင်တယ်။ သင်ဟာ မျက်လုံးကျန်းမာရေးကို အထူးဂရုစိုက်တဲ့သူဆိုရင် အစိမ်းရောင်ဟင်းသီးဟင်းရွက်များကို စားသုံးသင့်ပါတယ်။

source: shwemom

Read times
Rate this item
(1 Vote)