What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 04 April 2018 14:03

ဆောင်ရန်၊ ရှောင်ရန် Healthy tips များ (၁)

ဆောင်ရန်၊ ရှောင်ရန် Healthy tips များ (၁) google.com

(၁) အကြားအာရုံပိုကောင်းစေသော အစားအစာများ

နားအကြားအာရုံကောင်းမွန်စေတဲ့ အစားအစာ တွေက ငှက်ပျောသီး၊ ကန်စွန်းဥ၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုးနှင့် အခွံမာသီး၊ ကောက်နှံတစ်ခုလုံးပါဝင်သော အစားအစာနှင့် ပင်လယ်စာတို့ဖြစ်ပါတယ်။

Related image

 

ငှက်ပျောသီးဟာ သွေးတိုးရောဂါရှိသူများအတွက် သင့်တော်သော အသီးအနှံတစ်မျိုးပါ။ ငှက်ပျောသီးဟာ သွေးပေါင်ချိန်ကိုသာ ထိန်းချုပ်ပေးရုံသာမက နားထဲက အရည်အပါအဝင် ခန္ဓာကိုယ်ရဲ့အရည်တွေ ညီညွတ်မျှတမှုတွေရှိဖို့အတွက်လည်း အလွန်အသုံးဝင်ပါတယ်။ နားအကြားအာရုံကောင်းမွန်စေချင်ရင် ငှက်ပျောသီးပုံမှန်စားပေးပါ။

ကန်စွန်းဥစားတာကလည်း ခန္ဓာကိုယ်အတွင်း ပိုတတ်စီယမ်အလုံအလောက်ရလို့ နားအကြား အာရုံကောင်းမွန်စေနိုင်ပါတယ်။

(၂) သွေးဆုံးချိန် မှာ နာကျင်မှုတွေသက်သာစေဖို့

Image result for menopause

အမျိုးသမီးများ သွေးဆုံးချိန်မှာ ခံစားရတာတွေသက်သာစေဖို့ ပဲပိစပ်စားပါ၊ ဟော်မုန်းအပြောင်းအလဲကြောင့် လျှပ်စစ်ဓာတ်လိုက်သလို ခံစားချက်ကို ဖြစ်စေနိုင်ပြီး ပဲပိစပ်ထွက်ကုန်များဖြစ်တဲ့ တို့ဟူး၊ ပဲနို့၊ စတာတွေကို စားသုံးပါက အမျိုးသမီးတွေမှာ မလိုအပ်တဲ့ ဟော်မုန်းပမာဏကို ရရှိစေလို့ သက်သာစေပါတယ်။

ထောပတ်သီး၊ အစေ့အဆန်တွေကိုလည်း သရေစာအဖြစ် စားသုံးသင့်ပါတယ်။ ဒါ့အပြင် ငါးကြီးဆီစားပါ၊ ဆယ်လ်မွန်ငါး၊ အာရင်းငါး၊ ရေချိုငါး၊ တူနာငါး၊ ဆာဒင်းငါး၊ စတာတွေမှာ ငါးအဆီပါဝင်တဲ့အတွက် စားသုံးသင့်ပါတယ်။ ငါးအဆီကနေ အိုမီဂါ-၃ အဆီကို ရရှိုနိုင်သည့် အာရုံကြောတွေ ကောင်းမွန်စေပြီး လျှပ်စစ်ဓာတ်လိုက်သလို ခံစားချက်ကို သက်သာစေနိုင်ပါတယ်။

(၃) ဘယ်လိုအရာတွေကြောင့် ခံတွင်းကင်ဆာပိုဖြစ်ရတာလဲ၊

Related image

ခံတွင်းကင်ဆာ ဖြစ်ရခြင်းအကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ အရက်သောက်တာနဲ့အတူ ဆေးလိပ်ပါတွဲသောက်တာက ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေကို ပိုများစေပြီး၊ ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကို စုပ်ယူမှုအားကောင်းစေတာကြောင့် ကင်ဆာ ဖြစ်စေတဲ့ ပစ္စည်းတွေက ခန္ဓာကိုယ်ထဲ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ တစ်နေ့ကို ဆေးလိပ်တစ်ဘူးနဲ့အတူ အရက်ပါတွဲသောက်ပါက ခံတွင်းကင်ဆာ ဖြစ်နိုင်ချေပိုပိုပြီး များစေပါတယ်။

(၄) ကလေးများ အစာစားချင်စိတ်ဖြစ်ပေါ်အောင် ပြုလုပ်နည်း

Image result for eating baby

ကလေးများ ဗိုက်မဆာလို့ အစာစားဖို့ငြင်းဆန်နေရင်ရေအစား လတ်ဆတ်တဲ့ သံပရာရည်တစ်ခွက် တိုက်လိုက်ပါ။ သံပရာသီးက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

Read:FDA မှစစ်ဆေးတွေ့ရှိသည့် တားမြစ်ပစ္စည်းမာကျူရီပါဝင်နေသော အလှကုန်ပစ္စည်း (၂) မျိုး

FDA မှစစ်ဆေးတွေ့ရှိသည့် တားမြစ်ပစ္စည်းမာကျူရီပါဝင်နေသော အလှကုန်ပစ္စည်း (၂) မျိုး

Read times Last modified on Wednesday, 04 April 2018 14:14
Rate this item
(1 Vote)