What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 30 March 2018 17:40

တိုက်ရိုက်ဆက်စပ်နေတဲ့ ဦးနှောက်နဲ့နှလုံး ကျန်းမာရေးအခြေအနေများ

တိုက်ရိုက်ဆက်စပ်နေတဲ့ ဦးနှောက်နဲ့နှလုံး ကျန်းမာရေးအခြေအနေများ google.com

နှလုံးအတွက် အထောက်အကူပြုတဲ့ အရာတွေအားလုံးဟာ ဦးနှောက်ကိုလည်း အထောက်အကူပြုပါတယ်။ နှလုံးကို ကျန်းမာစေတဲ့လူနေမှုဘဝပုံစံတွေဟာ ဦးနှောက်အကျိတ်ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်ပြီး အသက်ကြီးလာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်မှု ကွာခြားလာတာ သတိထားမိမှာပါ။

လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာတဲ့ အစာတွေစားခြင်းနှင့် နှလုံးကျန်းမာစေတဲ့အရာတွေပြုလုပ်ခြင်းဟာ ဦးနှောက်ရဲ့ အတွေးအခေါ်များ၊ မှတ်ဥာဏ်တွေကို တိုးတတ်ပါတယ်။

နှလုံးကျန်းမာခြင်း

နှလုံးဟာ ခန္ဓာကိုယ်မှာ အရေးကြီးဆုံးသော ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါအစိတ်အပိုင်းတစ်မျိုးပါ။ ခန္ဓာကိုယ်ထဲရှိ နေရာအနှံအပြားသို့ သွေးကိုပို့ဆောင်ပေးဖို့အတွက် ပြင်းထန်းစွာ ညှစ်ထုတ်ရပါတယ်။ ဥပမာ- နားနေတဲ့ အချိန်မှာတစ်မိနစ်ကို အကြိမ် ၇၀ ခုန်ပြီး လေ့ကျင့်ခန်းလုပ်ချိန်မှာ ပိုမိုခုန်တာပါ။ နှလုံးတခါခုန်တိုင်း ခန္ဓာကိုယ်အနှံ့ကို သွေးတွေညှစ်ထုတ်ပေးတယ်။ နှလုံးဘယ်ဘက်အခန်းကနေ သွေးတွေကိုညှစ်ထုတ်လိုက်ပြီး ပိုမိုသေးငယ်တဲ့ သွေးကြောတွေကတဆင့်  အသေးငယ်ဆုံးသော သွေးကြောမျှင်လေးတွေဆီကို ရောက်ရှိလာပါတယ်။

ခန္ဓာကိုယ်က အောက်ဆီဂျင်နဲ့ အာဟာရကို သွေးတွေဆီက ယူပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ဟာ သွေးပြန်ကြောတွေတစ်ဆင့် နှလုံးရဲ့ ညာဖက်အခန်းဆီကို ပြန်ရောက်လာပါတယ်။ အပြန်ခရီးမှာ သွေးတွေဟာ အသည်းကို ဖြတ်သန်းလာပြီး မလိုအပ်တဲ့ အရာတွေကို စွန့်ထုတ်ပစ်ပါတယ်။ ဒီ အာဟာရတွေ စုဆောင်းမှုနဲ့ စွန့်ပစ်ပစ္စည်းတွေ စွန့်ထုတ်ပစ်တဲ့ ဖြစ်စဉ်ဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သန့်စင်ပြီး ကျန်းမာတဲ့ သွေးလည်ပတ်မှုဟာ သင့်နှလုံးကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ မရှိမဖြစ် လိုအပ်လို့ ဖြစ်ပါတယ်။

ကျန်းမာတဲ့ ဦးနှောက်

ဦးနှောက်ဟာ ကိုယ်ခန္ဓာရဲ့ အရှုပ်ထွေးဆုံးနဲ့ အထူးဆန်းဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ သူဟာ သင့်ရဲ့ ဥာဏ်နဲ့ ပြုလုပ်ရတဲ့ အလုပ်တွေဖြစ်တဲ့ အတွေးတွေ၊ စကားပြောနိုင်စွမ်းတွေနဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ရုံသာမက တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ စိတ်ထိန်းချုပ်မှု မပါပဲ အလိုအလျောက်ပြုလုပ်ရတဲ့ လုပ်ငန်းတွေကိုလည်း ထိန်းချုပ်ပါတယ်။ သူ့ရဲ့ အဓိက ထိန်းချုပ်မှုကြောင့် ဦးနှောက်ဟာ ပတ်ဝန်းကျင်မှာ ပြောင်းလဲမှု ရှိရင် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကို အလျင်အမြန် ပြောင်းလဲ ပေးပါတယ်။

နှလုံးလိုမျိုးပဲ ဦးနှောက်ဟာလည်း ကျန်းမာတဲ့ သွေး ထောက်ပံ့မှု လိုအပ်ပါတယ်။ သူ့အတွက် လိုအပ်တဲ့ သွေးတွေကို လည်ပင်းရဲ့ တစ်ဖက်တစ်ချက်ကနေ ဖြာဆင်းသွားပြီး နှလုံးကို ဆက်သွယ်တဲ့ ကြီးမားတဲ့ သွေးကြော နှစ်ခုကနေ ရရှိပါတယ်။ ထိုသွေးကြောတွေကနေ ဦးနှောက်အတွင်းသွေးကြောများ (cerebral arteries) အဖြစ် ဖြာဆင်းသွားပြီး အာဟာရ ကြွယ်ဝတဲ့ သွေးတွေကို နှလုံးကနေ ဦးနှောက်နေရာအနှံ့ကို ပို့ဆောင်ပေးပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ ထိုသွေးကြောနှစ်ခုရဲ့ တစ်နေရာရာမှာ ပိတ်ဆို့မှု ရှိနေခဲ့ရင် ဦးနှောက်ရော နှလုံးရောနဲ့ ပါသက်ဆိုင်တဲ့ လေဖြတ်ခြင်းဆိုတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

သုတေသီတွေဟာ

  • နှလုံးသွေးကြောဆိုင်ရာ ကျန်းမာတဲ့ အချက်ပိုမိုရှိခြင်းဟာ စစချင်းလေ့လာစဉ်မှာ ဦးနှောက် ဆောင်ရွက်နှုန်း ပိုမိုမြင့်မားခြင်းနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။
  • ဒီဆက်နွယ်မှုဟာ ဆေးလိပ်မသောက်သူ၊ သွေးတွင်း အချိုဓါတ် ပုံမှန်ဖြစ်သူနဲ့ ကိုယ်အလေးချိန် ပုံမှန်ဖြစ်သူတို့မှာ အများဆုံးဖြစ်တာ တွေ့ရပါတယ်။
  • နှလုံးသွေးကြောဆိုင်ရာ ကျန်းမာတဲ့ အချက်ပိုမိုရှိခြင်းဟာ အချိန်ကြာလာတဲ့အမျှ ဦးနှောက်ဆောင်ရွက်နှုန်း၊ မှတ်ဥာဏ်၊ စီမံခန့်ခွဲတတ်တဲ့ စွမ်းရည်တို့ ကျဆင်းခြင်းကို လျော့နည်းစေပါတယ်။ ဦးနှောက်ရဲ့ စီမံခန့်ခွဲတတ်တဲ့ စွမ်းရည်ဟာ အာရုံစူးစိုက်ခြင်း၊ အချိန်ဖြင့် စီမံခန့် ခွဲနိုင်ခြင်းနဲ့ အခြား သိမြင်တတ်သော ကျွမ်းကျင်မှုတွေနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။

Source: Dr Phyu Mon Latt

Read: နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း

https://www.healthproducts.com.mm/articles/item/608-due-to-coronary-heart-disease-chest-pain.html

နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း

Read times
Rate this item
(1 Vote)