What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 October 2019 13:06

ႏွလုံးေသြးေၾကာ စီတီ႐ိုက္ျခင္း အေၾကာင္း

ကမာၻ႔က်န္းမာေရး အဖြဲ႕အစည္း (WHO) ၏ စာရင္းအင္းအခ်က္အလက္မ်ားအရ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါဟာဆိုရင္ ေသဆုံးမႈအမ်ားဆုံးျဖစ္ပြားေစသည့္ ေရာဂါတစ္ခု အျဖစ္အပါအဝင္ျဖစ္ပါတယ္။

အေၾကာင္းမွာ ပ်က္စီးေနေသာေသြးေၾကာမ်ား သို႔မဟုတ္ အဆီခဲမ်ား စုပုံဖြဲ႕စည္းလာျခင္းတို႔မွတဆင့္ ေသြးစီးဆင္းမႈကို တျဖည္းျဖည္းပိတ္ဆို႔ေစျခင္းေၾကာင့္ ျဖစ္ပါတယ္။ ႏွလုံးေရာဂါသည္ စိတ္ဖိစီးမႈမ်ားသူမ်ား ႏွင့္ ေဆးလိပ္အလြန္အကြၽံ ေသာက္သူမ်ားအပါအဝင္ ဆီးခ်ိဳ ၊ ေသြးတိုး ၊ ေသြးထဲတြင္အဆီမ်ားျခင္း စသည့္ေရာဂါမ်ားရွိေသာ လူနာမ်ားတြင္ မၾကာခဏ ေတြ႕ရွိရတတ္ပါတယ္။

 

ႏွလုံးေသြးေၾကာ စီတီ႐ိုက္ျခင္းသည္ ထိုးထြင္းဝင္ေရာက္မႈမရွိပဲ ႏွလုံးပုံရိပ္ကို႐ိုက္ယူသည့္ စစ္ေဆးမႈျဖစ္ၿပီး ႏွလုံးပတ္ေသြးလႊတ္ေၾကာမ်ားထဲတြင္ အဆီ သို႔မဟုတ္ ကယ္လ္စီယမ္ အနည္ထိုင္မႈရွိမရွိ စစ္ေဆးတာျဖစ္ပါတယ္။ ယေန႔ေခတ္တြင္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါကိုရွာေဖြရန္ အဓိကနည္းလမ္း ၂ မ်ိဳးရွိပါတယ္။

 

၁။ ႏွလုံးေသြးေၾကာ ဓာတ္မွန္႐ိုက္ျခင္း - ဤစစ္ေဆးမႈက က်ဥ္းေျမာင္းေနေသာ ႏွလုံးေသြးေၾကာမ်ားကို ရွာေဖြေဖာ္ထုတ္ရန္ ယုံၾကည္အားထားရဆုံး စံႏႈန္းျပည့္ စစ္ေဆးမႈတစ္ခုျဖစ္ကာ အတိက်ဆုံးအေျဖကို ေပးပါတယ္။

blocked coronary arteriesCoronary Angiography (CAG)

အက်ိဳးေက်းဇူး - ေဘာ္လုံးျဖင့္ ႏွလုံးေသြးေၾကာခ်ဲ႕ျခင္း သို႔မဟုတ္ ႏွလုံးေသြးေၾကာကို စတန႔္ထည့္၍ ခ်ဲ႕ျခင္း စသည္ျဖင့္ သင့္ေတာ္ေသာ ကုသမႈကို ခ်က္ျခင္းျပဳလုပ္ႏိုင္ပါတယ္။

 

ဆိုးက်ိဳး - ေနာက္ဆက္တြဲ ျပႆနာမ်ား ျဖစ္ပြားေစႏိုင္သည့္ အႏၲရာယ္မ်ားရွိပါတယ္။ ဥပမာ - ေသြးေၾကာနံရံလႊာမ်ားကြာထြက္ျခင္း။ အေၾကာင္းရင္းမွာ ပိုက္ကို လူနာ၏ ေပါင္ၿခံ သို႔မဟုတ္ လက္ေမာင္း သို႔မဟုတ္ လက္ေကာက္ဝတ္ရွိ ေသြးလႊတ္ေၾကာမွတဆင့္ ႏွလုံးပတ္ေသြးလႊတ္ေၾကာမ်ားဆီသို႔ ဂ႐ုတစိုက္ ထည့္သြင္းရတာေၾကင့္ပါပဲ။ ထိုအႏၲရာယ္မ်ားသည္ ကြၽမ္းက်င္ေသာ ဆရာဝန္ မ်ား၏ အေကာင္းဆုံးေသာ ကုသမႈ မ်ားေအာက္တြင္ ျဖစ္ႏိုင္ေျခလြန္စြာနည္းပါးပါတယ္။ ကုန္က်စရိတ္ကေတာ့ အတန္မ်ားပါတယ္။ စစ္ေဆးကုသမႈၿပီးဆုံးသည့္ေနာက္ လူနာသည္ ေဆး႐ုံတြင္ ၄ - ၂၄ နာရီအထိေနရန္ လိုအပ္ပါတယ္။

>>>ေသြးေပါင္က်ျခင္း ​ေၾကာင္​့ ျဖစ္​​ေပၚလာ​ေသာ ဆိုးက်ိဳးမ်ား<<<

ေသြးေပါင္က်ျခင္း ​ေၾကာင္​့ ျဖစ္​​ေပၚလာ​ေသာ ဆိုးက်ိဳးမ်ား

 

၂။ ႏွလုံးေသြးေၾကာစီတီ႐ိုက္ျခင္း

Coronary CTA scanCoronary Computed Tomographic Angiography

စီတီနည္းပညာသည္ လြန္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာမွစ၍ ျမန္ဆန္စြာ ေျပာင္းလဲတိုးတက္လာခဲ့ပါတယ္။ ယခုအခါမွာေတာ့ ၎စီတီနည္းပညာသည္ ႏွလုံးကဲ့သို႔ေသာ ေသးငယ္ၿပီး ခုန္ေနသည့္ အဂၤါအစိတ္အပိုင္း၏ ပုံရိပ္မ်ားကို ပိုမိုၾကည္လင္ျပတ္သားစြာ ႐ိုက္ယူေပးစြမ္းႏိုင္ရွိပါတယ္။ ႏွလုံးေသြးေၾကာစီတီ႐ိုက္သည့္ လူနာမ်ားတြင္ တတ္ႏိုင္သမွ် အေကာင္းဆုံးပုံရိပ္ ရရွိႏိုင္ရန္ အိုင္အိုဒင္းဓာတ္ပါဝင္ေသာ ၾကားခံေဆးရည္အား ေသြးေၾကာမွတဆင့္ ထိုးရပါတယ္။ ၁၀ မိနစ္ခန႔္ၾကာတဲ့အခါ စစ္ေဆးမႈတြင္ ခႏၶာကိုယ္မွ ျဖတ္သန္းသြားတဲ့ ဓာတ္ေရာင္ျခည္မ်ားအား ပုံရိပ္ကူးယူသည့္စက္ရွိ အထူးေထာက္လွမ္း ကိရိယာမွ ဖမ္းယူျပသ ေပးမွာ ျဖစ္ပါတယ္။

 

အက်ိဴးေက်းဇူး - MDCT အမ်ိဳးအစားစီတီကို အခ်ိန္တိုအတြင္းမွာပင္ ႐ိုက္ယူႏိုင္ပါတယ္။ လူနာသည္ စစ္ေဆးၿပီးေနာက္တြင္ ေဆး႐ုံတက္ေနရန္ မလိုပါ။ ဤစစ္ေဆးမႈတြင္ ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါမ်ားရွာေဖြရာ၌ ၉၀% ေက်ာ္ တိက်မႈကိုေပးပါတယ္။

ဆိုးက်ိဴး - စကင္႐ိုက္ၿပီးေနာက္ ပုံရိပ္ျပဳလုပ္ဖန္တီးခ်ိန္ ၁ - ၂ နာရီဝန္းက်င္ ၾကာျမင့္ပါတယ္။ လူနာသည္ ပုံမွန္ႏွလုံးခုန္ႏႈန္းရွိရမည္ျဖစ္ကာ စကင္တစ္ခုျခင္းစီအတြက္ ၁၀ စကၠန႔္ခန႔္ အသက္ေအာင့္ ရမွာျဖစ္ပါတယ္။ ေနာက္ေပၚ စီတီစက္အသစ္မ်ားတြင္ ထိုလိုအပ္ခ်က္မ်ား မရွိေတာ့ပါ။

 

MDCT ႐ိုက္သင့္ေသာလုူနာမ်ားမွာ -

၁။ ႏွလုံးေသြးေၾကာက်ဥ္းေစမည့္ ေအာက္ပါအေၾကာင္းခံမ်ားရွိသည့္ လူနာမ်ားကေတာ့ အဆီမ်ားျခင္း ၊ ဆီးခ်ိဳေရာဂါ ၊ ေသြးတိုးေရာဂါ ၊ ေဆးလိပ္အလြန္အကြၽံေသာက္ျခင္း ၊ မိသားစုဝင္မ်ားထဲတြင္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ ရာဇဝင္ရွိသူ တို႔ျဖစ္ပါတယ္။

၂။ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါရွိသည္ဟု သံသယရွိသည့္ လူနာမ်ားကေတာ့ ရင္ဘတ္ေအာင့္ျခင္း ၊ အီးစီဂ်ီ သို႔မဟုတ္ ေျပးစက္ေပၚတြင္ေျပးၿပီး ႏွလုံးစစ္ေဆးရာတြင္ ႏွလုံးပုံမွန္မဟုတ္ျခင္းကို တိက်စြာမေဖာ္ျပႏိုင္ျခင္း။

 

၃။ ေဘာ္လုံးျဖင့္ ႏွလုံးေသြးေၾကာခ်ဲ႕ျခင္း သို႔မဟုတ္ စတန႔္ထည့္၍ ႏွလုံးေသြးေၾကာခ်ဲ႕ျခင္း သို႔မဟုတ္ ႏွလုံးေသြးေၾကာျဖတ္ဆက္ျခင္း စသည့္ကုသမႈမ်ားကို ခံယူခဲ့ၿပီး ေရွ႕ဆက္လက္ကုသမႈမ်ားအတြက္ အေျခအေနကို ျပန္လည္စစ္ေဆးရန္ လိုအပ္ေသာလူနာမ်ား။

ဤစစ္ေဆးမႈအတြက္ ျပင္ဆင္ျခင္းသည္ အျခားကိုယ္ခႏၶာအစိတ္အပိုင္းမ်ားကို စီတီစကင္႐ိုက္ရာ၌ ျပင္ဆင္ျခင္းႏွင့္ ဆင္တူပါတယ္။ စစ္ေဆးမႈမစမီ ၄ နာရီအလိုမွစ၍ ေသာက္ေရမွလြဲၿပီး မည္သည့္အရာကိုမွ် မစားေသာက္ရပါ။ စစ္ေဆးမႈမတိုင္ခင္ လက္ဖက္ရည္၊ ေကာ္ဖီႏွင့္အခ်ိဳရည္မ်ား သို႔မဟုတ္ ႏွလုံးခုန္ႏႈန္းျမန္ေစသည့္ေဆးမ်ား စသည္တို႔ကို မေသာက္ရပါ။

 

MDCT ႐ိုက္ျခင္းႏွင့္ ၾကားခံေဆးရည္ကို ေသြးျပန္ေၾကာမွတဆင့္ ထိုးသြင္းျခင္းျပဳလုပ္ရန္ မသင့္ေတာ္သူမ်ား

စစ္ေဆးေနစဥ္တြင္ လူနာသည္ ဓာတ္ေရာင္ျခည္ျဖင့္ ထိေတြ႕ရသည့္အတြက္ ကိုယ္ဝန္ရွိသူမ်ား သို႔မဟုတ္ ကိုယ္ဝန္ရွိႏိုင္သည္ဟု သံသယရွိသူမ်ားသည္ ဤစစ္ေဆးမႈကို မျပဳလုပ္သင့္ပါ။ စစ္ေဆးမႈတြင္ ၾကားခံေဆးရည္ကို လူနာ၏ေသြးျပန္ေၾကာတြင္ ထိုးသြင္းရန္ လိုအပ္ပါသည္။ ထို႔အတြက္ ေအာက္ေဖာ္ျပပါေရာဂါမ်ား သို႔မဟုတ္ လကၡဏာမ်ားရွိသည့္ လူနာမ်ားအတြက္ ဤစစ္ေဆးမႈကိုျပဳလုပ္ရန္ အႀကံမေပးပါ။ ထိုလူနာမ်ားက ထိုေဆးရည္ျဖင့္ ဓာတ္မတည့္မႈ ျပင္းထန္စြာျဖစ္ပြားႏိုင္ျခင္း သို႔မဟုတ္ ျပင္းထန္ေသာ ေက်ာက္ကပ္ လုပ္ေဆာင္မႈက်ဆင္းျခင္း စတာေတြကို ျဖစ္ေစႏိုင္ပါတယ္။

 

ျပင္းထန္ေသာရင္က်ပ္ပန္းနာရွိျခင္း ၊ ခရီတီနင္းဓာတ္ ျမင့္တက္ေနေသာ သို႔မဟုတ္ နာတာရွည္ ေက်ာက္ကပ္လုပ္ေဆာင္မႈက်ဆင္းေနသည့္ ေက်ာက္ကပ္ေရာဂါရွိျခင္း ၊ ပင္လယ္စာ သို႔မဟုတ္ ဓာတ္မွန္႐ိုက္ရာတြင္သုံးေသာ ၾကားခံေဆးရည္တို႔ႏွင့္ ျပင္းထန္စြာ ဓာတ္မတည့္မႈ ျဖစ္ပြားဖူးသည့္ ရာဇဝင္ရွိျခင္း စတဲ့လူနာမ်ား မျပဳလုပ္သင့္ပါ။ ဒါေပမယ့္ ထိုလူနာမ်ား MDCT ျပဳလုပ္ရန္ လိုအပ္ပါက ႀကိဳတင္အေၾကာင္းၾကားရန္ လိုအပ္ပါတယ္။

 

အႏၲရာယ္မ်ားႏွင့္ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား

၁။ ၾကားခံေဆးရည္၏ ေဘးထြက္ဆိုးက်ိဳးမ်ားသည္ အဖုအပိန္႔အနီကြက္ထျခင္း၊ အင္ျပင္ယားနာမ်ားထြက္ျခင္း၊ ေရာင္ရမ္းျခင္း သို႔မဟုတ္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ လကၡဏာမ်ားအေနျဖင့္ အခ်ိဳ႕လူနာမ်ားတြင္ ျပတတ္ပါသည္။ သို႔ေသာ္ ျဖစ္ႏိုင္ေျခနည္းပါးပါသည္။

၂။ ဓာတ္ေရာင္ျခည္ထိေတြ႕မႈပမာဏ - လူနာတစ္ဦးစီအတြက္ သင့္ေတာ္ေသာ၊ ေဘးကင္းစိတ္အခ်ရဆုံးေသာ ဓာတ္ေရာင္ျခည္ပမာဏကို ဂ႐ုတစိုက္ေပးပါသည္။ ဤစစ္ေဆးမႈမွ ထိေတြ႕ရသည့္ ဓာတ္ေရာင္ျခည္ပမာဏသည္ ၆-၁၃ mSv ၾကားတြင္ရွိၿပီး အဆိုပါပမာဏသည္ ၂ ႏွစ္ သို႔မဟုတ္ ၃ ႏွစ္တာ ကာလတစ္ေလွ်ာက္ ကြၽႏ္ုပ္တို႔ထိေတြ႕ႏိုင္သည့္ သဘာဝဓာတ္ေရာင္ျခည္ပမာဏႏွင့္တူညီပါသည္။

 

စစ္ေဆးၿပီးေနာက္

၁။ ေရမ်ားမ်ားေသာက္ပါ။ အဘယ္ေၾကာင့္ဆိုေသာ္ ၾကားခံေဆးရည္သည္ ဆီးမွတဆင့္ စြန႔္ထုတ္ႏိုင္ေသာေၾကာင့္ ျဖစ္ပါတယ္။ 

၂။ လူနာတြင္ အဖုအပိမ့္ သို႔မဟုတ္ အင္ျပင္ထျခင္း စသည့္ဓာတ္မတည့္မႈမ်ား ၾကားခံေဆးရည္ထိုးသြင္းၿပီး နာရီအတန္ၾကာၿပီးေနာက္ ျဖစ္ေပၚႏိုင္ပါတယ္။ သို႔ေသာ္ ျဖစ္ႏိုင္ေျခနည္းပါးသည္။ ထို လကၡဏာမ်ားျဖစ္ပြားပါက ဆရာဝန္ႏွင့္ ခ်က္ျခင္းျပသဖို႔ လိုအပ္ပါတယ္။

 

Bumrungrad

{Unicode}

======

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ စာရင်းအင်းအချက်အလက်များအရ နှလုံးသွေးကြောကျဉ်းရောဂါဟာဆိုရင် သေဆုံးမှုအများဆုံးဖြစ်ပွားစေသည့် ရောဂါတစ်ခု အဖြစ်အပါအဝင်ဖြစ်ပါတယ်။ အကြောင်းမှာ ပျက်စီးနေသောသွေးကြောများ သို့မဟုတ် အဆီခဲများ စုပုံဖွဲ့စည်းလာခြင်းတို့မှတဆင့် သွေးစီးဆင်းမှုကို တဖြည်းဖြည်းပိတ်ဆို့စေခြင်းကြောင့် ဖြစ်ပါတယ်။ နှလုံးရောဂါသည် စိတ်ဖိစီးမှုများသူများ နှင့် ဆေးလိပ်အလွန်အကျွံ သောက်သူများအပါအဝင် ဆီးချို ၊ သွေးတိုး ၊ သွေးထဲတွင်အဆီများခြင်း စသည့်ရောဂါများရှိသော လူနာများတွင် မကြာခဏ တွေ့ရှိရတတ်ပါတယ်။

 

နှလုံးသွေးကြော စီတီရိုက်ခြင်းသည် ထိုးထွင်းဝင်ရောက်မှုမရှိပဲ နှလုံးပုံရိပ်ကိုရိုက်ယူသည့် စစ်ဆေးမှုဖြစ်ပြီး နှလုံးပတ်သွေးလွှတ်ကြောများထဲတွင် အဆီ သို့မဟုတ် ကယ်လ်စီယမ် အနည်ထိုင်မှုရှိမရှိ စစ်ဆေးတာဖြစ်ပါတယ်။ ယနေ့ခေတ်တွင် နှလုံးသွေးကြောကျဉ်းရောဂါကိုရှာဖွေရန် အဓိကနည်းလမ်း ၂ မျိုးရှိပါတယ်။

 

၁။ နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်း - ဤစစ်ဆေးမှုက ကျဉ်းမြောင်းနေသော နှလုံးသွေးကြောများကို ရှာဖွေဖော်ထုတ်ရန် ယုံကြည်အားထားရဆုံး စံနှုန်းပြည့် စစ်ဆေးမှုတစ်ခုဖြစ်ကာ အတိကျဆုံးအဖြေကို ပေးပါတယ်။

blocked coronary arteriesCoronary Angiography (CAG)

အကျိုးကျေးဇူး - ဘော်လုံးဖြင့် နှလုံးသွေးကြောချဲ့ခြင်း သို့မဟုတ် နှလုံးသွေးကြောကို စတန့်ထည့်၍ ချဲ့ခြင်း စသည်ဖြင့် သင့်တော်သော ကုသမှုကို ချက်ခြင်းပြုလုပ်နိုင်ပါတယ်။

 

ဆိုးကျိုး - နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားစေနိုင်သည့် အန္တရာယ်များရှိပါတယ်။ ဥပမာ - သွေးကြောနံရံလွှာများကွာထွက်ခြင်း။ အကြောင်းရင်းမှာ ပိုက်ကို လူနာ၏ ပေါင်ခြံ သို့မဟုတ် လက်မောင်း သို့မဟုတ် လက်ကောက်ဝတ်ရှိ သွေးလွှတ်ကြောမှတဆင့် နှလုံးပတ်သွေးလွှတ်ကြောများဆီသို့ ဂရုတစိုက် ထည့်သွင်းရတာကြေင့်ပါပဲ။ ထိုအန္တရာယ်များသည် ကျွမ်းကျင်သော ဆရာဝန် များ၏ အကောင်းဆုံးသော ကုသမှု များအောက်တွင် ဖြစ်နိုင်ခြေလွန်စွာနည်းပါးပါတယ်။ ကုန်ကျစရိတ်ကတော့ အတန်များပါတယ်။ စစ်ဆေးကုသမှုပြီးဆုံးသည့်နောက် လူနာသည် ဆေးရုံတွင် ၄ - ၂၄ နာရီအထိနေရန် လိုအပ်ပါတယ်။

 

>>> သွေးပေါင်ကျခြင်း ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ <<<

ေသြးေပါင္က်ျခင္း ​ေၾကာင္​့ ျဖစ္​​ေပၚလာ​ေသာ ဆိုးက်ိဳးမ်ား

၂။ နှလုံးသွေးကြောစီတီရိုက်ခြင်း

Coronary CTA scanCoronary Computed Tomographic Angiography

စီတီနည်းပညာသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာမှစ၍ မြန်ဆန်စွာ ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ ယခုအခါမှာတော့ ၎င်းစီတီနည်းပညာသည် နှလုံးကဲ့သို့သော သေးငယ်ပြီး ခုန်နေသည့် အင်္ဂါအစိတ်အပိုင်း၏ ပုံရိပ်များကို ပိုမိုကြည်လင်ပြတ်သားစွာ ရိုက်ယူပေးစွမ်းနိုင်ရှိပါတယ်။ နှလုံးသွေးကြောစီတီရိုက်သည့် လူနာများတွင် တတ်နိုင်သမျှ အကောင်းဆုံးပုံရိပ် ရရှိနိုင်ရန် အိုင်အိုဒင်းဓာတ်ပါဝင်သော ကြားခံဆေးရည်အား သွေးကြောမှတဆင့် ထိုးရပါတယ်။ ၁၀ မိနစ်ခန့်ကြာတဲ့အခါ စစ်ဆေးမှုတွင် ခန္ဓာကိုယ်မှ ဖြတ်သန်းသွားတဲ့ ဓာတ်ရောင်ခြည်များအား ပုံရိပ်ကူးယူသည့်စက်ရှိ အထူးထောက်လှမ်း ကိရိယာမှ ဖမ်းယူပြသ ပေးမှာ ဖြစ်ပါတယ်။

 

အကျိူးကျေးဇူး - MDCT အမျိုးအစားစီတီကို အချိန်တိုအတွင်းမှာပင် ရိုက်ယူနိုင်ပါတယ်။ လူနာသည် စစ်ဆေးပြီးနောက်တွင် ဆေးရုံတက်နေရန် မလိုပါ။ ဤစစ်ဆေးမှုတွင် နှလုံးသွေးကြောဆိုင်ရာရောဂါများရှာဖွေရာ၌ ၉၀% ကျော် တိကျမှုကိုပေးပါတယ်။

ဆိုးကျိူး - စကင်ရိုက်ပြီးနောက် ပုံရိပ်ပြုလုပ်ဖန်တီးချိန် ၁ - ၂ နာရီဝန်းကျင် ကြာမြင့်ပါတယ်။ လူနာသည် ပုံမှန်နှလုံးခုန်နှုန်းရှိရမည်ဖြစ်ကာ စကင်တစ်ခုခြင်းစီအတွက် ၁၀ စက္ကန့်ခန့် အသက်အောင့် ရမှာဖြစ်ပါတယ်။ နောက်ပေါ် စီတီစက်အသစ်များတွင် ထိုလိုအပ်ချက်များ မရှိတော့ပါ။

 

MDCT ရိုက်သင့်သောလုူနာများမှာ -

၁။ နှလုံးသွေးကြောကျဉ်းစေမည့် အောက်ပါအကြောင်းခံများရှိသည့် လူနာများကတော့ အဆီများခြင်း ၊ ဆီးချိုရောဂါ ၊ သွေးတိုးရောဂါ ၊ ဆေးလိပ်အလွန်အကျွံသောက်ခြင်း ၊ မိသားစုဝင်များထဲတွင် နှလုံးသွေးကြောကျဉ်းရောဂါ ရာဇဝင်ရှိသူ တို့ဖြစ်ပါတယ်။

၂။ နှလုံးသွေးကြောကျဉ်းရောဂါရှိသည်ဟု သံသယရှိသည့် လူနာများကတော့ ရင်ဘတ်အောင့်ခြင်း ၊ အီးစီဂျီ သို့မဟုတ် ပြေးစက်ပေါ်တွင်ပြေးပြီး နှလုံးစစ်ဆေးရာတွင် နှလုံးပုံမှန်မဟုတ်ခြင်းကို တိကျစွာမဖော်ပြနိုင်ခြင်း။

 

၃။ ဘော်လုံးဖြင့် နှလုံးသွေးကြောချဲ့ခြင်း သို့မဟုတ် စတန့်ထည့်၍ နှလုံးသွေးကြောချဲ့ခြင်း သို့မဟုတ် နှလုံးသွေးကြောဖြတ်ဆက်ခြင်း စသည့်ကုသမှုများကို ခံယူခဲ့ပြီး ရှေ့ဆက်လက်ကုသမှုများအတွက် အခြေအနေကို ပြန်လည်စစ်ဆေးရန် လိုအပ်သောလူနာများ။

ဤစစ်ဆေးမှုအတွက် ပြင်ဆင်ခြင်းသည် အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများကို စီတီစကင်ရိုက်ရာ၌ ပြင်ဆင်ခြင်းနှင့် ဆင်တူပါတယ်။ စစ်ဆေးမှုမစမီ ၄ နာရီအလိုမှစ၍ သောက်ရေမှလွဲပြီး မည်သည့်အရာကိုမျှ မစားသောက်ရပါ။ စစ်ဆေးမှုမတိုင်ခင် လက်ဖက်ရည်၊ ကော်ဖီနှင့်အချိုရည်များ သို့မဟုတ် နှလုံးခုန်နှုန်းမြန်စေသည့်ဆေးများ စသည်တို့ကို မသောက်ရပါ။

 

MDCT ရိုက်ခြင်းနှင့် ကြားခံဆေးရည်ကို သွေးပြန်ကြောမှတဆင့် ထိုးသွင်းခြင်းပြုလုပ်ရန် မသင့်တော်သူများ

စစ်ဆေးနေစဉ်တွင် လူနာသည် ဓာတ်ရောင်ခြည်ဖြင့် ထိတွေ့ရသည့်အတွက် ကိုယ်ဝန်ရှိသူများ သို့မဟုတ် ကိုယ်ဝန်ရှိနိုင်သည်ဟု သံသယရှိသူများသည် ဤစစ်ဆေးမှုကို မပြုလုပ်သင့်ပါ။ စစ်ဆေးမှုတွင် ကြားခံဆေးရည်ကို လူနာ၏သွေးပြန်ကြောတွင် ထိုးသွင်းရန် လိုအပ်ပါသည်။ ထို့အတွက် အောက်ဖော်ပြပါရောဂါများ သို့မဟုတ် လက္ခဏာများရှိသည့် လူနာများအတွက် ဤစစ်ဆေးမှုကိုပြုလုပ်ရန် အကြံမပေးပါ။ ထိုလူနာများက ထိုဆေးရည်ဖြင့် ဓာတ်မတည့်မှု ပြင်းထန်စွာဖြစ်ပွားနိုင်ခြင်း သို့မဟုတ် ပြင်းထန်သော ကျောက်ကပ် လုပ်ဆောင်မှုကျဆင်းခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

 

ပြင်းထန်သောရင်ကျပ်ပန်းနာရှိခြင်း ၊ ခရီတီနင်းဓာတ် မြင့်တက်နေသော သို့မဟုတ် နာတာရှည် ကျောက်ကပ်လုပ်ဆောင်မှုကျဆင်းနေသည့် ကျောက်ကပ်ရောဂါရှိခြင်း ၊ ပင်လယ်စာ သို့မဟုတ် ဓာတ်မှန်ရိုက်ရာတွင်သုံးသော ကြားခံဆေးရည်တို့နှင့် ပြင်းထန်စွာ ဓာတ်မတည့်မှု ဖြစ်ပွားဖူးသည့် ရာဇဝင်ရှိခြင်း စတဲ့လူနာများ မပြုလုပ်သင့်ပါ။ ဒါပေမယ့် ထိုလူနာများ MDCT ပြုလုပ်ရန် လိုအပ်ပါက ကြိုတင်အကြောင်းကြားရန် လိုအပ်ပါတယ်။

 

အန္တရာယ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများ

၁။ ကြားခံဆေးရည်၏ ဘေးထွက်ဆိုးကျိုးများသည် အဖုအပိန့်အနီကွက်ထခြင်း၊ အင်ပြင်ယားနာများထွက်ခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများအနေဖြင့် အချို့လူနာများတွင် ပြတတ်ပါသည်။ သို့သော် ဖြစ်နိုင်ခြေနည်းပါးပါသည်။

၂။ ဓာတ်ရောင်ခြည်ထိတွေ့မှုပမာဏ - လူနာတစ်ဦးစီအတွက် သင့်တော်သော၊ ဘေးကင်းစိတ်အချရဆုံးသော ဓာတ်ရောင်ခြည်ပမာဏကို ဂရုတစိုက်ပေးပါသည်။ ဤစစ်ဆေးမှုမှ ထိတွေ့ရသည့် ဓာတ်ရောင်ခြည်ပမာဏသည် ၆-၁၃ mSv ကြားတွင်ရှိပြီး အဆိုပါပမာဏသည် ၂ နှစ် သို့မဟုတ် ၃ နှစ်တာ ကာလတစ်လျှောက် ကျွန်ုပ်တို့ထိတွေ့နိုင်သည့် သဘာဝဓာတ်ရောင်ခြည်ပမာဏနှင့်တူညီပါသည်။

 

စစ်ဆေးပြီးနောက်

၁။ ရေများများသောက်ပါ။ အဘယ်ကြောင့်ဆိုသော် ကြားခံဆေးရည်သည် ဆီးမှတဆင့် စွန့်ထုတ်နိုင်သောကြောင့် ဖြစ်ပါတယ်။

၂။ လူနာတွင် အဖုအပိမ့် သို့မဟုတ် အင်ပြင်ထခြင်း စသည့်ဓာတ်မတည့်မှုများ ကြားခံဆေးရည်ထိုးသွင်းပြီး နာရီအတန်ကြာပြီးနောက် ဖြစ်ပေါ်နိုင်ပါတယ်။ သို့သော် ဖြစ်နိုင်ခြေနည်းပါးသည်။ ထို လက္ခဏာများဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ခြင်းပြသဖို့ လိုအပ်ပါတယ်။

Read times Last modified on Saturday, 14 March 2020 10:16
Rate this item
(0 votes)