What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 October 2019 17:39

ၾကက္သြန္ ႏွင့္ အေထြေထြ က်န္းမာေရး (၁၀) ခ်က္

မ်က္ရည္ က်ေစတာရယ္၊ စူးရွရွ သူ႔ရဲ႕ ရနံ႔ေတြေၾကာင့္ ရန္သူလို႔ မသတ္မွတ္လိုက္ပါနဲ႔။

ၾကက္သြန္နီက လူ႔အတြက္ မိတ္ေဆြ ေကာင္းတစ္ေယာက္ပါပဲ။ ၾကက္သြန္ဥ မွာ ခႏၶာကိုယ္ကို အက်ိဳးျပဳေစမယ့္ဓာတ္ေတြ ေပါႂကြယ္ဝစြာ ပါဝင္ၿပီး ခႏၶာကိုယ္ထဲမွ အဆိပ္အေတာက္ေတြဖယ္ရွားေပးပါတယ္။

 

ထို႔အျပင္ တျခားေသာ က်န္းမာေရး အတြက္ အေထာက္အကူ ျပဳ တာေလးေတြကိုလည္း ေဖာ္ျပေပးသြားပါမယ္။

 

(၁) ၾကက္သြန္နီ မွာ ပိုးသတ္တဲ့ ဂုဏ္သတၱိရွပါတယ္။ Bacteria ပိုးေတြကို တိုက္ထုတ္ေပးႏိုင္တဲ့ အတြက္ သင့္ကို ေရာဂါပိုးေတြဆီက ေန ကာကြယ္ေပးထားပါတယ္။ (၂) ၾကက္သြန္နီ မွာ အမွ်င္ဓာတ္၊ ပိုတက္ဆီယမ္ဓာတ္၊ ကယ္(လ္)ဆီယမ္ဓာတ္၊ ဗီတာမင္ ဘီ ႏွင့္ ဗီတာမင္ စီ တို႔ ေပါႂကြယ္ဝစြာ ပါဝင္ပါတယ္။

အဆီ ဓာတ္ ႏွင့္ ဆိုဒီယမ္ ဓာတ္ကေတာ့ အနည္းငယ္မွ်သာ ပါဝင္ပါတယ္။ (၃) ၾကက္သြန္နီ ကို ဒီေရာဂါ ေတြကိုသက္သာ ေအာင္လည္း တိုက္ေကြၽးႏိုင္ပါတယ္။ အဖ်ားတက္ျခင္း၊ အေအးမိျခင္း၊ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ယားယံျခင္း စသည္တို႔မွာ အသုံးျပဳႏိုင္ပါတယ္။ ၾကက္သြန္နီ ကို ေဖ်ာ္ၿပီး ပ်ားရည္ႏွင့္ တြဲတိုက္ေပးမယ္ဆိုရင္ ဒီေရာဂါေတြကို သက္သာေစပါတယ္။

 

(၄) ၾကက္သြန္နီ ပါးပါးေလး တစ္စိပ္လွီးၿပီး နဖူးေပၚမွာ တင္ထားမယ္ဆိုရင္ အဖ်ားေၾကာင့္ျဖစ္လာမယ့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကိုလည္း ကာကြယ္ေပးႏိုင္မွာ ျဖစ္ပါတယ္။ (၅) ၾကက္သြန္နီ ကို တစ္ေႏွ႔လွ်င္ ေသးသးေလး တစ္စိပ္စားေပးပါက အိပ္မေပ်ာ္ျခင္း ႏွင့္ အျခားေသာ အိပ္စက္ျခင္း ဆိုင္ရာ ေရာဂါေတြကို သက္သာေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။

 

(၆) ႏွာေခါင္းေသးလွ်ံတက္တဲ့ လူေတြ အေနနဲ႔လည္း ၾကက္သြန္နီ ကို ရႈေပးပါက သက္သာေစပါတယ္။ (၇) အစာေခ်ဖ်က္ျခင္း ေတြကိုလည္း ကူညီေပးပါတယ္။ သင့္မွာ အစာမေက်တဲ့ ေရာဂါရွိေနမယ္ဆိုရင္ ၾကက္သြန္နီ ကို စားေပးပါ။ ၾကက္သြန္နီက အစာအိမ္ထဲမွာ ရွိတဲ့အက္ဆစ္ကို ပိုထြက္ေစတဲ့ အတြက္ အစာျမန္ျမန္ ေၾကေစပါတယ္။

 

(၈) ၾကက္သြန္နီ ကိုေဖ်ာ္ၿပီး အပူေလာင္ထားတဲ့ အေရျပား၊ ပိုးေကာင္ကိုက္ထားရတဲ့ ေနရာ၊ ပ်ားတုတ္ခံထားရတဲ့ ဒဏ္ရာေတြေပၚ ကိုလည္း ကုသေပးႏိုင္ပါတယ္။ သူ႔ကိုလိမ္းခါစ မွာ ပိုပူေလာင္ သလိုခံစားရေပမဲ့ အျမန္ဆုံးသက္သာ ေပ်ာက္ကင္းမွာ ျဖစ္ပါတယ္။ (၉) ၾကက္သြန္နီကို ကင္ဆာေရာဂါေတြ ကာကြယ္ဖို႔အတြက္လည္း သုံးႏိုင္ပါတယ္။ အဓိက အားျဖင့္ လည္ေခ်ာင္းကင္ဆာ ႏွင့္ အူမႀကီး ကင္ဆာေတြကို ကာကြယ္ေပးပါတယ္။


(၁၀) အ႐ိုးပြေရာဂါ ႏွင့္ အဆစ္အျမစ္ေယာင္ ေရာဂါေတြမွာလည္း ၾကက္သြန္နီကို ေန႔စဥ္သုံးစြဲေပးပါက သက္သာ ေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။

 

ေဒါက္တာၿဖိဳးကိုကို Professional Development Coach

{Unicode}
======


ကြက်သွန် နှင့် အထွေထွေ ကျန်းမာရေး (၁၀) ချက်

မျက်ရည် ကျစေတာရယ်၊ စူးရှရှ သူ့ရဲ့ ရနံ့တွေကြောင့် ရန်သူလို့ မသတ်မှတ်လိုက်ပါနဲ့။ ကြက်သွန်နီက လူ့အတွက် မိတ်ဆွေ ကောင်းတစ်ယောက်ပါပဲ။ ကြက်သွန်ဥ မှာ ခန္ဓာကိုယ်ကို အကျိုးပြုစေမယ့်ဓာတ်တွေ ပေါကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်တွေဖယ်ရှားပေးပါတယ်။

 

ထို့အပြင် တခြားသော ကျန်းမာရေး အတွက် အထောက်အကူ ပြု တာလေးတွေကိုလည်း ဖော်ပြပေးသွားပါမယ်။

 

(၁) ကြက်သွန်နီ မှာ ပိုးသတ်တဲ့ ဂုဏ်သတ္တိရှပါတယ်။ Bacteria ပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အတွက် သင့်ကို ရောဂါပိုးတွေဆီက နေ ကာကွယ်ပေးထားပါတယ်။ (၂) ကြက်သွန်နီ မှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ ကယ်(လ်)ဆီယမ်ဓာတ်၊ ဗီတာမင် ဘီ နှင့် ဗီတာမင် စီ တို့ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

 

အဆီ ဓာတ် နှင့် ဆိုဒီယမ် ဓာတ်ကတော့ အနည်းငယ်မျှသာ ပါဝင်ပါတယ်။ (၃) ကြက်သွန်နီ ကို ဒီရောဂါ တွေကိုသက်သာ အောင်လည်း တိုက်ကျွေးနိုင်ပါတယ်။ အဖျားတက်ခြင်း၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ယားယံခြင်း စသည်တို့မှာ အသုံးပြုနိုင်ပါတယ်။ ကြက်သွန်နီ ကို ဖျော်ပြီး ပျားရည်နှင့် တွဲတိုက်ပေးမယ်ဆိုရင် ဒီရောဂါတွေကို သက်သာစေပါတယ်။

 

(၄) ကြက်သွန်နီ ပါးပါးလေး တစ်စိပ်လှီးပြီး နဖူးပေါ်မှာ တင်ထားမယ်ဆိုရင် အဖျားကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ (၅) ကြက်သွန်နီ ကို တစ်နှေ့လျှင် သေးသးလေး တစ်စိပ်စားပေးပါက အိပ်မပျော်ခြင်း နှင့် အခြားသော အိပ်စက်ခြင်း ဆိုင်ရာ ရောဂါတွေကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

 

(၆) နှာခေါင်းသေးလျှံတက်တဲ့ လူတွေ အနေနဲ့လည်း ကြက်သွန်နီ ကို ရှုပေးပါက သက်သာစေပါတယ်။ (၇) အစာချေဖျက်ခြင်း တွေကိုလည်း ကူညီပေးပါတယ်။ သင့်မှာ အစာမကျေတဲ့ ရောဂါရှိနေမယ်ဆိုရင် ကြက်သွန်နီ ကို စားပေးပါ။ ကြက်သွန်နီက အစာအိမ်ထဲမှာ ရှိတဲ့အက်ဆစ်ကို ပိုထွက်စေတဲ့ အတွက် အစာမြန်မြန် ကြေစေပါတယ်။

 

(၈) ကြက်သွန်နီ ကိုဖျော်ပြီး အပူလောင်ထားတဲ့ အရေပြား၊ ပိုးကောင်ကိုက်ထားရတဲ့ နေရာ၊ ပျားတုတ်ခံထားရတဲ့ ဒဏ်ရာတွေပေါ် ကိုလည်း ကုသပေးနိုင်ပါတယ်။ သူ့ကိုလိမ်းခါစ မှာ ပိုပူလောင် သလိုခံစားရပေမဲ့ အမြန်ဆုံးသက်သာ ပျောက်ကင်းမှာ ဖြစ်ပါတယ်။ (၉) ကြက်သွန်နီကို ကင်ဆာရောဂါတွေ ကာကွယ်ဖို့အတွက်လည်း သုံးနိုင်ပါတယ်။ အဓိက အားဖြင့် လည်ချောင်းကင်ဆာ နှင့် အူမကြီး ကင်ဆာတွေကို ကာကွယ်ပေးပါတယ်။


(၁၀) အရိုးပွရောဂါ နှင့် အဆစ်အမြစ်ယောင် ရောဂါတွေမှာလည်း ကြက်သွန်နီကို နေ့စဉ်သုံးစွဲပေးပါက သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)