What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 27 October 2018 14:59

မွေးမြူရေးတွင် ပဋိဇီဝဆေးများ အလွန်အကျွံသုံးစွဲမှုကြောင့် လူသားများ ဆေးယဉ်ပါးလာနိုင်

ပန်ဂျပ်ပြည်နယ်တွင် ဥစားနှင့်အသားစားအတွက် မွေးမြူထား သော 

ကြက်များ၌ ပဋိဇီဝဆေးယဉ်ပါးမှုအဆင့် မြင့်မားနေကြောင်း ၎င်းတို့ စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းအသားများကို စားသုံးသူများအ တွက် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ကြောင်း သ တိပေးထားသည်။ မွေးမြူရေးလုပ်ငန်းသုံးပုံနှစ်ပုံက ကြက်များ ကြီး ထွားမှုအားကောင်းစေရန် ပဋိဇီဝဆေးများ အသုံးပြုနေသည်ဟု ပြောကြားကြောင်း သုတေသီများကပြောသည်။

ပဋိဇီဝဆေးဝါးများအသုံးပြုနေသည့် မွေးမြူရေးလုပ်ငန်းများမှ နမူနာများသည် ယင်းဆေးများသုံးစွဲခြင်းမရှိသောလုပ်ငန်းများမှ နမူနာများထက် ဆေးယဉ်ပါးမှုဖြစ်နိုင်ခြေသုံးဆပိုများကြောင်းလေ့လာတွေ့ရှိခဲ့သည်။ အသားစားကြက်မွေးသော လုပ်ငန်းများမှ ကြက်များသည် ဥစားကြက်များထက် ပို၍ဆေးယဉ်ပါးမှု ပိုများသည်။

ဆေးဝါးအများအပြား ဆေးမတိုးသောအခြေအနေ မြင့်မားစွာ ဖြစ်ပေါ်နေကြောင်းလည်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။ ယင်းဆေးဝါးများတွင် ကြက်များ ရောဂါမဖြစ်စေရန် သုံးစွဲသော ဆေးဝါးများပါဝင်သည်။

ယခုလေ့လာမှုအရ အိန္ဒိယတစ်နိုင်ငံတည်းတွင်မဟုတ်ဘဲ တစ် ကမ္ဘာလုံး၌ မွေးမြူရေးလုပ်ငန်းများတွင် ပဋိဇီဝဆေးများလွန်ကဲစွာ သုံးစွဲမှုကြောင့် လူသားများအပေါ် အန္တရာယ်ကျရောက်စေနိုင်သည်ဟု ဖော်ပြနေကြောင်း သုတေသီများကပြောသည်။ လူသားတို့၏ အစားအစာကွင်းဆက်မှ ပဋိဇီဝဆေးဝါးများကို ဖယ်ရှားပစ်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက အန္တရာယ်ကြုံနိုင်သည်။ အထူးသဖြင့် မွေးမြူရေးလုပ်ငန်းများတွင် မွေးထားသော တိရစ္ဆာန်များ ကြီးထွားမှုအားကောင်းစေရန် ပဋိဇီဝဆေးများ အသုံးပြုနေသည်။

Source:mingalarbarmorning

Read times Last modified on Saturday, 27 October 2018 15:06
Rate this item
(1 Vote)