ကျန်းမာသော အလှနဲ့ ကိုယ်အလေးချိန်ထိန်းနိုင်စေဖို့အတွက် နေ့စဉ်ဘယ်အချိန်မှာ ဘာစားသင့်လဲဆိုတဲ့ အကြောင်းအရာလေးတွေကို ပြည့်ပြည့်စုံစုံ တင်ပြပေးလိုက်ပါတယ်။
(၁) ထမင်း
ထမင်းကို နေ့လယ်တွင် များများစားတာဟာ အသင့်တော်ဆုံးပါပဲ၊ ကာဗွန်ဟိုက်ဒရိတ်ပါဝင်မှု များတယ်။တစ်နေ့တာလုံး အတွက် စွမ်းအင်တွေပေးစွမ်းနိုင်ပါတယ်။
ညဘက်မှာ များများစားမယ်ဆိုရင်တော့ ကိုယ်အလေးချိန်တတ်စေမှာပါ။
(၂) အသား
အသားကိုလည်း နေ့လယ်ထမင်းစားချိန်ပဲစားသင့်ပါတယ်။ သံဓာတ်ပါဝင်မှု များတဲ့အတွက် နုန်းချိညောင်းညာမှု ကို သက်သာစေသလို ရောဂါဝေဒနာဖြစ်နှုန်းလျော့ကျစေပါတယ်။
အသားစားပြီးရင် အစာကြေဖို့အတွက် ၄-၆ နာရီအချိန်ယူရပါတယ်။ အစာခြေလမ်းကြောင်း စနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ညဘ က်တွေမှာ စားဖို့မသင့်ပါဘူး။
(၃) လိမ္မော်သီး
လိမ္မော်ကို သရေစာအနေ့နဲ့စားပေးမယ်ဆိုရင် အစာကြေညက်စေပြီး ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပါတယ်။
နံနက်စာအနေနဲ့တော့ လုံးဝရှောင်သင့်ပါတယ်။ ဗိုက်ထဲအစာမရှိတဲ့ အချိန်စားရင် အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
(၄) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကို နံနက်စာအဖြစ်စားရင် အစာကြေညက်စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပါတယ်။
ဒါပေမဲ့ ညဘက်စားရင်တော့ ခရမ်းချဉ်သီးမှာပက်တင်နဲ့ အောက်ဇဲလစ် အက်စစ်တို့ပါဝင်သောကြောင့် အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
(၅) ဒိန်ချဉ်
ဒိန်ချဉ်ကို ညစာအဖြစ်စားရင် အစာကြေစေပါတယ်။ ညဉ့်နက်မှ ဗိုက်ဆာတတ်သူများအတွက်တော့ ဒိန်ချဉ်က အကောင်းဆုံးအစားအစာပါ။
နံနက်ပိုင်းဗိုက်ထဲအစာမရှိတဲ့အချိန်တော့ မစားသင့်ပါဘူး။ ဒိန်ချဉ်ရဲ့ အက်စစ်ဓာတ်လွန်ကဲမှုကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။
(၆) ပန်းသီး
ပန်းသီးမှာပါတဲ့ ပက်တင်ဓာတ်က သွေးတွင်းသကြားဓာတ်ကိုကျစေပြီး သွေးတွင်းကိုလက်စထရောအဆင့်ကို လျော့နည်းစေတဲ့အတွက် နံနက်ပိုင်းစာအတွက်အကောင်းဆုံးပေါ့။
သို့သော် ပန်းသီးရဲ့ ပက်တင်က ညဘက်အစာကြေဖို့ ခက်ခဲပါတယ်။ အစာအိမ်အက်ဆစ်အထွက်တိုးစေလို့ပါ။
(၇) ငှက်ပျောသီး
နေ့လည်စာ အဖြစ်ငှက်ပျောသီးကို စားပေးခြင်းသည် ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပြီး အသားအရေကို ကြည့်ကောင်းစေပါတယ်။
ညဘက်မှာစားရင်တော့ အစာကြေညက်မှုကို အဟန့်အတားဖြစ်စေပါတယ်။
(၈) အာလူး
နံနက်ပိုင်းစားရင်တော့ အသင့်တော်ဆုံးပါ။ သွေးတွင်း ကိုလက်စထရောကိုကျစေပြီး သတ္တုဓာတ်ပါဝင်မှု များစေတဲ့ အတွက်ပါ။
အာလူးဟာ အခြားအသီးအရွက်တွေထက် ကယ်လိုရီပါဝင်မှု ပိုများပါတယ်။ ဒါကြောင့် ညဘက်မှာစားရင်တော့ ကိုယ်အလေးချိန်မြင့်တတ်စေမှာပါ။
Source: Healthy life
Read: အဝလွန်သူများ ဒူးအဆစ်လွဲပြဿနာ ပိုဖြစ်နိုင်