What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 October 2019 19:15

အျမင္အာ႐ုံက ေျပာတဲ့ သင့္ရဲ႕ က်န္းမာေရး အေၾကာင္းမ်ား

 ေသြးထဲမွာ ေအာက္စီဂ်င္ မပါလာ တာလား (သို႔မဟုတ္) ေသြးက မ်က္လုံး နဲ႕ ဦးႏွောက္ကို မေရာက္နိုင္တာလား ဆိုတာ စဥ္းစားစရာပါ။

ေသြးက လိုအပ္တဲ့ ေနရာ (မ်က္လုံး နဲ႕ ဦးေႏွာက္) ကို ေရာက္ေအာင္ မသြားနိုင္တဲ့ အေျခအေန ေတြ ရွိပါတယ္။ ေသြးေၾကာပိတ္ တဲ့ေရာဂါ အေျခအေန ေတြပါ။ ဒါက အေရးႀကီးၿပီး အသက္အႏၱရာယ္ လည္း ရွိပါတယ္။ 

 

႐ုတ္တရက္ ေသြးေၾကာ ပိတ္သြားတဲ့ အတြက္ ျဖစ္တာပါ။ ေသခ်ာစြာ ေဆးကုသဖို႔ ခံယူသင့္ပါတယ္။ မဟုတ္ရင္ ေအာက္စီဂ်င္ ျပတ္လပ္မႈ ၾကာသြားတဲ့ တစ္သ်ဴးေတြက ပ်က္စီးသြားၿပီး ကုရခက္သြားနိုင္ပါတယ္။ အခန႔္မသင့္ရင္ အသက္ပါ ဆုံးရႈံးရတတ္ပါတယ္။ အျမင္အာ႐ုံ ဝါးသြားတာ ခဏေလးနဲ႕ ျပန္ေကာင္းသြားတယ္ ဆိုေပမဲ့လည္း ဒါက ေလျဖတ္နိုင္တဲ့ လကၡဏာ တစ္ရပ္ပါပဲ။ မ်က္လုံးျပဴးလာျခင္း အမ်ားအားျဖင့္ ကိုယ့္ရဲ႕ ပုံမွန္ မ်က္လုံး အ႐ြယ္အစား၊ အေနအထား အေျပာင္းအလဲ ျဖစ္ဖို႔ နည္းပါတယ္။ 

 

အခုလိုမ်ိဳး မ်က္လုံးျပဴးလာတဲ့ အေျခအေနက ေတာ့ လည္ပင္းမွာ ရွိတဲ့ (thyroid) သိုင္း႐ြိုက္ ဆိုတဲ့ ဂလင္းနဲ႕ ပတ္သတ္ပါတယ္။ Grave’s ေရာဂါ လို႔ေခၚတဲ့ သိုင္း႐ြိုက္ ဂလင္းဆိုတာ auto-immune (ခႏၶာကိုယ္ထဲက ကိုယ္ခံအားေတြက ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ျပန္တိုက္ခိုက္ျခင္း) ဆိုတဲ့ ေရာဂါ တစ္မ်ိဳးျဖစ္ပါတယ္။ 

 

ကိုယ္ခံအားေတြက လည္ပင္းမွာ ရွိတဲ့ (thyroid) သိုင္း႐ြိုက္ ဂလင္းကို တိုက္ခိုက္လာတဲ့ အတြက္ ထို (thyroid) သိုင္း႐ြိုက္ ဂလင္းက သူထုတ္ေနက် ေဟာ္မုန္းေတြ (thyroid) သိုင္း႐ြိုက္ ေဟာ္မုန္း ေတြကို ပိုမိုၿပီး ထုတ္လာလာပါတယ္။ ဂလင္း ရဲ႕ အ႐ြယ္အစားလည္း ႀကီးလာသလို ေသြးထဲမွာ ေဟာ္မုန္းေတြလည္း မ်ားလာပါတယ္။ ဒီေဟာ္မုန္းေတြက ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စဥ္ ကို ထိန္းညွိေပးထားတာ ျဖစ္ပါတယ္။ 

 

အခုခ်ိန္မွာ ေဟာ္မုန္းေတြ မ်ားလာတဲ့ အတြက္ ဇီဝျဖစ္စဥ္ တက္လာပါတယ္။ ထို႔ေၾကာင့္ ႏွလုံးခုန္ႏႈန္း ျမန္လာတာ၊ ရင္တုန္တာ၊ ေခြၽးထြက္မ်ားတာ၊ ေသြးတိုးတာ၊ စိတ္တိုတာ၊ အေမာပန္းလြယ္တာ၊ ကိုယ္အေလးခ်ိန္ က်သြားတာ၊ အပူဒဏ္ မခံနိုင္တာ၊ ဆံပင္ကြၽတ္တာ စတာေတြ ခံစားလာရ ပါတယ္။

 

 ေဒါက္တာၿဖိဳးကိုကို

{Unicode}

=======

အမြင်အာရုံက ပြောတဲ့ သင့်ရဲ့ ကျန်းမာရေး အကြောင်းများ

 

သွေးထဲမှာ အောက်စီဂျင် မပါလာ တာလား (သို့မဟုတ်) သွေးက မျက်လုံး နဲ့ ဦးနှောက်ကို မရောက်နိုင်တာလား ဆိုတာ စဉ်းစားစရာပါ။

 

သွေးက လိုအပ်တဲ့ နေရာ (မျက်လုံး နဲ့ ဦးနှောက်) ကို ရောက်အောင် မသွားနိုင်တဲ့ အခြေအနေ တွေ ရှိပါတယ်။ သွေးကြောပိတ် တဲ့ရောဂါ အခြေအနေ တွေပါ။ ဒါက အရေးကြီးပြီး အသက်အန္တရာယ် လည်း ရှိပါတယ်။ 

 

ရုတ်တရက် သွေးကြော ပိတ်သွားတဲ့ အတွက် ဖြစ်တာပါ။ သေချာစွာ ဆေးကုသဖို့ ခံယူသင့်ပါတယ်။ မဟုတ်ရင် အောက်စီဂျင် ပြတ်လပ်မှု ကြာသွားတဲ့ တစ်သျူးတွေက ပျက်စီးသွားပြီး ကုရခက်သွားနိုင်ပါတယ်။ အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးရတတ်ပါတယ်။ အမြင်အာရုံ ဝါးသွားတာ ခဏလေးနဲ့ ပြန်ကောင်းသွားတယ် ဆိုပေမဲ့လည်း ဒါက လေဖြတ်နိုင်တဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ မျက်လုံးပြူးလာခြင်း အများအားဖြင့် ကိုယ့်ရဲ့ ပုံမှန် မျက်လုံး အရွယ်အစား၊ အနေအထား အပြောင်းအလဲ ဖြစ်ဖို့ နည်းပါတယ်။ 

 

အခုလိုမျိုး မျက်လုံးပြူးလာတဲ့ အခြေအနေက တော့ လည်ပင်းမှာ ရှိတဲ့ (thyroid) သိုင်းရွိုက် ဆိုတဲ့ ဂလင်းနဲ့ ပတ်သတ်ပါတယ်။ Grave’s ရောဂါ လို့ခေါ်တဲ့ သိုင်းရွိုက် ဂလင်းဆိုတာ auto-immune (ခန္ဓာကိုယ်ထဲက ကိုယ်ခံအားတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်ခြင်း) ဆိုတဲ့ ရောဂါ တစ်မျိုးဖြစ်ပါတယ်။ 

 

ကိုယ်ခံအားတွေက လည်ပင်းမှာ ရှိတဲ့ (thyroid) သိုင်းရွိုက် ဂလင်းကို တိုက်ခိုက်လာတဲ့ အတွက် ထို (thyroid) သိုင်းရွိုက် ဂလင်းက သူထုတ်နေကျ ဟော်မုန်းတွေ (thyroid) သိုင်းရွိုက် ဟော်မုန်း တွေကို ပိုမိုပြီး ထုတ်လာလာပါတယ်။ ဂလင်း ရဲ့ အရွယ်အစားလည်း ကြီးလာသလို သွေးထဲမှာ ဟော်မုန်းတွေလည်း များလာပါတယ်။ ဒီဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် ကို ထိန်းညှိပေးထားတာ ဖြစ်ပါတယ်။ 

 

အခုချိန်မှာ ဟော်မုန်းတွေ များလာတဲ့ အတွက် ဇီဝဖြစ်စဉ် တက်လာပါတယ်။ ထို့ကြောင့် နှလုံးခုန်နှုန်း မြန်လာတာ၊ ရင်တုန်တာ၊ ချွေးထွက်များတာ၊ သွေးတိုးတာ၊ စိတ်တိုတာ၊ အမောပန်းလွယ်တာ၊ ကိုယ်အလေးချိန် ကျသွားတာ၊ အပူဒဏ် မခံနိုင်တာ၊ ဆံပင်ကျွတ်တာ စတာတွေ ခံစားလာရ ပါတယ်။

Read times
Rate this item
(0 votes)