What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 October 2019 11:47

ဝေနသူမ်ားအတြက္ အဆီက်ေစမယ့္ ၾကက္သြန္နီသုပ္

ၾကက္သြန္နီ ကို ဟင္းခ်က္နည္း မ်ိဳးစုံအတြက္ အသုံးျပဳၿပီး စားသုံးေနၾကပါတယ္။ ခ်က္ပုံနဲ႔စားပုံမ်ား မတူညီၾကသလို သူ႔ရဲ့ အက်ိဳးေပး အာနိသင္ ကလည္း ကြဲျပားၾကပါတယ္။

ယခုေဖာ္ျပေပးမည့္ နည္းေလးကေတာ့ ၾကက္သြန္နီကို အဆီက်ေဆး အျဖစ္ အစိမ္းသုပ္ စားရတဲ့ စားသုံးနည္း တစ္ခု ျဖစ္ပါတယ္။

 

(၁) ၾကက္သြန္နီကို ပါးပါးလွီး၍ ပန္းကန္ထဲ ထည့္ပါ။

(၂) သံပုရာသီး ညႇစ္ထည့္ပါ။ အနံ့ျပင္း၍ စပ္ေနေသာ ၾကက္သြန္နီကို သံပုရာသီးအခ်ဥ္ ညႇစ္ထည့္လိုက္ပါက အခ်ိဳဓါတ္သို႔ ေျပာင္းသြားေစပါသည္။

(၃) သခြါးသီး ထည့္လိုပါက (အနည္းငယ္မၽွ) ပါးပါးလွီး၍ ထည့္နိုင္ပါသည္။

 

(၄) အစပ္ႀကိဳက္ပါက င႐ုတ္သီးစိမ္း အနည္းငယ္ လွီးထည့္နိုင္ပါသည္။

(၅) ဆားအနည္းငယ္မၽွ ထည့္ေပးပါ။ ဆားမပါလၽွင္ အရသာေပါ့မည္။ ဆားမ်ားလြန္းရင္လည္း အငံေၾကာင့္ ေသြးတိုးေစပါသည္။

(၆) ၾကက္သြန္မိတ္ (သို႔မဟုတ္) ကုလားနံနံပင္တို႔ကိုလည္း အနံ့ႀကိဳက္တတ္လၽွင္ အနည္းငယ္မၽွ ထည့္နိုင္ပါသည္။

 

၎တို႔ကို နယ္ၿပီးလၽွင္ ၾကက္သြန္ခ်ဥ္သုပ္ကေလး စားလို႔ရပါၿပီ။ ဒီအတိုင္း မစားခ်င္လၽွင္ ထမင္း၊ ၾကာဇံေၾကာ္၊ ပဲပလာတာ၊ ေခါက္ဆြဲေၾကာ္ စသည့္ သူႏွင့္လိုက္ဖက္မည့္ အစားအစာမ်ားႏွင့္ တြဲဖက္၍ မၾကာခဏ စားသုံးေပးနိုင္ပါသည္။

 

ပါးစပ္မနံေအာင္

 

ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီတို႔ကို အစိမ္းစားၿပီး ပါးစပ္နံမွာ စိုးရိမ္ေနသူမ်ားအတြက္ သဘာဝနည္းလမ္းေကာင္းေလးတစ္လက္ကို ညြန္ေပးလိုက္ပါမယ္။

(၁) ၾကက္သြန္အနံ့ကိုနိုင္တာ ေျမပဲျဖစ္ပါတယ္။ ၾကက္သြန္ နီ၊ ျဖဴ တို႔ကို စားၿပီးလၽွင္ ေျမပဲဆန္ ၃ ၊ ၄ စိကိုသာ ဝါးစားပါ။ တစ္မိနစ္အတြင္း အနံ့မ်ားကို ေျမပဲက စုတ္ယူသြားမည္။

(၂) အဖန္ရည္ (လက္ဖက္ရည္ၾကမ္း) ျဖင့္ ပလုတ္က်င္းေပးပါ။

 

(၃) ႏြားနို႔တစ္ငုံျဖင့္ ပလုပ္က်င္းေပးပါ။

အရသာရွိ၍ စားေကာင္းေသာ ၾကက္သြန္နီအစိမ္းသုပ္ကို မၾကာခဏ စားသုံးျခင္းျဖင့္ ခႏၶာကိုယ္တြင္ ပိုလၽွံေနေသာ အဆီမ်ားကို ေလၽွာ့ခ်ၿပီး သြယ္လ်က်စ္လစ္ေသာ ကိုယ္ခႏၶာအလွကို ပိုင္ဆိုင္နိုင္ၾကပါေစ။

 

ေစာႏြဲ႕ေနဆိုင္ (ပူတာအို)

{unicode}

======

 

ဝနေသူများအတွက် အဆီကျစေမယ့် ကြက်သွန်နီသုပ်

 

ကြက်သွန်နီ ကို ဟင်းချက်နည်း မျိုးစုံအတွက် အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူညီကြသလို သူ့ရဲ့ အကျိုးပေး အာနိသင် ကလည်း ကွဲပြားကြပါတယ်။ ယခုဖော်ပြပေးမည့် နည်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေး အဖြစ် အစိမ်းသုပ် စားရတဲ့ စားသုံးနည်း တစ်ခု ဖြစ်ပါတယ်။

 

(၁) ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲ ထည့်ပါ။

(၂) သံပုရာသီး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ ပြောင်းသွားစေပါသည်။

(၃) သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါသည်။

 

(၄) အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ် လှီးထည့်နိုင်ပါသည်။

(၅) ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် သွေးတိုးစေပါသည်။

(၆) ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း အနံ့ကြိုက်တတ်လျှင် အနည်းငယ်မျှ ထည့်နိုင်ပါသည်။

 

၎င်းတို့ကို နယ်ပြီးလျှင် ကြက်သွန်ချဉ်သုပ်ကလေး စားလို့ရပါပြီ။ ဒီအတိုင်း မစားချင်လျှင် ထမင်း၊ ကြာဇံကြော်၊ ပဲပလာတာ၊ ခေါက်ဆွဲကြော် စသည့် သူနှင့်လိုက်ဖက်မည့် အစားအစာများနှင့် တွဲဖက်၍ မကြာခဏ စားသုံးပေးနိုင်ပါသည်။

 

ပါးစပ်မနံအောင်

ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အစိမ်းစားပြီး ပါးစပ်နံမှာ စိုးရိမ်နေသူများအတွက် သဘာဝနည်းလမ်းကောင်းလေးတစ်လက်ကို ညွန်ပေးလိုက်ပါမယ်။

(၁) ကြက်သွန်အနံ့ကိုနိုင်တာ မြေပဲဖြစ်ပါတယ်။ ကြက်သွန် နီ၊ ဖြူ တို့ကို စားပြီးလျှင် မြေပဲဆန် ၃ ၊ ၄ စိကိုသာ ဝါးစားပါ။ တစ်မိနစ်အတွင်း အနံ့များကို မြေပဲက စုတ်ယူသွားမည်။

(၂) အဖန်ရည် (လက်ဖက်ရည်ကြမ်း) ဖြင့် ပလုတ်ကျင်းပေးပါ။

 

(၃) နွားနို့တစ်ငုံဖြင့် ပလုပ်ကျင်းပေးပါ။

အရသာရှိ၍ စားကောင်းသော ကြက်သွန်နီအစိမ်းသုပ်ကို မကြာခဏ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင် ပိုလျှံနေသော အဆီများကို လျှော့ချပြီး သွယ်လျကျစ်လစ်သော ကိုယ်ခန္ဓာအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။

Read times
Rate this item
(1 Vote)