What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 October 2019 16:54

မျက်မှန်နှင့် မျက်ကပ်မှန်တို့ရဲ့ ကောင်းကျိုးဆိုးကျိုးများ

အချို့နေရာတွေမှာ မျက်မှန်ကအားသာချက်ရှိသလို အချို့နေရာတွေမှာ မျက်ကပ်မှန်ကပိုပြီးအဆင်ပြေပါတယ်။

မျက်မှန်ရော မျက်ကပ်မှန်ပါ တပ်စရာမလိုတဲ့ မျက်လုံးကိုလေဆာပစ်တဲ့ တတိယရွေးချယ်မှုတစ်ခုလည်းရှိနေပါသေးတယ်။ ဒါ့ကြောင့် မျက်မှန်နဲ့ မျက်ကပ်မှန် ဘယ်ဟာက ကိုယ့်အတွက်သင့်တော်မလဲဆိုတာကို သူတို့ရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုကြည့်ပြီး ရွေးချယ်လိုက်ရအောင်နော်။

 

မျက်မှန်ရဲ့ကောင်းကျိုးဆိုးကျိုးများ

မျက်မှန်ရဲ့အကောင်းဆုံးအားသာချက်ကတော့ ဘယ်အသက်အရွယ်၊ ဘယ်လိုလူပဲဖြစ်ဖြစ်၊ အမြင်အာရုံချို့တဲ့မှုကို မျက်မှန်တစ်လက်တပ်လိုက်ရုံနဲ့ အမြန်ဆုံးဖြေရှင်းပြီးသားဖြစ်သွားတာပါပဲ။ နောက်ပြီး သင့်ရဲ့အမြင်အာရုံအခြေအနေပေါ်မူတည်ပြီး ပါဝါအတိုးအလျှော့ပြုလုပ်နိုင်တဲ့အတွက်လည်း အဆင်ပြေတယ်လို့ ပြောရမှာပါ။

 

လူတော်တော်များများက မျက်မှန်တပ်လိုက်ရင် အူကြောင်ကြောင်ရုပ်ပေါက်ပြီး ကြည့်ရဆိုးသွားမယ်လို့ထင်ကြပါတယ်။ တကယ်တော့ မျက်မှန်ကို မလိုအပ်ဘဲနဲ့ အလှတပ်ကြတဲ့ ဂျက်ဆီကာအယ်လ်ဘာ၊ တီနာဖေး၊ အမ်မာဝက်ဆန်၊ အယ်လ်တန်ဂျွန် တို့လို နာမည်ကြီးအနုပညာရှင်တွေတောင်ရှိပါသေးတယ်။ ကိုယ်နဲ့လိုက်ဖက်မယ့် မျက်မှန်ပုံစံကိုရွေးချယ်တတ်ဖို့ပဲ လိုတာပါ။ မျက်မှန်တပ်ခြင်းရဲ့ အဓိကဆိုးကျိုးတွေကတော့ အားကစားသမားတော်တော်များများအတွက် လှုပ်ရှားရင်းကျွတ်ကျနိုင်တယ်၊ မျက်မှန်ကျိုးနိုင်တယ်၊ ထိခိုက်ဒဏ်ရာရနိုင်တယ်ဆိုတဲ့အချက်တွေပါပဲ။

 

မျက်လုံးများအားကောင်းစေတဲ့ မျက်စဉ်းဆေးရည် (V.ROHTO) ဖတ်ရှုရန် နှိပ်ပါ။

မ်က္လံုးမ်ားအားေကာင္းေစတဲ့ မ်က္စဥ္းေဆးရည္ (V.ROHTO)

 

မျက်ကပ်မှန်တပ်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများ

မျက်ကပ်မှန်တပ်ခြင်းကတော့ မျက်မှန်ကြောင့်ဖြစ်ပေါ်နိုင်တဲ့ ဆိုးကျိုးတော်တော်များများကို ဖြေရှင်းပြီးသားဖြစ်စေမှာပါ။ မျက်ကပ်မှန်တပ်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ သင့်မျက်လုံးကိုဘောင်ခတ်ထားခြင်းမရှိတဲ့အတွက် ကြည့်ရတာကျဉ်းကျုံ့နေတာမျိုးမရှိပါဘူး။ နောက်ပြီး ရုပ်များဆိုးနေမလား၊ ဝတ်ထားတဲ့အဝတ်အစားနဲ့ လိုက်ပါ့မလားဆိုတာမျိုးလည်း စိတ်ပူစရာမလိုပါဘူး။ မျက်နှာမှာ မျက်မှန်ကြီးတပ်ထားစရာမလိုတဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်ပြီး ကျွတ်ကျမှာစိတ်ပူစရာမလိုသလို မျက်မှန်ကွဲသွားလို့ နောက်တစ်လက်ထပ်လုပ်ပြီး အကုန်အကျများမယ့် ဘေးကနေလည်း ကင်းဝေးစေမှာပါ။

 

မျက်စိပါဝါကို လေဆာ နဲ့ ဖျောက်ခြင်း နည်းပညာ အကြောင်း ဖတ်ရှုရန် နှိပ်ပါ။

မ်က္စိပါဝါကို ေလဆာ နဲ႔ ေဖ်ာက္ျခင္း နည္းပညာ အေၾကာင္း

မျက်ကပ်မှန်တပ်ခြင်းရဲ့ဆိုးကျိုးကတော့ မျက်ကပ်မှန်တပ်တဲ့နေရာမှာ ဂရုတစိုက်တပ်ဆင်ခြင်းမရှိရင် မျက်လုံးကိုထိခိုက်စေနိုင်ပြီး ကူးစက်ရောဂါတွေလည်း ဝင်စေနိုင်ပါတယ်။ မိုးအရမ်းရွာတဲ့အချိန်မျိုးနဲ့ ရာသီဥတုဆိုးရွားတဲ့အခါမျိုးတွေ ရေကူးတဲ့အခါတွေမှာ တပ်ဆင်လို့မရနိုင်တာကတော့ မျက်ကပ်မှန်တဲ့ အားနည်းချက်လို့ပဲဆိုရမှာဖြစ်ပါတယ်။

 

(Zawgyi)

-----------

မ်က္မွန္ႏွင့္ မ်က္ကပ္မွန္တုိ႔ရဲ႕ ေကာင္းက်ိဳးဆုိးက်ိဳးမ်ား

 

အခ်ိဳ႕ေနရာေတြမွာ မ်က္မွန္ကအားသာခ်က္ရွိသလို အခ်ိဳ႕ေနရာေတြမွာ မ်က္ကပ္မွန္ကပိုၿပီးအဆင္ေျပပါတယ္။ မ်က္မွန္ေရာ မ်က္ကပ္မွန္ပါ တပ္စရာမလိုတဲ့ မ်က္လံုးကိုေလဆာပစ္တဲ့ တတိယေရြးခ်ယ္မႈတစ္ခုလည္းရွိေနပါေသးတယ္။  ဒါ့ေၾကာင့္ မ်က္မွန္နဲ႔ မ်က္ကပ္မွန္ ဘယ္ဟာက ကုိယ့္အတြက္သင့္ေတာ္မလဲဆုိတာကုိ သူတုိ႔ရဲ႕ေကာင္းက်ိဳးဆိုးက်ိဳးေတြကုိၾကည့္ၿပီး ေရြးခ်ယ္လုိက္ရေအာင္ေနာ္။

 

မ်က္မွန္ရဲ႕ေကာင္းက်ိဳးဆိုးက်ိဳးမ်ား

မ်က္မွန္ရဲ႕အေကာင္းဆံုးအားသာခ်က္ကေတာ့ ဘယ္အသက္အရြယ္၊ ဘယ္လုိလူပဲျဖစ္ျဖစ္၊ အျမင္အာရံုခ်ိဳ႕တဲ့မႈကုိ မ်က္မွန္တစ္လက္တပ္လိုက္ရံုနဲ႔ အျမန္ဆံုးေျဖရွင္းၿပီးသားျဖစ္သြားတာပါပဲ။ ေနာက္ၿပီး သင့္ရဲ႕အျမင္အာရံုအေျခအေနေပၚမူတည္ၿပီး ပါဝါအတုိးအေလွ်ာ႔ျပဳလုပ္ႏုိင္တဲ့အတြက္လည္း အဆင္ေျပတယ္လို႔ ေျပာရမွာပါ။

 

လူေတာ္ေတာ္မ်ားမ်ားက မ်က္မွန္တပ္လုိက္ရင္ အူေၾကာင္ေၾကာင္ရုပ္ေပါက္ၿပီး ၾကည့္ရဆိုးသြားမယ္လို႔ထင္ၾကပါတယ္။ တကယ္ေတာ့ မ်က္မွန္ကုိ မလုိအပ္ဘဲနဲ႔ အလွတပ္ၾကတဲ့ ဂ်က္ဆီကာအယ္လ္ဘာ၊ တီနာေဖး၊ အမ္မာဝက္ဆန္၊ အယ္လ္တန္ဂၽြန္ တုိ႔လို နာမည္ႀကီးအႏုပညာရွင္ေတြေတာင္ရွိပါေသးတယ္။ ကုိယ္နဲ႔လိုက္ဖက္မယ့္ မ်က္မွန္ပံုစံကုိေရြးခ်ယ္တတ္ဖုိ႔ပဲ လုိတာပါ။

 

မ်က္မွန္တပ္ျခင္းရဲ႕ အဓိကဆုိးက်ိဳးေတြကေတာ့ အားကစားသမားေတာ္ေတာ္မ်ားမ်ားအတြက္ လႈပ္ရွားရင္းကၽြတ္က်ႏုိင္တယ္၊ မ်က္မွန္က်ိဳးႏုိင္တယ္၊ ထိခိုက္ဒဏ္ရာရႏုိင္တယ္ဆုိတဲ့အခ်က္ေတြပါပဲ။

မ်က္လံုးမ်ားအားေကာင္းေစတဲ့ မ်က္စဥ္းေဆးရည္ (V.ROHTO) ဖတ္ရႈရန္ ႏွိပ္ပါ။

မ်က္လံုးမ်ားအားေကာင္းေစတဲ့ မ်က္စဥ္းေဆးရည္ (V.ROHTO)

 

မ်က္ကပ္မွန္တပ္ျခင္းရဲ႕ ေကာင္းက်ိဳးဆိုးက်ိဳးမ်ား

မ်က္ကပ္မွန္တပ္ျခင္းကေတာ့ မ်က္မွန္ေၾကာင့္ျဖစ္ေပၚႏုိင္တဲ့ ဆုိးက်ိဳးေတာ္ေတာ္မ်ားမ်ားကုိ ေျဖရွင္းၿပီးသားျဖစ္ေစမွာပါ။ မ်က္ကပ္မွန္တပ္ျခင္းရဲ႕ ေကာင္းက်ိဳးေတြကေတာ့ သင့္မ်က္လံုးကိုေဘာင္ခတ္ထားျခင္းမရွိတဲ့အတြက္ ၾကည့္ရတာက်ဥ္းက်ံဳ႕ေနတာမ်ိဳးမရွိပါဘူး။ ေနာက္ၿပီး ရုပ္မ်ားဆုိးေနမလား၊ ဝတ္ထားတဲ့အဝတ္အစားနဲ႔ လိုက္ပါ့မလားဆုိတာမ်ိဳးလည္း စိတ္ပူစရာမလုိပါဘူး။

 

မ်က္ႏွာမွာ မ်က္မွန္ႀကီးတပ္ထားစရာမလုိတဲ့အတြက္ေၾကာင့္ လြတ္လြတ္လပ္လပ္လႈပ္ရွားသြားလာႏုိင္ၿပီး ကၽြတ္က်မွာစိတ္ပူစရာမလုိသလို မ်က္မွန္ကြဲသြားလို႔ ေနာက္တစ္လက္ထပ္လုပ္ၿပီး အကုန္အက်မ်ားမယ့္ ေဘးကေနလည္း ကင္းေ၀းေစမွာပါ။ မ်က္ကပ္မွန္တပ္ျခင္းရဲ႕ဆုိးက်ိဳးကေတာ့ မ်က္ကပ္မွန္တပ္တဲ့ေနရာမွာ ဂရုတစုိက္တပ္ဆင္ျခင္းမရွိရင္ မ်က္လံုးကိုထိခုိက္ေစႏုိင္ၿပီး ကူးစက္ေရာဂါေတြလည္း ဝင္ေစႏုိင္ပါတယ္။ 

မ်က္စိပါဝါကို ေလဆာ နဲ႔ ေဖ်ာက္ျခင္း နည္းပညာ အေၾကာင္း ဖတ္ရႈရန္ ႏွိပ္ပါ။

မ်က္စိပါဝါကို ေလဆာ နဲ႔ ေဖ်ာက္ျခင္း နည္းပညာ အေၾကာင္း

မိုးအရမ္းရြာတဲ့အခ်ိန္မ်ိဳးနဲ႔ ရာသီဥတုဆိုးရြားတဲ့အခါမ်ိဳးေတြ ေရကူးတဲ့အခါေတြမွာ တပ္ဆင္လို႔မရႏုိင္တာကေတာ့ မ်က္ကပ္မွန္တဲ့ အားနည္းခ်က္လို႔ပဲဆုိရမွာျဖစ္ပါတယ္။

Read times Last modified on Friday, 14 February 2020 11:08
Rate this item
(0 votes)