What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 October 2019 13:06




 


 





 


 

ဒေါက်တာဖြိုးကိုကို Professional Development Coach

 

{Unicode}
======


မျက်လုံးခြောက်တာ ကို ကာကွယ်ပေးနိုင်မယ့် အချက်များ

 

ပြောင်းလဲ လာတဲ့ လူနေမှု ဘ၀ ပုံစံတွေကြောင့် ကျနော်တို့ လူတွေရဲ့ မျက်လုံး ကျန်းမာရေး တွေလည်း ထိခိုက်လာပါတယ်။ တနေကုန် ထိုင်ကြည့်နေတဲ့ ဖန်သားပြင် တွေက ကျနော်တို့ရဲ့ မျက်လုံးတွေကို ဖိအားတွေ ပေးပါတယ်။ ထိုဖန်သားပြင် တွေက ထွက်လာတဲ့ အလင်းတန်း အပြာရောင်တွေကြောင့် လည်း ကျနော်တို့ မျက်လုံးတွေ ခြောက်သွေ့တာတွေ၊ ယောင်တာတွေ ဖြစ်တတ်ပါတယ်။

 

မျက်လုံးခြောက်တာ များလာတဲ့ အခါမှာ တော့ အနာဖြစ်လာတာ၊ အမာရွတ်ဖြစ်လာ တာတွေ ဖြစ်တတ်ပါတယ်။ အမြင်အာရုံ တွေကိုပါ ထိုခိုက်လာ စေပါတယ်။ ဒါကြောင့် ဒီလိုမျိုး မဖြစ်အောင် ကာကွယ်နိုင်ဖို့ သင့်တော်တဲ့ ဗီတာမင် တွေနဲ့ သတ္ထုဓာတ် တွေကို အားဖြည့် မှီဝဲနိုင်ပါတယ်။ မျက်လုံးကျန်းမာ ရေးကို ကောင်းမွန်လာစေဖို့ အဓိက က မျက်လုံးခြောက်တာကို အရင် ဖြေရှင်းရပါမယ်။

 

အောက်ဖော်ပြပါ အစားအစာ တွေကို အဓိက မှီဝဲသင့်ပါတယ်။ Omega-3 Fatty acid Omega 3 fatty acid က မှီဝဲခြင်းဖြင့် မျက်လုံးမှာ ယားတာ၊ စူးတာ စတဲ့ မျက်လုံးခြောက်ခြင်းရဲ့ လက္ခဏာ တွေကို ပျောက်ကင်းစေပါတယ်။ အထူးသဖြင့် Omega 3 သည် မျက်ခွံ သို့မဟုတ် သင့်ရဲ့ မျက်လုံးမှာ ယောင်နေတာ တွေကို ကျစေပါတယ်။

 

ထို့အပြင် မျက်ရည် ထွက်တာကို လည်း ကောင်းမွန်လာစေတဲ့ အတွက် မျက်လုံး ခြောက်မှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ Omega 3 ကြွယ်ဝတဲ့ အစားအစာတွေ ကို စားသုံးပေးခြင့် သင့်မျက်လုံးထဲ မှာရှိတဲ့ အဆီထွက်စေတဲ့ ဂလင်းတွေကို အားဖြည့်စေပါတယ်။

နို့အုံရောင်ရမ်းနာ (Mastitis) ဖတ်ရှုရန် နှိပ်ပါ။


ဒီအဆီတွေက သင့်မျက်လုံးကို အလွယ်တကူ ခြောက်သွေ့ စေခြင်းမှ ကာကွယ် စေပါတယ်။ Omega 3 ပါဝင်မှု အများဆုံး ဖြစ်တဲ့ အစားအစာ ကတော့ ငါးဖြစ်ပါတယ်။ ငါးကြင်းလိုမျိုး အဆီများတဲ့ ငါးတွေမှာ ပါတဲ့ Omega 3 ကတော့ မျက်လုံး အတွက် အကောင်းဆုံး သော အားဆေး ပဲ ဖြစ်ပါတယ်။ တစ်ပါတ် ကို အနည်းဆုံး ၂ကြိမ် လောက် ဒါမျိုး အဆီဓာတ် ပါတဲ့ အားဆေး သို့မဟုတ် အစားအစာကို စားပေးသင့်ပါတယ်။

Read times
Rate this item
(0 votes)